ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, July 12, 2025

Running Man episode 61

 

Running Man episode 61
Https://www.youtube.com/@thantunlayinde 
.
၆၁ 
တရုတ်ခရီး
Guest : Kang Ji Young [KARA], Lee Yeon Hee, Kim Joo Hyuk. 
Location : CHINA, Beijing Airport, The Great Wall of China. 
.
Not. Song Ji Hyo
ထိုင်းကိုသွားရောက်အပြီး ၁၀ ပိုင်းမြောက် သုံလကြာပြီးနောက်မှာတော့ ဒုတိယအကြိမ်နိုင်ငံခြားခရီးစဉ်နဲ့ သူတို့ရဲ့ ပြည်ပပရိတ်သတ်အားကိုစမ်းသပ်ပုံပဲ

ဒါပေမယ့် နဲနဲတော့ကွဲသွားတယ် 😄

ဘာကြောင့်လဲဆိုတော့ ထိုင်းမှာလို လေဆိပ်မှာပဲတဝက်ဝက်ကွဲကြိုဆိုနေကြလိမ့်မယ်အမှတ်နဲ့ ရိုက်ကူးဖို့ပါပြင်ဆင်လာခဲ့ရာက လုံခြုံရေးပေးသူတို့မှအပ နတ္ထိ 😁

ဒီမှာ ဟားဟား'ရဲ့မှတ်ချက်ကလည်း စိတ်ဝင်စားစရာကောင်းတယ် ကျွန်တော်တို့ ပိုကြိုးစားဖို့‌လိုနေပြီတဲ့ 

ဒီစိတ်ဓာတ်ကြောင့်ပဲ သူတို့ထိပ်တန်းအဆင့်မှာ အကြာကြီးရပ်တည်နိုင်တာနေမှာ 

ဒီလိုနဲ့ပထမဆုံးမစ်ရှင်ကို တရုတ်တို့ရဲ့အသွေးအသားအထိမ်းအမှတ်ဖြစ်တဲ့ မဟာတံတိုင်းကြီးပေါ်မှာကစားခဲ့

နောက်ဒုတိယပွဲကတော့ဈေးမှာ
ဒီမှာမှတဆင့်စကားတဆင့်နားနဲ့ တဖွဲဖွဲရောက်ရှိလာတဲ့ပရိတ်သတ်တွေကြောင့် အားတက်ခဲ့ရသူတွေ

နောက်ဆုံးပွဲကိုတော့ တရုတ်တို့ရဲ့နာမည်ကျော် ရိုးရာလက္ဖက်ရည်လေးပါထည့်သွင်းပေးထားတယ်

ဒီမှအောင်မြင်သူတွေ ခြေနင်းလှော်ခတ်ရတဲ့ လှေငယ်လေးစီးလို့ တဖက်ကမ်းကိုသွားရောက်ကာ အလံတိုင်ကိုဆွဲနှုတ်လို့ တနေ့တာလုံးအတွက်အနိုင်ရသူဖြစ်လာမှာ
________________________________

ဒီအပိုင်းမှာ တဦးတည်းသောမိန်းကလေးအဖွဲ့သား ဆုန်းဂျီဟျို'က ပထမဆုံးအနေနဲ့ မပါဝင်နိုင်ခဲ့ပါဘူး

ရှေ့မှာ မကြာခဏပျက်ကွက်တတ်တဲ့ ဆောင်းဂျွန်ကီ'ကိုဖယ်ကြည့်လိုက်ရင် ပထမဆုံးအဖွဲ့သားမစုံလင်မှုလို့ဆိုနိုင်တယ်

အပိုင်း ၂ မှာ ဂျီဆော့ဂျင်း'လည်း ပျက်ကွက်ခဲ့ဖူးပေမယ့် အဖွင့်သာမမီခဲ့တာပါ 

အပိုင်း ၇ မှာလည်း လီဂွမ်ဆူ'က တဖက်ကရိုက်ကူးရေးကြောင့် နောက်ကျခဲ့ပေမယ့် အလယ်ကျော်ကျော်လေးမှာ လာရောက်ပူးပေါင်းခဲ့တာမို့ တပိုင်းလုံးစာမပျက်ကွက်ခဲ့ဘူးမဟုတ်လား

အပိုင်း ၆ မှာတုန်းကလည်း သူမမပါဝင်ခဲ့ဖူး‌ဆိုပေမယ့် အဲ့ဒီတုန်းက တောက်လျှောက်ပါဝင်နေပြီဖြစ်သည့်တိုင် တရားဝင်အဖွဲ့သားဖြစ်ပြီလို့ တိတိကျကျမဆိုနိုင်သေးဘူး

ဒီအပိုင်းမှာသူမမပါဝင်နိုင်မှုကို ရိုက်ကူးရေးကြောင့်လို့ စကတည်းက အသိပေးခဲ့သည့်တိုင် ကိုယ်တော့နောက်အပိုင်းအတွက် အရှိန်တင်ဖို့လိုအပ်ချက်ကြောင့် တမင်မပါဝင်စေခဲ့တာလို့ထင်တယ်

ဘာကြောင့်လည်းဆိုတော့ သူမသာပါခဲ့ရင် နောက်အပိုင်းအတွက်မစ်ရှင်က တနည်းတဖုံပြောင်းရမှာမဟုတ်လား

နောက်အပိုင်းက သူခိုးနဲ့သူခိုးလက်ထောက်တို့ရဲ့ မစ်ရှင်သဘောတရားက ဒီအပိုင်းမှာသူမမပါဝင်ခြင်းကြောင့် ပိုမိုဇာတ်ရှိန်မြင့်စေခဲ့ပြီး ပိုမိုစိတ်လှုပ်ရှားစရာပေးစွမ်းနိုင်တာမို့ပါ

ဒီသဘောမဖြစ်နိုင်ပါဘူးလို့ကလည်း မုချငြင်းပယ်လို့မရပြန်ဘူး 

ဘာကြောင့်လဲဆိုတော့ အပိုင်း ၄၁ တုန်းကလည်း PD တို့က ရုတ်ချည်းဖြစ်ပေါ်လာတဲ့ပြဿနာကိုတည်လို့ ပိုကောင်းတဲ့ပြိုင်ပွဲတခုဖော်ဆောင်နိုင်ခဲ့တဲ့ သာတကရှိတာကိုး

ဒီလိုမှဟုတ်ဘဲ အမှန်တကယ်ကို ရိုက်ကူးရေးနဲ့ တိုက်ဆိုင်ခဲ့တာပါဆိုရင်တော့ 

ဖြစ်ပေါ်လာတဲ့အကြပ်အတည်းကိုတည်လို့ အကောင်းဆုံးအသုံးချသွားနိုင်ခဲ့တဲ့ PD တို့ကို လှိုက်လှိုက်လှဲလှဲချီးကျူးရမှာပဲ
.
.
🌹အထူးအချက် 
ပထမဆုံးတရုတ်ခရီးစဉ်
ဆုန်းဂျီဟျို'မပါဝင်သည့်အပိုင်း

ကာရာအဖွဲ့က ကင်ဂျီယောင်း'က ဧည့်သည်များမိတ်ဆက်ချိန်မှပေါ်လာတာမဟုတ်ဘဲ ကိုးရီးယားမှာကတည်းက လိုက်ပါခဲ့တာမို့ ဆုန်းဂျီဟျို'နေရာ အစားထိုးတဲ့သဘောလို့ယူဆရမှာပါ

အသင်းခွဲကြရာမှာလည်း အဖွဲ့သားတဲ့နည်းတူ ယပ်တောင်မှာအမည်ထိုးခဲ့တာမဟုတ်လား

ပြီးတော့ရှိန်မနေဘဲ သီးခြားဖြစ်မနေ အထူးကတ်ပေးစရာမလိုဘဲ တော်တော်လေးအသားတကျရှိခဲ့တာလည်းတွေ့ရတယ်

ဒါကြောင့် လစ်ဟာမှုကိုသတိမပြုမိဘဲ အတော်ချောမွေ့တဲ့ ပထမဆုံး လူစားထိုးမှုလို့ဆိုနိုင်ပါတယ်

ဒီလိုလူစားထိုးတာက ရှားပေမယ့် 
ကျန်းမာရေးပြဿနာကြောင့်မပါဝင်နိုင်တဲ့ ဂယ်ရီ'နေရာကို 
ဂယ်ကို'နဲ့ အစားထိုးတာ နောက်ပိုင်းမှာရှိပါတယ်
.
.
ကြည့်ရန်
Https://t.me/rmkolayinde 
.
Photo album  
https://t.me/rmkolayinde/1683
.
https://koloneypoe.blogspot.com/2025/07/running-man-episode-61.html
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်









































































































































































































































No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး