Https://www.youtube.com/@thantunlayinde
.
၃၃
Guests Mission: Oh Ji-ho
.
ဟေ့လူတွေကြိုမပြောဘူးမရှိစေနဲ့နော် ဒီအပိုင်းကြည့်မယ်ဆိုရင်တော့ တပိုးတပါးကြိုသွားထားဗျ ပြီးတော့ကော်ဖီပြင်းပြင်းလေးတခွက်ကြိုဖျော်ထား
ကြည့်နေရင်းမှ ထထနေရရင် အရှိန်ပျက်မှာလည်းစိုးတော့ ဖတ်တငံ့ငံ့နဲ့ အောင့်အီးနေရမှာစိုးလို့
ကဲစကြရအောင်
ပြေးသူနဲ့လည်း စိုးတထိတ်ထိတ်နဲ့ ထပ်တူမောဖို့ပြင်
လိုက်သူတွေနဲ့လည်း မရိုးမရွနဲ့ဟိုက်ဖို့ပြင်ပေရော
အံမယ် ကိုယ့်လူက တယ်ဆိုသကိုးလို့ အတွေးရောက်ရင်တော့
မိနစ်နှစ်ဆယ်လောက်ကြည့်မိရင်ကို မလွန်ဘူးဟလို့ ကိုယ်နဲ့ထပ်တူဖြစ်သွားမှာ မုချအာမခံပါတယ်
နိုင်ငံအတွင်းက ထွက်ပြေးနေတဲ့လူတယောက်
အသဲအသန်လိုက်ဖမ်းနေတဲ့ အဖွဲ့နှစ်စု
စစချင်းတော့ တနေရာစီခြားနေတဲ့ဖွဲ့သားတွေစုလို့ လေးယောက်ပြည့်တာနဲ့ စတင်လိုက်ခွင့်ရ
အပိုင်း ၂၉ တုန်းက အစ်ကိုကြီးတွေကိုလှည့်စားလို့ တဖက်အသင်းနဲ့သွားရောက်ပူးပေါင်းခဲ့တဲ့ ဆုန်း' ဆုန်း မောင်နှမ
ဒီအပိုင်းမှာ အဖွဲ့ရွေးချယ်ခွင့် ထပ်မံကြံကြိုက်လာချိန်မှာ
ချန်ခဲ့ရက်သူနဲ့ ကျန်ခဲ့သူရဲ့နာကျင်မှုတွေ
ဒီလူကြီးမလည်း သရုပ်ဆောင်ရတဲ့လောကမှာ ဘဝအတွက် ယုံကြည်ထားသမျှဖြိုချခံရသူလို ကြေကြေကွဲကွဲ မျက်ဝန်းတွေနဲ့ စိုးနင့်နေမှုတွေက ထပ်တူဝမ်းနည်းသွားမိစေတဲ့အထိ
မစ်ရှင်က နိုင်ငံကထွက်ပြေးမယ့်သူအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့
နိုင်ငံကူးလက်မှတ်ယူရမယ်
အဝတ်အစားလဲလို့ခြေရာဖြောက်ရမယ်
လေယာဉ်လက်မှတ်ဝယ်ယူရမယ်
နောက်ဆုံးလုံခြုံရေးဂိတ်ကိုဖြတ်သန်းလို့ ထွက်ခွာရမယ်ပေါ့
ရိုးရှင်းပါတယ်
ဒါပေမယ့်လေ ဒါပေမယ့်ပေါ့
ရထားမှားစီးလို့ ဆန့်ကျင်ဖက်ရောက်သွားတဲ့ ပြေးသူနဲ့
အပီအပြင်လေဆိပ်မှာကြိုစောင့်လို့ ဖမ်းမယ်တကဲကဲဖြစ်နေကြတဲ့ အဖွဲ့ရဲ့ ရယ်စရာအလွဲနဲ့ 😄
နောက်ဆုံးပွဲစဉ်တွေမှာတော့
တရစပ်မေးခွန်းတွေကြားက ငွေရေတွက်ရာမှာ နှစ်ခုလုပ်နေရင်ဗျာများတတ်ပေမယ့် တခုတည်းကိုသေချာအာရုံစိုက်လုပ်ရင် ထူးချွန်တဲ့ ဂယ်ရီ'ရဲ့စွမ်းရည်
အဝတ်သေတ္တာအတွင်းက လေယာဉ်လက်မှတ်ရှာလို့ ယှဉ်ပြိုင်ရာမှာ ရသစုံရှိုးအတွက် သူနဲ့ကိုက်ညီတဲ့ စရိုက်လက္ခဏာအမူအကျင့်ကို စတင်ရှာတွေ့သွားတဲ့ လီဂွမ်ဆူ
နောက်ဆုံးပန်းဝင်ခါနီးမှာ ခြေထိုးလှဲချခဲ့တာကြောင့် စောတကတက်မှုတွေနဲ့
ကြိုပြောခဲ့သည့်အတိုင်း ပြစ်ဒဏ်ကပြင်းထန်ခဲ့ပြီး
ကမ်းစပ်မှာအဝတ်ပါးနဲ့ချထားခဲ့ရင်း မျက်နှာမှာရွှံ့လိမ်းရမတဲ့ဗျာ
။
။
။
🌹အထူးအချက်
အရှိန်ရလာတဲ့ မြို့တွင်းလူထုအကြားရိုက်ကူးမှု
ဒုတိယမ္မိလှည့်စားခဲ့တဲ့ ဂျီဟျို'နဲ့ အမှန်အကန်ကျေကွဲသွားသူ
ရှေ့အပိုင်းတွေကစားရာမှာ ပုံမှန်အတိုင်းသာယှဉ်ပြိုင်ခဲ့ပေမယ့် ဒီမှာတော့ နောက်ပိုင်းတွေမှာ သူ့ရဲ့စရိုက်လက္ခဏာလိုဖြစ်တဲ့ ကစားစဉ်အတွင်းအနိုင်ရဖို့သက်သက်ထက် ဖျော်ဖြေရေးကဲတဲ့ ပုံစံတခုကို ပထမဆုံး ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့
လီဂွမ်ဆူ
။
။
ကြည့်ရန်
Https://t.me/rmkolayinde
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။




















































































































































No comments:
Post a Comment