သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, October 31, 2025

October (2018) လောကကြီးကိုအရွဲ့တိုက်နေတဲ့ လူငယ်တယောက်ရဲ့ အလေးအနက်ထားရာ (ဇာတ်ကား🖊 တွေး၊ညွှန်း)


October (2018) လောကကြီးကိုအရွဲ့တိုက်နေတဲ့ လူငယ်တယောက်ရဲ့ အလေးအနက်ထားရာ (ဇာတ်ကား🖊 တွေး၊ညွှန်း)  

ပိုစတာကြည့်ပြီး အချစ်ကားလေးလို့ထင်မြင်မိရင်မှားသွားပါလိမ့်မယ် 


ဒီကားက အရှုံးသမား လူငယ်တယောက်ကိုတည်ထားတာ

တိတိကျကျထပ်ပြောရရင် 

လောကကြီးကိုအရွဲ့တိုက်ချင်နေတဲ့ 

အရာရာကိုအလွယ်တကူဒေါသနဲ့တုံ့ပြန်တတ်တဲ့

ဘာကိုမှအလေးအနက်မထားတတ်တဲ့ 


ပတ်ဝန်းကျင် မိသားစု လုပ်ငန်းခွင် သူငယ်ချင်း ဘယ်အရာနဲ့မှသဟဇာတဖြစ်အောင် အဆင်ပြေအောင် မနေထိုင်တတ်တဲ့ စိတ်ပျက်စရာကောင်တကောင်


ဒီလိုလူက အများအတွက်ဘာမှမဟုတ်တဲ့ ပြောစကားလေးတခွန်းကို လေးလေးနက်နက် ခံစားအလေးထားနေပြန်ရော 

ဒါကိုက စိတ်ညစ်စရာစိတ်ပျက်စရာများစွာနဲ့ စတင်ခဲ့တဲ့ ဒီကားလေးရဲ့အလှတရားပါပဲ


ပြောသူက လုပ်ဖော်ကိုင်ဖက်မိန်းကလေးတယောက်

အခြေအနေက တိုက်ပေါ်ပြုတ်ကျလို့ ကိုမာမဖြစ်ခင်နောက်ဆုံးအချိန်လေးမှာ


ပြောတဲ့စကားက "သူ့ကိုကောမတွေ့ပါလားတဲ့"

Director : Shoojit Sircar

Starring : Banita Sandhu

                 Varun Dhawan

ကြည့်ရန်

https://t.me/kolayinde1/446


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ
 


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး