သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, October 14, 2025

Dono (2023) ဇာတ်ကားတွေးညွှန်း


တက်သုတ်ရိုက် လှန်လိုက်သင့်သောစာမျက်နှာများ
တကယ်လို့ သတိရရင်တရက်ပဲငိုပေါ့
Dono (2023)
https://t.me/kolayinde1/310
ငယ်ချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာပွဲကို မောင်ကိုယ်တိုင်လာရောက်ပါလို့ ဖိတ်စာကြည်ပြာလေး ပို့လိုက်တာမဟုတ်ဘဲ ခေတ်အခါအရ ဖုန်းလှမ်းဆက်လိုက်တယ်ပေါ့ဗျာ 

ပြောမယ်သာပြောတာပါ ငယ်ချစ်ဟောင်းရယ်လို့လည်းမဟုတ်ပါဘူး ဟိုကသိတောင်သိတယ်ရယ်မဟုတ်ဘူး တဖက်သတ်မှ လုံးဝတဖက်သတ်စစ်စစ်ကြီး

ဒီလိုနဲ့ပွဲတက်ဖို့ ထိုင်းနိုင်ငံလာခဲ့တယ်ပေါ့

ရုတ်တရက်ကြည့်ရင်တော့ဇာတ်ကားလေးက ဒီလောက်ပါပဲ ပေါ့ပေါ့ပါးပါးနဲ့ ကော်ဖီတခွက်နဲ့ကျိုက်ရုံသက်သက် အပျင်းဖြေအပျော်ကြည့်ရုံလောက်သာလို့ ယူဆစရာ

သရုပ်ဆောင်တွေကလည်း မျက်နှာသစ်တွေဖြစ်ပုံရတယ် ရုပ်ရည်ကထူးခြားလှတယ်မဟုတ်ပေမယ့် သရုပ်ဆောင်မှုတွေက အသက်ပါသလို အပိုအလိုမရှိ ဇာတ်နဲ့ကွက်တိ

ထားတော့ 

ဇာတ်လမ်းလေးပြန်ကောက်ရရင် ဆယ်နှစ်ကျော်လောက် တဖက်သတ်မျှော်လင့်ရင်း စာမျက်နှာအဟောင်းကိုပဲ ထပ်ဖန်တလဲလဲဖတ်နေသူအလား ဒီထဲမှာပဲ တဝဲဝဲလည်လို့ 

မိဘ သူငယ်ချင်းအပေါင်းအသင်း ပတ်ဝန်းကျင်မှာ သနားစရာလိုလို ကျရှုံးနေသူလိုလို ရှုမြင်ခံရရင်း နိမ့်ကျတဲ့စိတ်က ဘဝကိုသာမက ကိုယ့်ကိုယ်ကိုပါ နှိမ့်ချလို့
ကိုယ့်ဘဝ ကိုယ့်ရုပ်ရည် ကိုယ့်ဖြစ်တည်မှု ဘာကိုမှအလိုမကျဖြစ်နေတဲ့ အရှုံးသမားစစ်စစ်တယောက်

ဒီပွဲမှာ သူ့လိုလူနောက်တယောက်ရှိတယ်

ဘဝလက်တွဲဖော်အဖြစ်ရည်မှန်းထားသူရဲ့ ဂရုစိုက်ရာထက်ပိုလွန်ပြီး အမိန့်ပေးစိုးမိုးလို့ ဘဝ အတွေးအမြင် ခံစားချက်တွေကိုပါ ချုပ်ကိုင်ရင်း ပုံစံခွက်အတွင်း ဇွတ်အတင်းသွပ်သွင်းမှုကြောင့် အလွန်အမင်းမွန်းကြပ်လာသည့်အဆုံး လမ်းခွဲလာတဲ့ ကောင်မလေးတယောက်

သူတို့နှစ်ဦးမှာတူညီတာက 
ကိုယ့်ကိုယ်ကို လေးစားမှု ယုံကြည်မှုနိမ့်ကျလာခြင်းပဲ ‌

တယောက်ကတော့ ကိုယ့်ကိုယ်ကိုဆွဲချထားတာဖြစ်ပြီး နောက်တယောက်က ဘေးပယောဂကြောင့် နိမ့်ကျသွားတာ

ဒီသဘော ဒီခံစားချက်မျိုးခံစားလာရပြီ တွေကြုံလာပြီဆိုရင် စာမျက်နှာအဟောင်းကိုပဲ ထပ်ဖန်တလဲလဲဖတ်လို့ နာကျင်ကြေကွဲဆွေးမြေ့နေမယ့်အစား 

နောက်ထပ်အကြောင်းအရာတွေကို ခံစားတွေ့ထိဖို့ စာမျက်နှာကို တတ်နိုင်သမျှ သွက်သွက်သာလှန်လိုက်တာ အသင့်တော်ဆုံးပါပဲ 

ဆောင်းဦးလှိုင် ရဲ့သီချင်းလို 
တကယ်လို့ သတိရရင်တရက်ပဲငိုပေါ့

ရှေ့မှာပိုကောင်းတာကိုလည်း ရနိုင်သလို 
ဆိုးမယ်ဆိုရင်လည်းဘာအရေးလဲ သန်းခေါင်ထက်တော့ ပိုညဉ့်မနက်နိုင်ဘူးမဟုတ်လား

အချုပ်အနေနဲ့ အသည်းကွဲနေသူတွေနဲ့ 
ကွဲလတ္တံ့သော

ကွဲမယ့်အတူတူမထူးပါဘူး 😁
လူငယ်တိုင်းအတွက် အဖြေတစုံတရာပေးနိုင်တာမို့ 
ကြည့်ကိုကြည့်သင့်ကားပါလို့ ဆိုပါရစေ
Directed by Avnish S. Barjatya
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
သန်းထွန်းလေး ☆ အင်းတဲရွာ


 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး