သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, June 5, 2025

Running Man ep 32


Running Man ep 32
Https://www.youtube.com/@thantunlayinde 
.
၃၂
Guests-Kim Kwang-kyu and Tony
.
အပိုင်း ၁၅ တုန်းကလာခဲ့တဲ့ဒီအတွဲရဲ့ ဒုတိယအကြိမ်ပေါ့
ရှေ့အပိုင်းနဲ့မတူဝောာ့တာက အဖွင့်မိတ်ဆက်မှုမရှိဘဲ စကတည်းကယဉ်သကိုဆိုသလို တောက်လျှောက်မောင်းခဲ့တာပဲ 😄

ဘလက်တိုင်းဒေးမှာ ရိုက်ကူးခဲ့တာမို့ အဖွင့်မှာ ဆုန်းဂျီဟျို'က လုပ်ဖော်ကိုင်ဖက် မောင်ကြီး မောင်ငယ်တွေအတွက် လက်ဆောင်ကိတ်နဲ့အတူ အမှတ်တရစာလေးတဆောင်

ဒီကိတ်ဗူးကြီးတကိုင်ကိုင်နဲ့ လက်ကမချနိုင်ဖြစ်နေတဲ့ အချစ်ရူးကြီးတယောက်ကို တချိန်မှာကျန်ခဲ့သူဖြစ်သွားမယ်နော်လို့ ကရုဏာဒေါသောနဲ့ တောက်လျှောက်ဆုံးမခဲ့တဲ့ အစ်ကိုယူ

ဆိုခဲ့သလို အပိုင်း ၂၄ မှာသန္ဓေတည်လို့ ၂၆ မှာသေသေချာချာစတင်ခဲ့တဲ့ ဧည့်သည်ကိုတိုက်ရိုက်မိတ်မဆက်ဘဲ ရှာဖွေစေတာက ဒီအပိုင်းမှာလည်း အသက်ဝင်ခဲ့ပြီး ပုန်း‌သူတွေဖက်ကော ရှာဖွေသူတွေအတွက်ပါ စိတ်ဝင်စားဖွယ်ပြသချိန်တွေ များစွာဖန်တီးနိုင်ခဲ့ကြတယ်

ကစားကြတာက စာအုပ်ဖြန့်ချီရေရုံးထင်ပါရဲ့

ဒုတိယပွဲမှာတော့ စာအုပ်နဲ့ရေးသားသူတို့ပြုလုပ်နေကျအတိုင်း အမှားများရင်အဆင်မပြေရင် စုတ်ဖြဲလုံးခြေပစ်တတ်တဲ့ စက္ကူလုံးကိုအသုံးပြုလို့ ဘတ်စကက်ဘောကစားရမှာ

ရိုက်ကူးဖို့စီစဉ်သူအဖွဲ့ကိုလည်းအဝောာ်သဘောကျမိတယ် 
ဒီအပိုင်းအထိကို ကစားတဲ့တည်နေရာရဲ့ အလုပ်တွေကိုလိုက်လို့ ကစားပွဲတွေကို သေသေချာချာပုံဖော်တာဗျ မအပ်မရာတွေ မသက်ဆိုင်တာတွေမဟုတ်ဘူး

တတိယပွဲမှာတော့ စာအုပ်တိုက်အတွင်းက အခြေခံကာယလုပ်သားတို့အတွက်ရည်ရွယ်လို့ စက္ကူစာရွက်ပုံတွေက မ'ရမှာ 

အံမယ်နုနုရွရွ ရုပ်ပြစားနေတဲ့သရုပ်ဆောင်တွေရယ်လို့ 
အထင်ဝောာ့မသေးလိုက်နဲ့နော် 

မ'တဲ့ဆိုက်က ဒဝိန်းဂျွန်ဆင်(The Rock ) လိုလို ကင်းကောင်'လိုလိုဗျ တတ်နိုင်တာထက်ပိုလို့ ကြိုးစားသွားကြတာ အောင်ခြင်းမအောင်ခြင်းကတော့တပိုင်းပေါ့

အမှန်တော့ဒီမှာပြီးရမယ်ထင်ပါတယ် 

ပြသချိန်နဲ့အတွက် အရံသဘောမျိုးနောက်တပွဲထပ်ရိုက်ထားတာကို ချပြလိုက်တဲ့သဘောလို့ထင်တယ် စတုတ္ထပွဲက

ဒီမှာဝောာ့ ရုံးအတွင်းကများစွာသောဖုန်းတွေထဲက အသံမည်ရာကိုမှန်ဆလို့ သွားကိုင်ရမှာပါ 
ယှဉ်ပြိုင်သူတွေက အငယ်ဆုံးနှစ်ယောက်
🌹 အထူအချက်
ကွမ်ယူ နဲ့ တိုနီ'တို့ရဲ့ ဒုတိယမြောက်
တနင်္လာစုံတွဲရဲ့နေ့စွဲတွေ
ချောကလက်လက်ဆောင်များစွာနဲ့

ဘတ်စကက်ဘောကစားရာမှာ လူမိုက်ဂျီ'ရဲ့ ဖိုက်တာစကေး
အလေးမကြရာမှာ ကိုယ်စီအစွမ်းတွေထုတ်ပြခဲ့ခြင်း
မ'နိုင်သူကလည်း မ'နိုင်သလို
မအောင်မြင်ခဲ့သူကလည်း ထူးခြားတဲ့ ဖျော်ဖြေရေးဆန်တဲ့ ပင်ကိုယ်ရည်သွေးတွေပြနိုင်ခဲ့ကြပါတယ်

၂၉၊၃၀၊၃၁ သုံးပိုင်းဆက်တိုက် ပြစ်ဒဏ်ကိုကျော်လွှားနိုင်ခဲ့တဲ့ အဖွဲ့သားတို့ကတော့ ဒီအပိုင်းမှာဆတိုးခံရသလိုမျိုး ပြစ်ဒဏ်ကနည်းနည်းကြမ်းခဲ့ပါတယ်
ကြည့်ရန်
Https://t.me/rmkolayinde 
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်















































































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး