။
ဒီဆံပင်ဆင်ယင်ပုံလေးကို
ဘယ်အချိန်က စမြင်ခဲ့လဲကိုယ်မသိဘူး
ဒါပေမယ့် သတိထားမိချိန်မှာ အတော်လေးကို စွဲလန်းမိနေပြီ
ဘယ်လောက်တောင်လည်းဆိုရင် ဒီပုံစံလေးပြင်ဆင်ထားတာတွေ့ရင် ထိုင်နေချိန်မျိုးဆိုရင် အတော်ကြာအောင်ငေးကြည့်မိတတ်သလို
သွားရင်းလာရင်းဆိုရင်လည်း
ထပ်ဖန်လည်ပြန်ကြည့်မိသည်ချည်း
မျက်နှာချင်းဆိုင်လာသည်ဆိုပါစို့ မျက်နှာပြင်ရဲ့ ပကတိအလှတရားကို ဘာဖုံးကွယ်မှုမှမရှိဘဲ မြင်ရမယ်
ဘေးနားကပ်ရင်ဘောင်တန်းချိန်မှာ နားသယ်က ဆံနွယ်လေးတွေရှင်းလင်းနေလို့ စိမ်းဖန့်ဖန့်အသားအရေလေးက ဆံနုအောက်ကနေ ရေးရေးလေးညှို့ယူနေမယ်
ပြီးတော့ နားရွက်အပေါ်ကနေ ဝိုက်တက်လို့ အောက်ကိုဆင်းကျမလာဘဲ အလယ်ကဆံသားတွေကိုကျော်လွန်လို့ တဖက်ကအလားတူ ဆံသားအစုနဲ့ သွားရောက်သွယ်တန်းလို့ အလယ်ဆံသားများအပေါ်ကနေ အချင်းချင်းရောယှက်လို့ အောက်ကိုဆင်းသွားကြတာကိုး
ဒီထုံးဖွဲ့မှုရဲ့အကျိုးက
ခေါင်းကိုငဲ့သည်ဖြစ်စေ
စောင်းသည်ဖြစ်စေ
လှုပ်ရမ်းသည်ဖြစ်စေ ဆံသားတွေက ပြန့်ကျဲကျတာမျိုး ရှုပ်ထွေးသွားစေတာမျိုးမဖြစ်စေဘူး
ဘေးနှစ်ဖက်က စည်းသပ်လိုက်သလို
ထိမ်းသိမ်းလိုက်သလိုဖြစ်သွားတာကို
အာနန္ဒီ (Anandhi) ကိုတော့ ဒီစတိုင်ကိုအဆင့်မြှင့်လို့ ဘေးဆံသားတွေကို လိပ်ပြီး ကျစ်ဆံမြှီးထိုးပြီး တဖက်ကအလားတူအရာနဲ့ ရောယှက်စေတဲ့ပုံစံလေးနဲ့ မြင်ရတတ်တယ်
အမြင်ပိုလှသွားတယ်ဆိုတာလက်ခံပါတယ်
ဒါပေမယ့် ဒီလိုဆင်ယင်ထုံးဖွဲ့ဖို့ကျ ပညာရှင်လိုတယ်
ဒါမှမဟုတ် အချိန်ယူရတယ်
ကိုယ်တော့ဖြင့် ရှင်းလင်းပြီး အလွယ်တကူရှိလှတဲ့ မူလဆင်ယင်မှုလေးလောက် မကြိုက်ဘူး
အချိန် ငွေတို့ အကူအညီယူပြီး
အထူးတလည်ပြင်ဆင်နေရတာကိုး
အက်ရှ်ဝါရီယာ လပ်ခ်ျမီး (aishwarya lekshmi)
ကို အဲ့ပုံမျိုးလေးနဲ့ မကြာမကြာတွေရတတ်တယ်
ဒီလိုအမြဲသပ်ရပ်နေစေတဲ့ပုံစံ
စိမ်းဖန့်ဖန့်နားသယ်သားလေးတွေ
ဖုံးကွယ်လှည့်စားမှုမရှိတဲ့ ပကတိမျက်နှာကျလေးတွေက
ကိုယ့်ရဲ့ပျံ့လွင့်နေတတ်တဲ့စိတ်ကို
အာရုံတခုမှာကငြိမ်ကျသွားအောင် စွဲဆောင်တတ်လို့
သဘောကျမိတာ
နှစ်သက်မိတာ
မြတ်နိုးမိတာထင်ပါရဲ့
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:
Post a Comment