ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Tuesday, September 9, 2025

ဆရာအကြည်တော်'ပြောတဲ့ အကြွေးဒဿန


 ဆရာအကြည်တော်'ပြောတဲ့ အကြွေးဒဿန

...

ဆရာကြည်ရေးခဲ့ဖူးတဲ့ အကြွေးနဲ့ပတ်သက်တဲ့အတွေးလေးကလည်း သဘောကျစရာ


ဘယ်လိုလဲဆိုတော့


ငါချေးတုံးက ငါကမင်းအရိပ်အခြေကိုကြည့်လို့ စိတ်လက်ကြည်သာရှိချိန် ရနိုင်မယ်ထင်ချိန်ကို‌စောင့်ပြီးမှချေးတာ 


မင်းကလည်းငါ့ကို 

ကြည်ဖြူလို့ ကျေနပ်လို့ ချေးတာမဟုတ်လား


နှစ်ဦးကျေနပ်လို့ပြုခဲ့တဲ့ကိစ္စကို မင်းကခုလိုဘီလူးဆိုင်းတီးတောင်းတော့ ငါကဘယ်ပေးချင်ပါ့မလဲ

ဘယ်ကျေနပ်နိုင်ပါ့မလဲ


ငါစိတ်လက်ကြည်သာရဲ့လား ပေးနိုင်တဲ့အခြေအနေရှိရဲ့လား ကျေကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူပေးချင်စိတ်ကောရှိရဲ့လားဆိုတာ အကဲခတ်ကြည့်အုံးမှပေါ့တဲ့ 😄


ဟုတ်သားပဲဗျ

အကျိုးအမြတ်ရလို့

ငြင်းလို့မဖြစ်လို့

ကရုဏာထားလို့

ရင်းနှီးသူမို့

လုပ်ဖော်ကိုင်ဖက်မို့

လေးစားရသူမို့ ...စသည်ဖြင့် 


မည်သို့သောအကြောင်းပြချက်နဲ့ဖြစ်ပါစေ 

ချေးမိငှားမိသည်ဆို့ပါစို့ 


အနှစ်ချုပ်ရရင် ကိုယ်ကျေနပ်လို့ ချေးတာပဲမဟုတ်လား

ပြန်စပ်ချိန်ကျ ဆရာပြောသလိုပဲ  

သူကျေနပ်ချိန်မှပြန်ရနိုင်တာမျိုးကိုး

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး