သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, June 13, 2025

Running man ep 42


Running man ep 42

Https://www.youtube.com/@thantunlayinde 

.

၄၂ အတော်ဆုံးအဖွဲ့သားဖြစ်ဖို့

Guest: Young Saeng (SS501) . (Or No guest)

Site : Mok Dong SBS Parking, SBS Deungchon-Dong Open Hall. 

.

ဆောင်းဂျွန်ကီ'ထွက်ပြီးပထမဆုံးအပိုင်းမို့ လစ်ဟာ‌နေမလားရယ်လို့စိုးထိတ်စိတ်က စကတည်းက အရှိန်ဟုန်နဲ့ပြီးသည်အထိ တရစပ်အားမချဘဲ ယှဉ်ပြိုင်ကစားခဲ့ကြတာမို့ 


ကွက်လပ်တခုကို မေ့ပြောက်နေမိသည်အထိ အဖွဲ့သားအားလုံး အားထုတ်နိုင်ခဲ့ကြ


ပြီးတော့ RM ရဲ့စရိုက်လက္ခဏာစစ်စစ်ကိုလည်း စတင်ပြသနိုင်ခဲ့တဲ့အပိုင်းလို့ဆိုရရင်လည်း လွန်မယ်မထင်


အားကြီးသူနဲ့ အားနည်းသူတွေ

မစ်ရှင်စောအောင်သူအတွက် အထူအခွင့်အရေးအဖြစ်

အသက်နှစ်ခုရတာတွေ

နောက်ဆုံးတယောက်အတွက် ပြစ်ဒဏ်အနေနဲ့ အားနည်းချက်တပ်ဆင်ပေးတာတွေ


မဟာမိတ်တွေ 

လှည့်စားမှုတွေ

အလွယ်တကူပစ်ပြီးယုံကြည်လို့မရခြင်းတွေ


သစ္စာဖောက်မှုတွေ

ထပ်ဆင့်သစ္စာဖောက်မှုတွေ


ဆုန်းဂျီဟျို'ရဲ့ တိုက်ခိုက်ဖို့ဟန်ပြုစဉ် 

ကြောင်တကောင်ရဲ့မာန်ဖီသံကို effect တွေနဲ့


တယောက်လျော့သွားတာကို သတိမရတော့သည်အထိ

ကောင်းမွန်စွာပုံဖော်နိုင်ခဲ့ကြတယ်


ကစားပွဲအကြောင်းပြန်ဆက်ရရင်


အဖွင့်မိတ်ဆက်မရှိတဲ့အပိုင်း

SBS ရုံးရှေ့ကားဆိုက်လိုက်တည်းက RMရုံးခန်းဆီသွားပါတဲ့


ကိုယ့်ရုံးခန်းမသိရှိပါ့မလား လွယ်လိုက်တာ

ခက်တာလေးလုပ်စမ်းပါလို့ ထိုင်နေတဲ့ PD ချို' ကို ပွားရာက သူပေးတဲ့မစ်ရှင်ကြောင့် ယူဂျယ်ဆော့'တယောက် ပက်လက်လန်ပါလေရော 😄


အောက်မှာ အဖွဲ့သားတို့အမည်နဲ့ ကားခုနှစ်စီးရပ်ထားပါတယ်

ဒီသော့တွေထဲက နှစ်သက်ရာ တချောင်းယူလို့သွားဖွင့်ပါ

မှန်ရင်မစ်ရှင်အောင်ပါပြီတဲ့


မှား‌ရင်ကောဆိုဝောာ့ လာလဲပါတဲ့လေ 

စဉ်းစားသာကြည့် ကံဆိုးတတ်လွန်းသူအဖို့ အခန့်မသင့် 

၁၆လွှာကို ခုနှစ်ခေါက်လောက် တက်ရဆင်းရမယ့်ကိန်း


ဒုတိယပြိုင်ပွဲကတော့ ဟောယုန်းဆယ်'ကို ရှာရမှာပါ

သူကဧည့်သည်လို့လည်းဆိုနိုင်သလို ဒီအပိုင်းမှာဧည့်သည်မပါဘူးဆိုပါကလည်း ငြင်းနိုင်စရာတော့မရှိ ဘာကြောင့်လည်းဆိုတော့ သူက မစ်ရှင်ပေးရုံသဘောလောက်ပဲ့ အားဖြည့်တာပါ


သူကလက်တဖက်က ကျောက်ပတ်တီးစီးထားသလိုပဲ

Google မှာရှာကြည့်တော့ မသန်တာတော့မဟုတ်တန်ရာ

ထိခိုက်ဒါဏ်ရာရထားလို့များလားမသိ


ဒါကြောင့်ပဲ ဧည့်သည်အဖြစ်ဖိတ်ထားရာက မစ်ရှင်ပေးသူအဖြစ်ပုံစံပြောင်းလိုက်တာများလားမဆိုနိုင်


ထားပါတော့

ဒီမှာသူဆီသွားရောက်လို့ နောက်မစ်ရှင်စတင်နိုင်ဖို့ ဝင်ခွင့်ဝတ်စုံယူကြရမှာ


ကျားကြီး'ကိုသွားကျပ်တဲ့ ပိုရိုရို'တယောက် အသက်နဲ့ကိုယ်

အိုးစားကွဲဖွယ်ရာ


လမ်း‌ကြောမှားရပ်လို့ လမ်းမှားသွားလိုက်ရတဲ့ ဂွမ်ဆူ


ကားသော့ကြီးတန်းလန်းထားခဲ့တဲ့အစ်ကိုကြီးကို

ဆုံးမသွားတဲ့ မှုံဂျီ


ဒီမှာကနောက်တဆင့်အတွက်အသက်ဆက်ခွင့်နဲ့အတူ

အောင်နိုင်သူအတွက် အထူအခွင့်အရေးရရှိစေမှာပါ


ပထမ‌ဆုံးရောက်တဲ့ ဂယ်ရီ'နဲ့ 

နောက်ဆုံးရောက်သူ ဂွမ်ဆူ'အတွက်ပေါ့


ဆိုခဲ့တဲ့အတိုင်း အတော်ဆုံးကိုရွေးမှာဆိုတော့ နောက်ဆုံးပြိုင်ပွဲက တဦးချင်းယှဉ်ပြိုင်ရမှာပါ


အားကြီးသူပါနေတော့ မဟာမိတ်တွေဖွဲ့လို့ ယှဉ်ပြိုင်နိုင်ဖို့ကြိုးစားကြ


အံမယ် ချိုချဉ်မဟာမိတ်အဖွဲ့တောင် ရှိဆိုကိုး 😁


ဒါပေမယ့် သိတယ်မဟုတ်လား

RM မှာက မိတ်ဖွဲ့ခြင်းက သစ္စာဖောက်ခြင်းရဲ့အစမဟုတ်လား


နာမည်ကျော် ဂျိုလီ'နဲ့ ဘရက်ပစ်'ရဲ့ Mr & Mis smith ဇာတ်လမ်းကိုပြန်လည်အမှတ်ရစေမယ့်ဇာတ်သိမ်းနဲ့အတူ

.

.

🌹အထူးအချက် 

ဆုန်းဂျွန်ကီ'ထွက်ပြီး ပထမဆုံးအပိုင်း

ကျားကြီး'ကိုဆေးထိုးတဲ့ ဟားရိုရို


သစ္စာဖောက်သူရယ်လို့ သတ်သတ်မှတ်မှတ်မရှိသေးပေမယ့်

အပိုင်း ၁၉ တုန်းက သူစတင်ခဲ့တဲ့ သစ္စာဖောက်သူဇာတ်ရုပ်ကို ထပ်ဆင်မြှင့်တင်လို့ မဟာမိတ်ဖွဲ့ရင်းကိုမှ လက်လွတ်စပယ်မယုံကြည်နိုင်တာမျိုးအထိချဲ့ထွင်ပုံဖော်လာခဲ့


တကယ်သစ္စာဖောက်တော့ ကိုနှာခေါင်းကြီး

သေသေချာချာခံလိုက်ရသူက ဂွမ်ဆူ


ကံဆိုးသူ ကံကောင်းသူဖောင်ကတော့ 

ဝောာ်တော်ကြာတဲ့အထိမပါသေးဘူး


ပထမဆုံးတယောက်ချင်ဝင်လာပြီး ကြေညာပေး

ပထမဆုံးနဲ့ နောက်ဆုံးကို ဆုပေးဒဏ်‌ပေးစတင်ကျင့်သုံး


RM ရဲ့စရိုက်လက္ခဏာစတင်ဖော်ဆောင်တဲ့အပိုင်းမို့

ကြည့်ဖြစ်အောင်ကြည့်ပါလို့ ညွှန်းပါရစေ

.

.

Photo album 

https://t.me/rmkolayinde/787

.

.

ကြည့်ရန်

Https://t.me/rmkolayinde 


.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
































































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး