သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, June 12, 2025

Running man ep 40


Running man ep 40

Https://www.youtube.com/@thantunlayinde 

.

၄၀

Guests: Nichkhun, Taecyeon (2PM) 

Site: French culture village (Little France), Gapyeong 

Aired: April 24, 2011

.

ရှေ့အပိုင်းကစခဲ့တဲ့ ဧည့်သည်တွေကပြန်လည်အမဲလိုက်ရာမှာ မိန်းကလေးတွေမို့ တမင်အရှုံးပေးသလိုဖြစ်သွားရကား 


ဒီအပိုင်းမှာတော့ အားကောင်းမောင်းသန် ပြေးနိုင်လိုက်နိုင်မယ့် အားကျိုးမာန်တက်ကစားတတ်တဲ့သူတွေကို ရွေးဖိတ်ထားတာဖြစ်ဖွယ်ရာ


လေးပိုင်းမြောက်အဖြစ်လာရောက်အားဖြည့်ခဲ့တဲ့ ထိုင်းလူမျိုး 2PM အဖွဲ့သား နစ်ခွန်း (4, 5, 19, 40, 50, 51, 104, 248) ကလည်း RM ရဲ့မူလအစ ဈေးကွက်ထိုးဖောက်ရာမှာ အတော့်ကိုအကျိုးပြုသွားတဲ့ဧည့်သည်လို့ဆိုရင် လွန်မယ်မထင်ဘူးဗျ


မခိုမကပ်ကစားတတ်တာ လူမျိုးမတူပေမယ့် လိုက်လျှောညီထွေဆက်ဆံတတ်တာ ထိုင်းလူမျိုးပရိတ်သတ်တွေကိုဆွဲဆောင်ဖို့ ပုံရိပ်ကောင်းလွန်းတာတွေကြောင့်ပေါ့


ပြင်သစ်ယဉ်ကျေးမှုတွေအတိုင်းဖန်တီးထားတဲ့ အပန်းဖြေ လေ့လာစရာရွာလေးမှာကစားခဲ့ကြပြီး ပထမဆုံး ပြေးလွှားပုန်းရှောင်ရမယ့် အပြေးသမားလူလည်ကြီးတို့အတွက်မစ်ရှင်က မင်းသားလေးဝတ်ရုံရှာရမှာ


တဦးတည်းသောမိန်းကလေး ဆုန်းဂျီဟျို'ရဲ့ အားထုတ်မှုနဲ့ နောက်ဆုံးတစုံသာရှာဖို့ကျန်ချိန် အောင်ခါနီးမှာပဲ အဖမ်းခံလိုက်ရတာမို့ 


မချင့်မရဲဖြစ်သွားကြတဲ့ ဂျွန်ကီ'ကလွဲလို့ တစုံမှရှာမတွေ့လိုက်တဲ့ အဝောာင်နှစ်ဆယ်ဝတ်မင်းယောက်ျားကြီးတွေက 

နင်တယ်ညံ့ကိုး ဒီထက်ပိုကြိုးစားသင့်တာတဲ့လေ 😄


ဒီအပိုင်းရိုက်ကူစဉ်မှာ ဂျီဟျို'က အဖျားရှိနေပုံပဲ

ဂျီဆော့ဂျင်း'ကိုတောင် ကူးစမ်းဟဲ့ ကူးစမ်းဆိုပြီး နောက်နေသေတာကိုး


ဒုတိယနဲ့နောက်ဆုံးပွဲမှာတော့ သီချင်းကိုဆန်းသစ်တဲ့စိတ်ကူးနဲ့ 

တူရိယာအစုံအသုံးပြုလို့ တီးခတ်ဖျော်ဖြေတင်ဆင်ပြရမှာ

ဒီမှာဝန်ထမ်းတွေထဲက လူဖြည့်ရွေးချယ်ခွင့်ပြုခဲ့ပြီး


အပိုင်း ၃၄ ယူအီး'ကိုလှည့်စားတဲ့အပိုင်းပြီးနောက် RM ရဲ့ screen နောက်ကွယ်ကပံ့ပိုးသူတွေကို တစူတဝေးကြီး ထပ်မံမြင်တွေ့ခဲ့ရပါတယ် 


အဲ့ဒီအပိုင်းကတည်းက ချိတ်တိတ်တိတ်ဖြစ်နေတဲ့ 

ဟားဟား'ရဲ့စတိုင်လစ် ဆွန်းအာ နဲ့

ဂယ်ရီ'ရဲ့ VJ ယူဆော့ တို့ကလည်း 

screen နောက်ကွယ်က တနင်္လာစုံတွဲအဖြစ်သမုတ်ရမလိုလို


ဒီလိုနဲ့ယှဉ်ပြိုင်မှုအပြီးပြစ်ဒဏ်ကတော့ ယူဂျယ်ဆော့'ရဲ့ 

ပြင်သစ်ရွာအတွင်း ရှင်လောင်းလှည့်ခဲ့တဲ့ပုံစံအတိုင်း မိုးလင်းသည်အထိလှည့်ပတ်သွားလာရမှာဖြစ်ပါကြောင်း 😄


🌹အထူးအချက် 

နစ်ခွန် စတုတ္ထမြောက်အပိုင်း

ဖျားနေတဲ့ကြားကအစွမ်းကုန်ကြိုးစားပေးသွားတဲ့ ဂျီဟျို

ပြင်သစ်ရွာကရှင်လောင်းလှည့်ပွဲ

အဖွဲ့သားတို့ရဲ့ ဆန်းသစ်တဲ့အတွေးမြင်အမြင်နဲ့ဂီတ


screen နောက်ကွယ်က တနင်္လာစုံတွဲ

Photo album 

https://t.me/rmkolayinde/696

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
































































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး