သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, June 12, 2025

Running man ep 41


Running man ep 41

Https://www.youtube.com/@thantunlayinde 

.

၄၁

Guest : Lee Sun Gyun, Park Joong Hoon. 

Site : National Digital Library of Korea

.

အမျိုးသားဒီဂျစ်တယ်စာကြည့်တိုက်မှာကစားမယ့်ဒီပွဲမှာ

ဧည့်သည် ပတ်ဂျွန်ဟွန်း'ရဲ့ တင်လိုက်တဲ့တွစ်တာပို့စ်ကြောင့် ရှေ့အပိုင်းတွေလိုစမရဘဲ PDတို့အရေးပေါ်မစ်ရှင်ပြောင်းခဲ့ရတဲ့သဘောရှိတယ်


ဘဝမှာတခါတလေတော့လည်း ရယ်စရာတော့အကောင်းသား

အလွဲအမှားတွေ သမာရိုးကျ အစဉ်အလာကိုဖီလာပြုတာတွေကနေ ရံခါမှာထင်မှတ်မထားတဲ့ ကောင်းကျိုးရလဒ်တွေထွက်လာတတ်တယ်


အလက္ဇန္ဒားဖလင်းမင်းရဲ့ ပင်နီဆီလင်'တွေ့ရှိမှုလိုပေါ့


ဆိုခဲ့သလိုကြိုတင်ပေါက်ကြားသွားတဲ့ တိုင်းသိပြည်သိထိပ်တန်းလျှို့ဝှက်ချက်ကြီးကြောင့် 😄 အဖွဲ့သားတို့ကိုသာမန်လိုက်ဖမ်းနေရာက 


အဖမ်းခံရသူတို့ကိုပြိုင်ပွဲကဖယ်ကျဉ်လိုက်တဲ့အစဉ်အလာကနေ ဖမ်းသူဧည့်သည်တွေကိုယ်တိုင် သီးခြားဆီပြိုင်ဖက်အသွင်ပြုလို့ အသင်းဖန်တီးခွင့်ပေးပြီး ပူးပေါင်းစေလိုက်တယ်


လွဲမှားမှုကနေ အမြတ်ထုတ်ယူလိုက်နိုင်တဲ့ PD တို့ရဲ့ သိပ်ကောင်းတဲ့ဖြတ်ထိုးဉာဏ်လို့လည်း အမှတ်ပေးမိပါတယ်


ကမောက်ကမ စခဲ့ရာက အစ်ကိုကြီများအသင်းမှာ အငယ်ဆုံးလေးမဖြစ်စေဖို့အရေး နောက်ဆုံးကျန်နေတဲ့ ဂျီဟျို'ကို အသဲအသန်လိုက်ဖမ်းချင်နေတဲ့ ကျားကြီး


ဒုတိယပွဲမှာတော့ အပိုင်း ၂၇ တုန်းက နောက်ဆုံးကစားခဲ့တဲ့ လက်ဆင့်ကမ်းပန်းချီဉာဏ်စမ်း


ထိုပြိုင်ပွဲအနိုင်ရခဲ့တဲ့ အစ်ကိုကြီးအသင်းကတော့ နောက်ဆုံးပွဲစဉ်အတွက် ကြိုတင်ထွက်ခွာခွင့်ရခဲ့ပြီး တရစပ်မရပ်မနား ရေပက်မဝင် လေကန်ခဲ့ကြ


နောက်ဆုံးမစ်ရှင်က 

ကိုယ်ပိုင်စာကြည့်တိုက်ဖန်တီးမယ်ဆိုရင် ဘာတွေဖြည့်မလဲတဲ့


စစ်တမ်းကောက်ယူမှုအရ အများစုဖြေထားတဲ့အဖြေထဲက တိုက်ဆိုင်လို့ဆုံးဖြတ်မှာမို့ ထိုအတွက်လိုအပ်မယ့်ပစ္စည်းတွေသွားသယ်ရမှာက 


ဟားရိုရို' နဲ့ သူ့သူငယ်ချင်း ဂွန်ရှစ်' ရဲ့အိမ်

ကိုယ့်ပစ္စည်းမှန်သမျှ ဒေဝါလီခံရလို့ ချိတ်ပိတ်သိမ်းယူသလိုပြုနေကြသူတွေကို အသနားခံအော်ဟစ်တောင်းပန်နေတဲ့

အကယ်ဒမီများရှင်ကောင်လေး 😄


ဒီလိုရယ်ရင်းမောရင်းနဲ့ပေါ့...

ရုတ်တရက်ဆိုသလို တိမ်ညိုတွေအုံ့ဆိုင်း

မှိုင်းညို့တဲ့တိမ်ဆိုင်တွေက မျက်ဝန်းအတွင်းကရွာချ

စတင်ကတည်းက တချိန်ခွဲသွားလိမ့်မယ်လိုသိနေလင့်ကစား

ထိုအချိန်ကာလ မျက်မှောက်ကြုံတော့ 

နှလုံးသားမှလျှံတက် ဝမ်းနည်းစိတ်တို့မျိုသိပ်မရဖြစ်ခဲ့ရတဲ့

အငယ်ဆုံးတွေ


သူတို့တွေရဲ့ နာကျင်မှုကိုမြင်တော့ အစ်ကိုကြီးတွေလည်းမနေသာ တိုးတိတ်စွာ ကရုဏာသက်လို့နှစ်သိမ့်နေတဲ့မျက်ဝန်းအစုံ


ထိုစဲခဏတဒင်္ဂမှာ ဝုန်းဆိုရုတ်ချည်းပြိုကျ မိုးခြိမ်းသံအလားထွက်ပေါ်လာတာက 

'ကျုပ်ပစ္စည်းတွေ ပြန်ပို့ပေးကြပါတော့ဗျာ' တဲ့ 😂


ဟားဟား'ကို အဲ့ဒါတွေသဘောကျတာရယ် မျောမနေဘဲ ရှိုးရဲ့လိုရင်းကို ဦးတည်ချက်မပျက်ခေါင်းတည်တည်ပေးတာ ဒီမှာတင်မဟုတ်ဘူး‌နော် အပိုင်း ၁၈ တုန်းကလည်းအလားတူ


ဘဝကြီးကဒီလိုပါပဲ ကိုဆောင်းဦးလှိုင်'သီချင်းလိုပေါ့ 

တကယ်လို့ သတိရရင် တ‌ရက်ပဲငိုပါ

ပြီးရင် ကိုယ်ဆီရည်မှန်းချက်တွေအတွက် 

ရှေ့ဆက်ဖို့အားတင်းထားပါအုံးလို့


ပြီးတော့ မျက်ရည်တွေနဲ့နှုတ်ဆက်ထွက်ခွာသွားတဲ့ ကောင်လေးကိုလည်း တွေ့ရင်ပြောပေးကြပါအုံး


"Runner တွေက လွမ်းနေပါတယ်လို့"

🌹အထူးအချက် 

မစ်ရှင်ပေါက်ကြားမှုကြောင့် 

ပထမဆုံး ပြိုင်ပွဲပုံစံပြောင်းလိုက်ရ


ဟားဟား'အိမ်သွားသောင်းကျန်း

ဆောင်းဂျွန်ကီ ' နောက်ဆုံးနှုတ်ဆက်

.

Photo album 

https://t.me/rmkolayinde/735

ကြည့်ရန်

Https://t.me/rmkolayinde  

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်







































































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး