။
ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ မုဆိုးနှလုံးသားဆိုတဲ့ စာအုပ်လေးကို အများစုဖတ်ဖူးကြလိမ့်မယ်ထင်တယ်
စာအုပ်အမည် မှတ်သားမထားမိရင်တောင် ကြုံတိုင်းရွာလေးရေးမြုပ်လို့ ရွာသားတွေ အိမ်ခေါင်မိုးပေါ် ကုတ်ကုတ်လေးတက်နေနေကြတာတွေ
အိမ်သာထဲမှာ ကျားကြီးတကောင်ဆောင့်ကြောင့်ကြီးထိုင်နေတဲ့ ပုံရိပ်တွေကို မြင်ဖူး သတိထားဖူးမယ်ထင်တယ်
အဲ့သည်မှာ နောက်ဆုံး ရွာထဲမှာ တောရိုင်းတိရစ္ဆာန်တွေများလွန်းလို့ တကောင်ချင်းစီလိုက်ပစ်မနေတော့ဘဲ တောခြောက်လွှတ်ဖို့ ကြံတာကိုး
ဒီမှာ တောကောင်တို့ရဲ့စရိုက်သဘာဝကို ပိုပြီးကျွမ်းကျင်တဲ့ ဦးတွတ်ပီ'ကို သူကြီးဘစီ'ကိုယ်တိုင်က ဆရာတင်လို့ လုပ်ပိုင်ခွင့်အပြည့်ပေးခဲ့တယ်
အောင်မြင်ပါတယ်
သူကြီးကိုယ်တိုင်ကော ရွာသားတွေကပါ ချီးမွန်းထောပဏာပြုနေခိုက်မှာ အတီး'တယောက် ငိုကြီးချက်မနဲ့ ပြေးထွက်လာတာမြင်တော့ ဝိုင်းမေးကြရာ တောခြောက်သံကြောင့် သူ့ဝက်တွေပါလန့်ပြီး တောထဲလိုက်ပြေးသွားသတဲ့
ဒီတော့မှ သူကြီးဘစီ'က ဦးတွတ်ပီ'ကို ကောပါတော့တယ်
တောခြောက်ရင် တောရိုင်းတိရစ္ဆာန်တွေသာမက ဒီလို အိမ်မွေးတိရစ္ဆာန်တွေပါလိုက်ပြေးနိုင်တာကြိုမသိဘူးလား
တောမခြောက်ခင် ခြံခတ်တုတ်နှောင်ဖို့ ဘာကြောင့်သတိမရသလဲ အသိမပေးရသလဲပေါ့
ဇာတ်သဘောအရသာ အတီး'တယောက်တည်းပြပေမယ့် အခြားအိမ်မွေး တိရစ္ဆာန်ဘယ်လောက်များများ တောထဲလိုက်ပါထွက်ပြေးလို့ ဆုံးရှုံးသွားလဲမသိနိုင်ဘူး
ကဲဘယ်လိုလုပ်ကြမလဲ ...?
စေတနာကောင်းရှိတယ်
ပြုနည်းမှန်တယ်
အကျိုးရလဒ်လည်းကောင်းတယ်
ဒါပေမယ့် သတိချွတ်ချော်မှုက စင်းလုံးချော ရလဒ်ကောင်းထွက်လာနိုင်တာကနေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးလိုက်ရတာ အနည်းအကျဉ်းရှိသွားတယ်
တကယ်လို့ ဆရာတွတ်'သာ ကြိုတင်သတိပေးခဲ့မယ်ဆိုရင် အဲ့ဒီဆုံးရှုံးမှုက ရှိမှမလာနိုင်ဘဲကိုး
ဒီသုံးသပ်မှုလေးက အမှန်အမှားပြဿနာမဟုတ်ဘဲ
ကောင်းတာကို ပိုကောင်းစေဖို့ပါ
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment