ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Sunday, September 14, 2025

ဆရာဆွေမင်း(ဓနုဖြူ) ရဲ့ ‌မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်မြေအောက်တိုင်းပြည် နဲ့ Journey to the Center of the Earth (2008)

 

ဆရာဆွေမင်း(ဓနုဖြူ) ရဲ့

‌မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်မြေအောက်တိုင်းပြည် နဲ့

Journey to the Center of the Earth (2008)

ဒီစာအုပ်နဲ့ ဒီဇာတ်ကားက တူတာတွေရှိတယ်ဗျ

ဘာလဲဆိုတော့ ကမ္ဘာကြီးရဲ့အတွင်းပိုင်းကိုသွားတာနဲ့ ဒိုင်နိုစောလို ကမ္ဘာဦးသတ္တဝါတွေပါတာပါ


ဆရာတွတ်တို့ကတော့ မြန်မာ့နည်းမာ့ဟန် တနည်း အရှေ့တိုင်းနည်းအရှေ့တိုင်းဟန်နဲ့ ရောက်ရှိသွားကြတာဖြစ်ပြီး


ဇာတ်ကားမှာတော့ မြေငလျင်စောင့်ကြည့်လေ့လာသူပညာရှင် ၊ သူ့တူနဲ့ လမ်းပြကောင်မလေးတို့ ကျောက်မီးသွေးတွင်းပြိုကျလို့ပိတ်မိရာက ကမ္ဘာ့ကြီးရဲ့အလည်ဗဟိုဆီအမှတ်မထင်ရောက်ရှိသွားတာ


အနောက်တိုင်းနည်းအနောက်တိုင်းဟန်နဲ့ရောက်သွားတယ်လို့ဆိုရမှာပေါ့ 


ထူးခြားတာက ဆရာတွတ်တို့က မြန်မာနည်းမြန်မာ့ဟန်မြန်မာ့အတွေးဆိုပေမယ့် အချိန်နာရီအခါကာလနဲ့ တည်နေရာကိုထောက်စရာမှာ တော်တော်လေးကို လက်တွေကျလှတယ်

သိပ္ပံနည်းကျလှတယ်


ဘာကြောင့်ဒိုင်နိုစောကြီးတွေ ကမ္ဘာဦးသတ္တဝါတွေရှင်ကျန်နေရလဲဆိုတာ အချက်အလက်အကိုးအကား အတော်ခိုင်မာအောင်ပြထားတာလည်းသဘောကျစရာ


ပြန်ထွက်လာကြရာမှာတော့ ဇာတ်ကားမှာ အသည်းထိတ်စရာ ကြည်နူးစရာတို့ထုံမွှန်းနေပြီး စာအုပ်မှာတော့ ဝမ်းနည်းဖွယ်ဖြစ်ရပ်နဲ့အဆုံးသတ်ခဲ့ပါတယ်

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး