ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Sunday, September 14, 2025

ပျားရဲ့အားမာန်

 

ပျားရဲ့အားမာန်အကြောင်းရေးထားတဲ့

စာစုလေးတခုဖတ်ခဲ့ဖူးတယ်


သူ့ရဲတောင်ပံဟာ သူ့ခန္ဓာကိုယ်နဲ့စာရင် အင်မတန်သေးငယ်လွန်းပြီး နိယာမသဘောတရားအရ ပျံသန်းနိုင်ဖို့ရာ လုံးဝမဖြစ်နိုင်ဘူးလို့ဆိုတယ်


ဒါဆိုရင်သူဘာလို့ပျံသန်းနိုင်လဲဆိုတော့ 

စိတ်ဆန္ဒကြောင့်ပါတဲ့


ကျွန်တော်တို့ရွတ်နေကျ ပဋ္ဌာန်းတရားထဲက အဓိပတိပစ္စယောအတိုင်းပေါ့ 

ဆန္ဒာ

စိတ္တာ

ဝီရိယ

ဝီမံသ တဲ့


အဓိပတိဆိုတာက အကြီးအမှူးပြုတာပါ 

သဘောက ရည်ရွယ်ရာအပေါ် ဒီစိတ်တွေကြီးစိုးရင်အောင်မြင်နိုင်တယ် ဆန္ဒရှိရာကိုရရှိနိုင်ပါတယ်


ပျားလေးက သူ့ခန္ဓာနဲ့ယှဉ်ရင် အင်မတန်သေးငယ်တဲ့တောင်ပံပဲရှိလင့်ကစား 


စိတ်ဆန္ဒထက်သန်လို့ ပြင်းထန်တဲ့ဝီရိယနဲ့ ဝီမံသဆိုတဲ့ စမ်းစစ်သုံးသပ် အဖန်ဖန်အထပ်ထပ်ပြုကျင့်လုပ်ဆောင်ရာက လေမှာပျံဝဲနေနိုင်ခြင်းရယ်ပါ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး