Running Man ep 31
Https://www.youtube.com/@thantunlayinde
.
၃၂
Guest: Hyun Young
Site: Alpensia Ocean 700 Water Park, Gangwon-do, Pyeong Chang
.
နွေဦးအတွက်ကြိုတင်ရိုက်ကူးခဲ့တဲ့ဒီအပိုင်းမှာ ပေါ့ပါ့ပါးပါးအဝတ်အစားတွေနဲ့ အဖွင့်စခဲ့သည့်တိုင် ဆီးနှင်းခဲတို့ဖုံးလွှမ်းဆဲမို့ ခိုက်ခိုက်တုန်ခဲ့ကြသူတွေ
မွေးနေ့အကြိုတရက်မှာရိုက်ကူးခဲ့တာမို့ ကိုနှာခေါင်းကြီး' အတွက် ထူးခြားတဲ့လက်ဆောင်နဲ့ ဧည့်ခံတဲ့မွေးနေ့မုန့် 😄
နွေရာသီအပန်းဖြေစခန်းဆိုတော့ကား ကျော့ကျော့ရှင်းရှင်းလှလှပပနဲ့ ဆောင်းပိုင်းတုန်းကနေလေမခခဲ့တဲ့ ကြည်လင်တဲ့အသားအရေနဲ့ပျိုမေတို့ကြောင့် မျက်စိပဋာသ ငမ်းမိကြတဲ့ ပုရိသတွေ
ဧည့်သည်ရှာဖို့မေ့လို့ ပျော်ပျော်ပါးပါးရကစားနေကြရင်းက ဗြုန်းဆိုအထုတ်ခံလိုက်ရမှ မျက်ကလူးဆန်ပြာ
ထောင်အတွင်းမှာ မွေးနေ့ရှင်အစ်ကိုအတွက် PD အဖွဲ့က သဒ္ဓါကြည်ဖြူစွာ ပေးလှူခဲ့တဲ့ ပေါင်မုန့်တတုံးကို ဝိုင်းကြိတ်ခဲ့ကြတဲ့ ညီငယ်တွေ 😀
ဒုတိယပွဲ သီချင်းဆိုကြရာမှာ အားပါတရဒွန့်ကနေတဲ့ ဟားဟား'ကိုကြည့်လို့ ခွက်ထိုးခွက်လန်ဖြစ်နေတဲ့ ကောင်မလေး
ရယ်လွန်းရင်ငိုရတတ်တယ်တဲ့
အူးမြူးလွန်းရင် ဝမ်းနည်းရတတ်တယ်တဲ့
ဒီသဘောအတိုင်း နိမိတ်ဖြစ်ခဲ့လေသလား
နောက်ဆုံးအပိုင်း ကောင်းကင်လှေကားလျှောက်လှမ်းကြရာမှာတော့ အမြင့်ကြောက်သူ ယူဂျယ်ဆော့ နဲ့ ဟားဟား'အတွက်
ကြီးမားတဲ့ဝဋ်ဒုက္ခလို မရှုနိုင်မကယ်နိုင်
အဖွဲသားမိန်ကလေးကတောင် ကရုဏာသက်စွာ ကြည့်နေမိသည်အထိ
နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ကြပြီး နှစ်ပတ်ဇက်တိုက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရသွားတာမို့ PDတို့လက်မှိုင်ချခဲ့ရ
။
။
။
🌹အထူးအချက်
ပထမဆုံးနွေဦးကြိုဆိုပွဲ
အမြင့်ကြောက်သူတွေကို ကရုဏာသက်စွာ
ငေးကြည့်နေတဲ့ ဂျီဟျို
ကြိုးစားဆဲကာလမှာ နေရာအတွက် လှုပ်ရင်းတိုးရင်း ဝင်ဆန့်နိုင်ဖို့ ကိုယ်ပိုင်ပုံရိပ်တည်ဆောက်နိုင်ဖို့အားထုတ်ခဲ့တဲ့
လီဂွမ်ဆူ'ရဲ့ သနားစဖွယ် သဘောကျဖွယ်ပုံရိပ်များ
။
။
ကြည့်ရန်
Https://t.me/rmkolayinde
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်





































































































No comments:
Post a Comment