ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Monday, September 8, 2025

ပညတ်သွားရာဓါတ်သက်ပါ


 ပညတ်သွားရာဓါတ်သက်ပါ

ပညတ်ဆိုတာကတော့ လူအများက တညီတညွှတ်ထဲ သတ်မှတ်ထားတာကိုပြောတာပါ


ဥပမာ လှည်းပေါ့

အဲ့ဒီလှည်းကိုမှ ဘီးကိုကိုင်လို့ ဒါကလှည်းလားဆိုရင် မဟုတ်ဘူး 

အဲ့ဒါလှည်းဘီး


ထိုဘီးကိုမှထပ်ခွဲရင် 

ထောက် တန်းကူ သံပါတ် စသည်ဖြင့်ထပ်ကွဲပြန်ရော 

ထမ်းပိုးကိုကိုင်လို့ ဒါလှည်းလားးမေးရင် မဟုတ်ပြန်ဘူး 


စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်ရင် လှည်းဆိုတဲ့အရာကပြောက်သွားပြီး သီးခြားအရာတွေထပ်ပေါ်လာတယ်


 ဒီခွဲခြမ်းစိတ်ဖြာလိုက်ရင် မူလသဘောပြောက်သွားတာတွေကို ပညတ်လို့ခေါ်တာပါ အမှန်တကယ်တည်ရှိတာမဟုတ်ဘဲ လောကလူသားတို့ သညာထားမှတ်သားထားတာတွေပေါ့


ပရမတ်ဆိုတာကတော့ 

အမှန်တကယ်တည်ရှိတဲ့ အစစ်အမှန်တရားကိုခေါ်တာပါ


ထားပါတော့

ကမ္ဘာမှာတော့ဘယ်လိုရှိမလဲမသိပေမယ့် ကိုယ်တွေဆီမှာတော့ ပညတ်တွေရဲ့အားကို အလေးထားကြတယ် 


အထူးသဖြင့် ဗေဒင်ယတြာတွေမှာပေါ့

ပညတ်ထားတဲ့ ခေါ်ဝေါ်သုံးဆွဲတဲ့အမည်ရဲ့အဓိပ္ပါယ်အလိုက် စွမ်းအားရှိမယ်လို့လည်း ထိုဆရာတို့နဲ့ သက်ဝင်ယုံကြည်သူတို့ယူဆရကြပုံပဲ


ဥပမာ 

ဘေးဘယာတွေကျော်လွှားနိုင်အောင် ဘယာကျော်စားတာမျိုး ပေးကမ်းတာမျိုး


ကြံတိုင်းအောင်အောင် ကြံ'ဆောင်ခိုင်းတာမျိုး

ပြန်လည်ပေါင်းဖက်နိုင်အောင် မုန့်ပြန်ပေါင်းစားရတာမျိုး


သူ့ရဲ့အမည်အတိုင်း ပညတ်ထားတဲ့ဓါတ်အတိုင်း သက်ရောက်စေတယ်ဆိုတဲ့ ယုံကြည်ခြင်းမျိုးပေါ့


ရည်မှန်းရာကိုရရှိဖို့ မပင်မပန်းအချိန်မကြာစေဖို့ ဘုရားကိုပန်းကပ်လှူရာမှာ ကြာပန်းရှောင်ဆိုတာမျိုး


ဒါမျိုးတွေမေးလျှောက်တော့ ပါမောက္ခချုပ်ဆရာတော် ‌ပြန်ပြောတာလေးတောင်သတိရမိတယ် 


အဲ့ဒါဆိုရင် lotus လို့အမည်မှတ်ပြီးတင်ပေါ့တဲ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး