စိန်လည်ဆွဲ
။
။
ဒီဝတ္ထုတိုလေးက ကိုယ်ဖတ်ခဲ့သိခဲ့တာကြာပြီ
ဘယ်အချိန် ဘယ်နေရာမှာ ဖတ်ဖူးခဲ့လည်းတော့မမှတ်မိတော့ဘူး
သေချာတာတော့ မကြိုက်ဘူးဆိုတာပဲ
ဇာတ်သိမ်းကလည်း ကိုးရိုးကားယားကြီးကိုး
။
။
နွမ်းပါးသူအမျိုးသမီးတဦး ပွဲတက်ဖို့ လည်ဆွဲရတနာတခု သူငယ်ချင်းသူဌေးမတဦးဆီကငှားတယ်
ဟိုကလည်းငှားလိုက်ပါတယ်
ဒါပေမယ့် အဲ့ဒီလည်ဆွဲလေးကျပြောက်သွားတယ်
ဒီတော့ သူငယ်ချင်းမရိပ်မိအောင် အဲ့ဒီလည်ဆွဲနဲ့ ထပ်တူတခုရှာဝယ်ပြီး အစားပြန်ပေးလိုက်တယ်
ထိုအစားပြန်ဝယ်ပေးတဲ့ လည်ဆွဲတန်ဖိုးအတွက် ချေးငှားထားတာမို့ နှစ်အတော်ကြာအောင်ပြန်ဆပ်နိုင်ဖို့ လုံးပမ်းခဲ့ရတယ်
ဒီလိုနဲ့ အကြွေးနွံတွေကနေရုန်းထွက်လာနိုင်ပြီးတနေ့မှာ
အမှတ်မထင်သူငယ်ချင်းမနဲ့ ပြန်တွေ့တယ်
အကြွေးဆပ်နိုင်ဖို့ ကိုယ်စိတ်ပင်ပမ်းကြီးစွာ ရှာဖွေခဲ့ရတာမို့ ရုပ်ရည်အတော်ကျသွားတဲ့သူကို သူငယ်ချင်းကမမှတ်မိဘူး
သူကပြောပြနှုတ်ဆက်မှသိတော့တယ်
ပြီးတော့စကားစပ်မိရာက လည်ဆွဲပြောက်လို့အစားဝယ်ပေးလိုက်ပုံကို တဆက်တည်းအပြောမှာ
သူငယ်ချင်းမက အံ့ဩတကြီးနဲ့
ဟယ် ဟုတ်လား ငါနင့်ကိုငှားလိုက်တာ အတုကြီးလေ'တဲ့
သူငယ်ချင်းမရဲ့ ဒီပြောစကားနဲ့ပဲ ဇာတ်သိမ်းထားပါတယ်
။
။
ပြင်သစ်စာရေးဆရာ မော်ပါဆွန်း (Guy De Maupassant)
ရေးသားခဲ့တဲ့ The Diamond Necklace လို့အမည်ရတဲ့ ဒီဝတ္ထုတိုလေးက ကမ္ဘာကျော်ပါတယ်
သုံးသပ်မှုအမျိုးမျိုးရှုမြင်ပုံအမျိုးမျိုးနဲ့ ကာလဒေသမခြားပဲကမ္ဘာ့အနှံ့ကခံစားသူတွေရဲ့နှလုံးဆိုင်ကို ဆုပ်ယူဖမ်းညှစ်လိုက်သလို အနေရခက်ကြီးဖြစ်သွားတယ်လို့လည်း ဆရာနန္ဒသိန်းဇံ'က ဗုဒ္ဓဓမ္မဖက်ကနေ ခံစားပြထားတယ်
အစစ်အမှန်မဟုတ်တာကို လုံလောက်တဲ့အသိပညာမရှိတော့ မသိ ဒီတော့ ဒီလိုတကယ်တန်ဖိုးရှိတာမဟုတ်တဲ့အရာအတွက် လုံးပမ်းအားထုတ်ရင်း ပင်ပန်းကြရတာတွေ
ဘဝဆုံးကြရတာတွေ
ဆုံးခဲ့ရတာတွေ
ထာဝစဉ်စိုးပိုင်လို့ရတာမဟုတ်တဲ့ တဒင်္ဂစိတ်သာယာစရာလေးတွေနောက်လိုက်မိလို့ ကာလများစွာ ပေးစပ်ရတာတွေ သက်ဆုံးတိုင်လူတောမတိုးတော့တာတွေ
ထိုအမျိုးသမီးက တခါတခါစဉ်းစားနေမိတတ်တယ်တဲ့ တကယ်လို့ ငါသာလည်ဆွဲငှားမဝတ်ခဲ့ရင် ဆိုပြီးပေါ့
ကျွန်တော်တို့တွေမှာလည်း ငါမလုပ်ခဲ့ရင် ငါမပြောခဲ့ရင်ဆိုပြီး နောင်တတဖန်ဖြစ်ရတဲ့ ကိစ္စတွေ ဘယ်လောက်များများရှိနေကြမလဲ .....
သေသေချာချာပြန်တွေးမိလို့ အတုအယောင်တွေနောက်ကောက်ကောက်ပါအောင်လိုက်လို့ ပင်ပန်းခဲ့ရတာတွေများ မြင်သိမိရင်
ဇာတ်သိမ်းအတိုင်း ဟိုက်ခနဲ့ဖြစ်သွားမလား
ဟာတာတာကြီးဖြစ်နေလေမလား...
ဒါကိုက ဒီဝတ္ထုတိုလေးဇာတ်သိမ်းပိုင်းရဲ့ အလှတရားပါလို့ ဆရာနန္ဒသိန်းဇံ'က ဆိုထားပါတယ်
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment