Running man ep 43
Https://www.youtube.com/@thantunlayinde
.
၄၃
Guests: IU, Shin Bong Sun
Site: Cross-country from Seoul to Daegu;
2011 World Athletics Championship Daegu Stadium
.
ဆိုးလ်နဲ့ဒယ်ဂူဆိုတာပြောရမယ်ဆိုရင် ကိုးရီးယားနိုင်ငံရဲ့ တောင်အမြောက်တဆုံးနီးပါးမို့ တကယ့်ခရီးရှည်ကြီးပဲ
ကိုယ့်နိုင်ငံလိုဆို မြစ်ကြီးနားနဲ့ ထားဝယ်လိုမျိုး
ဒီခရီးကိုကားနဲ့သွားလို့ လမ်းခရီးမှာမစ်ရှင်တွေလုပ်သွားမှာ
ဟားဟား နဲ့ ဂျီဟျို'ထုတ်ပြမှ ရိုက်ကူးရေးအတွက် မန်မိုရီကပ်တွေမှအထပ်လိုက်ပဲ နားတိုင်း လဲနေကြတာတဲ့
ဒါကြောင့်ပဲမနက်စောစောကတည်းက အဖွဲ့သားတို့ကိုခေါ်ယူခဲ့ပြီး ရောက်လာသူတွေကို နှစ်ယောက်တဖွဲ့စီဖွဲ့လိုက်ရာက
အဝေးမှာနေတာမို့ နောက်ဆုံးမှရောက်လာတဲ့ ဂွမ်ဆူ'က ရွယ်တူသူငယ်ချင်း ဂျွန်ကီ'ထွက်ခွာအပြီး နှစ်ပိုင်းမြောက်အဖြစ် တွဲဖက်မဲ့သလိုထပ်ဖြစ်နေသေးတယ်
ပထမမစ်ရှင် အိပ်ထကစားနည်း
တမိနစ်အတွင်း အကြိမ်ခြောက်ဆယ်
ဒီပွဲအပြီးမှာ ကိုကြီးနှာခေါင်းကြီးပြောတာလေးကလည်း မှတ်မှတ်ထင်ထင် ဂျယ်ဆော့'မင်းနဲ့တသင်းတည်းကျတာကောင်းတယ် မင်းကရူပါကလွဲပြီးအားလုံးပြည့်စုံတယ်တဲ့ 😆
ဒုတိယကတော့ အအေးဗူးတွေသောက်လို့ အမှိုက်ပုံးအတွင်းဝင်အောင်ပစ်ရမှာ ဒီမှာလက်မှန်းကောင်းတဲ့ ဟားဟား'အတွက် ပြဿနာမဟုတ်
ပြီးတော့ ဂယ်ရီ'အတွက်ကောပေါ့ ဆိုးတာက ကျားကြီးနဲ့တဖွဲ့တည်းကျနေတာမို့ သူမပစ်မိခြင်းဘဲ 😀
နောက်မစ်ရှင်မှာတော့ နေရာကိုနှစ်ဖွဲ့တစုခွဲလိုက်တယ်
ပြည်သူတွေနဲ့ဉာဏ်စမ်းကစားကြမှာ
ထိုမှအောင်မြင်လာအပြီးမှာတော့ နောက်ဆုံးကစားမယ့်
ဒယ်ဂူဘောလုံးကွင်း'သို့
နေ့တပိုင်းလုံးတယောက်တည်းဖြတ်သန်းလာခဲ့တဲ့
ဂွမ်ဆူ'အတွက် ကံကြမ္မာက ထပ်ဆင့်လက်ဆောင်ပေး
လူရာကျော်ရှိတဲ့အထဲက သူ့နာမည်ကိုမှ စိုက်စိုက်မြိုက်မြိုက် ဧည့်သည်တို့ရှာတွေ့ အောင် ဖန်တီးပေးလို့ ရေနစ်သူကို ဝါးလုံးနဲ့ထပ်ထိုးချသလို ပြိုင်ပွဲနေရာမရောက်ခင်မှာပဲထွက်စေလို့ စပရိုက်အကြီးကြီးတိုက်ချလိုက်တယ် 😂
ဟားဟား'တောင် တခုတ်တရကင်မွန်းတပ်မိသည်အထိ
တော်တော်ကံဆိုးတဲ့ကောင်'တဲ့
သူကလည်း လေးစားလောက်တယ်ရယ် သူသမုတ်တဲ့နာမည်တွေက တသက်စာစွဲမြဲလို့ တဖက်သားအတွက်ကြီးမားတဲ့အထောက်အပံ့ဖြစ်ဖြစ်သွားတာမို့ ဟားဇာဏီဘို'လို့ ဆိုင်းဘုတ်ချိတ်ပြီး မြန်မာပြည်မှာလာလုပ်စားရင် ဗေဒင်ဆရာတွေငတ်ဖို့သာပြင် 😁
ခုကြည့် ဂွမ်ဆူ'ကို ကံဆိုးသူတဲ့
ပြီးတော့ အပိုင်း ၁၄ မှာတုန်းက တနင်္လာစုံတွဲတဲ့ သူပဲပေးခဲ့တာ
ရှင်ဘုံဆွန်'နဲ့ ဖရဲသီးVJ ပြီးတော့ လက်ပတ်ရှာမတွေ့တဲ့လိုက်ဖမ်းသူများ ဒီလိုဂယက်ထနေခိုက်မှာပဲ အိုင်ယူ'က မစ်ရှင်ပြီးအောင်စွမ်းဆောင်လို့ အားလုံးကိုထုတ်ပယ်လိုက်တယ်
နောက်ဆုံးပွဲစဉ်မှာတော့ သုံးယောက်တဖွဲ့ပြင်လိုက်ရင်း
ဒေသတွင်းနာမည်ကြီးအစားအစာများကို ဈေးသို့ သွားရောက်ဝယ်ယူရမှာ
တနေကုန်အထီးကျန်ကံဆိုးနေတဲ့ အငယ်ဆုံးလေးကတော့ အဖွဲ့နဲ့ချိတ်ဆက်ခွင့်ရလို့ ကံပြန်ကောင်းပြီး
သူ့ရဲ့ဆိုးနေတဲ့ကံကို တယောက်တည်းခံနေစရာမလိုတော့ဘဲ တွဲဖက်အစ်ကိုအစ်မတွေဆီကိုပါကူးစက်စေလို့
ဓာတ်လှေကားအစောင့်အဖြစ် ပြစ်ဒဏ်ခံယူခဲ့ကြပါတယ် 😀
။
။
🌹အထူးအချက်
ရှည်လျှားလွန်းတဲ့ကားမောင်းခရီး
ရှင်ဘုံဆွန် ဒုတိယအကြိမ်
အပိုင်း ၃၅ ဒယ်ဆန်း'အပြီး ဘုံဆွန်'ရဲ့ ပညတ်မှုကိုပါခဲ့ခဲ့ရတဲ့
ဖရဲသီးVJ
ကိုကြီးနှာခေါင်းကြီး'ရဲ့ မှတ်တမ်းတင်ရမယ့်စကားတခွန်း
ဂျယ်ဆော့'မင်းနဲ့တသင်းတည်းကျတာကောင်းတယ် မင်းကရူပါကလွဲပြီးအားလုံးပြည့်စုံတယ်တဲ့ 😆
တနှစ်နီးပါးအလုပ်တူတူလုပ်လာပေမယ့် ရင်းရင်းနှီးနှီးမဖြစ်ကြသေးကြောင်းပြောပြလာတဲ့ ဆုန်းဂျီဟျို
အပိုင်း ၁၄ မှာတုန်းက တနင်္လာစုံတွဲလို့ နာမည်ပေးပြီး
ဒီအပိုင်းမှာ ဂွမ်ဆူ'ကို ကံဆိုးသူလို့ကင်မွန်းထပ်တပ်ပေးခဲ့တဲ့
ဟားသိင်္ခ
သူနဲ့ပေါင်းပြီး အတတ်ကောင်းတွေတတ် PDတွေကိုပါ ပြန်ခံပက်နေတဲ့ ဆုန်းဂျီဟျို ' 😂
ပြီးတော့ ဂျွန်ကီ'ထွက်သွားပြီး အဖော်မဲ့သွားသလိုအနည်းငယ်ကြောင်စီစီဖြစ်နေတဲ့ ဂွမ်ဆူ'ကို ဒီအပိုင်းရဲ့နှောင်းပိုင်းအချိန်တွေမှာ ဟားဟား နဲ့ ဂျီဟျို'က သေသေချာချာလေးကိုတွဲခေါ်သွားကြတယ်
။
။
ကြည့်ရန်
Https://t.me/rmkolayinde
။
Photo album
https://t.me/rmkolayinde/834
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်




















































































































No comments:
Post a Comment