ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Friday, July 11, 2025

Running Man episode 60

Running Man episode 60
Https://www.youtube.com/@thantunlayinde 
.
၆၀ 
စပိုင်ဂယ်ရီကိုလှည့်စားပါ 😄
Guest : No Guest 
Location : Sindorim D Shopping Mall.
တယောက်တည်းအစောကြီးခေါ်တာမို့ ထူးဆန်းနေသလိုဖြစ်ရကား PD နဲ့အတွေ့မှာ အထူးပေးအပ်တဲ့မစ်ရှင်က သင်က ဒီအပိုင်းရဲ့ အထူးသူလျှို'တဲ့

အာရုံနှစ်ခုမထားတတ် ပေးအပ်ရာသာစိုက်လိုက်မတ်တတ်လုပ်ဆောင်တတ်သူမို့ အများသစ္စာဖောက်ခြင်း ဟာသလုပ်ခြင်းခဏခဏခံရဖူးသူမို့ အထူးအခွင့်အရေးပေးတာပါတဲ့

လိမ်ရင်မျက်နှာစာကပ်ထားသလို ထင်ရှားနေသူကြီးက သူကိုအထူးစပိုင်ဆိုတော့လည်း ယုံတာပဲရယ် ပီတိလွှမ်းသွားတဲ့မျက်နှာကြီးကြည့်ကြည့် တကယ့်ကို‌သဘောကျစရာ 😁 

ဒါပေမယ့် အခြားတဖက်ကအခန်းမှာ တန်ပြန်ထောက်လှမ်းလို့ သူ့ကို အားလုံးကစောင့်ကြည့်နေကြတယ်ဆိုတာ သူမသိခဲ့

ဒီလိုနဲ့ပေါ့ သူ့စိတ်ကူးမစ်ရှင်ဆွဲခိုင်းတယ် 
ပျော်သွားတဲ့ ကိုရွှေစပိုင်ကြီးက 😄 အောင်နိုင်သူဖြစ်ဖို့ ဝါရင့်သူလျှိုတယောက်လို ပလန်တွေခင်းကျင်းလို့ နပန်းပွဲက စမတဲ့

ဒီမှာအနိုင်ရလဒ်အလိုက် နာမည်ကတ်တွေကို အားနည်းချက်ထားမယ်ပေါ့

၄၂:၀၄ မှာ ကျန်အဖွဲသားတွေ တစုတဝေးတည်းနေနေတာကိုကြည့်ပြီး သူမှတ်ချက်ပြုခဲ့တာကလည်းစိတ်ဝင်စားစရာ

အမှန်တော့ အဲ့ဒီမှာ သူ့ကိုလှည့်စားနေတာဆိုတာလည်း သိကောင်းသိပြီးဖြစ်လိမ့်မယ်ထင်တယ် 

ရိုက်ကူးရေးအတွက်ဖျော်ဖြေဖို့တမင်ရှေ့ဆက်ခဲ့တာလား 
PD တို့က ဆင်ခြေတချို့နဲ့ လှည့်စားဖုံးကွယ်လိုက်လေသလားဆိုတာတော့ ပြသမှုနောက်ကွယ်က ဖန်တီးသူတွေသာသိပါလိမ့်မယ်

ကိုယ်တော့ဖြင့် အဲ့ဒီမှာ အနည်းဆုံး တိတိကျကျမဟုတ်သည့်တိုင် သံသယအချို့ရှိနှင့်ပြီးလို့ ယူဆမိတယ် နောက်ပိုင်းအမူအရာတွေအရ သူမုချသိသွားတာတော့မဟုတ်တန်ရာ
 
PD တို့က သူ့ထင်မြင်ချက်မှားသယောင် ဆင်ခြေတချို့နဲ့ ထပ်ဆင့်လှည့်စားဖုံးကွယ်လိုက်တာမို့လို့ထင်တယ်

ဘာကြောင့်လည်းဆိုတော့ နောက်ပိုင်းတွေမှာ သူ့ရဲ့ ကြံရာမရဖြစ်တာ စိတ်မွန်းကြပ်နေတာတွေက သိပ်ပေါ်လွင်နေလို့ပါ

ဒါတွေက အာရုံနှစ်ခုထားရင်ဗျာများတတ်တဲ့ သူလိုလူတယောက်အတွက် သရုပ်ဆောင်ဖို့ ဟန်ဆောင်လုပ်ပြဖို့ သိပ်ခက်ခဲလွန်းတာတွေမဟုတ်လား

ဒီအပိုင်းအတွက် ပြင်ပအထောက်အကူပိုင်းဆိုင်ရာ ပြင်ဆင်မှုအားနည်းခဲ့ပြီး ဂယ်ရီ'ရဲ့ ရိုးလွန်းတဲ့အမူအရာကနေပဲ ပြသချိန်အများအပြားရဖို့ တည်ခဲ့ပုံပဲ
.
.
🌹အထူးအချက် 
🐧🦒 တို့ရဲ့ 🦗 ကြီးအတွက် 
အစိမ်းရင်ရောင်မွေးနေ့လက်ဆောင်

🦬 သုံးစက္ကန့်အတွင်းအနိုင်ယူခဲ့တဲ့ နပမ်းမယ် 🐱 မလေး

ရှေ့အပိုင်းတွေမှာလှည့်စားခံရသူကို ရိုက်ကူးရေးအဆုံးသတ်ပိုင်းမှာအသိပေးပေမယ့် ဒီအပိုင်းမှာတော့ မပြသခင်အထိဖုံးကွယ်ထားရမယ့် လှည့်စားသူတွေ

ပြီးတော့ PD တို့ရဲ့ သဲလွန်စတွေက ဒီအပိုင်းအထိအားသိပ်မကောင်းလှသေးဘူးလို့လည်းဆိုနိုင်တယ် ဘာကြောင့်လဲဆိုတော့ သိပ်မဖြန့်ကျက်ရဘဲ သိလွယ် မြင်လွယ်တာမို့ပါ
.
.
ကြည့်ရန်
Https://t.me/rmkolayinde 
.
Photo album  
https://t.me/rmkolayinde/1632
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်

































































































































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး