Https://www.youtube.com/@thantunlayinde
.
၃၀
Guest: Seungri (Big Bang)
Site : The National Center for Korean Traditional Performing Arts
.
အပိုင်း ၂၅ တုန်းကဆိုခဲ့တဲ့အတိုင်း ၂၅ ကနေစလို့ နောက်ပိုင်းတွေက တပိုင်းချင်းစီကိုက ကိုယ်ပိုင်စရိုက်လက္ခဏာပုံရိပ်တွေနဲ့ ပစ်ရက်စရာကိုမရှိခဲ့တာ သိပ်ကိုကောင်းတာ
၁၀၀ ကျော်တွေမှာက ဖောင်ကျပြီးသားအတိုင်းအတာနဲ့ ချဲ့ထွင်လို့ထပ်ဆင့်မွန်းမံရင်း ပိုကောင်းသွားတာ ပိုပြည့်စုံနေတာလို့ဆိုနိုင်ပေမယ့်
ဒီအပိုင်းတွေ ဒီအားထုတ်မှုတွေမရှိခဲ့ရင် အဲ့ဒါတွေက ဖြစ်ပေါ်လာစရာမရှိဘူးမဟုတ်လား
ကိုရီးယားအမျိုးသားယဉ်ကျေးမှုဌာနမှာ ကစားခဲ့ကြတဲ့ဒီပွဲမှာ
စလိုက်ကတည်းက တကျက်ကျက်ဖြစ်ခဲ့ကြသူတွေ
အရူးအမူးစွဲလမ်းနေသူလေးကို ကရုဏာသက်သက်စွာ အချစ်ဒဿနများရှင်းပြနေတဲ့ မစ္စတာယူ
ခန်းမထဲဝင်လိုက်ရင်ပဲ ရိုးရာအဝတ်အစား တူရိယာပစ္စည်း ဂီတအကအလှပညာရှင်များစွာနဲ့ ခန်းခန်းနားနားပြင်ဆင်ထားတဲ့ ထုတ်လုပ်သူတို့ရဲ့ပံ့ပိုးမှု
သိပ်ကိုပြည့်စုံတာဗျာ သာမန်ရှိုးတခုအတွက် လားရာမသေချာသေးတဲ့ (အဲ့ဒီအချိန်က သိပ်မပေါက်သေး) အရာအတွက် ရင်းနှီးမြှပ်နှံရဲတဲ့ထုတ်လုပ်သူတို့ရဲ့သတ္တိကလည်း ချီးကျူးစရာ
ဒီမှာလိုခေတ်အခါလိုက် ပေါတောတောတွေလုပ် အနုပညာဗန်းပြ ငွေရှာနေကြသူတွေလိုမျိုးမဟုတ်
သူတို့ရဲ့ရိုးရာ အစားအသောက် အပန်းဖြေစခန်း အားကစားကွင်း အထိမ်းအမှတ်နေရာ စသည်ဖြင့်နေရာမျိုးစုံကို သေသေချာချာချပြနေတာ ခုထိတနေရာမှမထပ်သေးဘူးရယ်
ပြီးတော့ပြရာမှာ သမန်ကာလျှန်ကာမဟုတ်ဘူးနော် သေသေချာချာကျကျနန အသေးစိတ်ကလေးတွေကအစရိုက်ပြတာ
ဒီအပိုင်းမှာဆိုရင် ရိုးရာဂီတပညာရှင်တွေ အဆိုအကပညာရှင်တွေများစွာကိုပွဲထုတ်ပေးခဲ့တာ
ပြီးတော့ရိုးရိုးကြီးမဟုတ်ဘူးနော် ခေတ်ပေါ်နဲ့ဆန်းသစ်တဲဘအတွေးစိတ်ကူးတွေကိုပါ တပါတည်းချပြသွားတာ
ဒီသဘောကို ဒုတိယပွဲမှာ ချပြသွားတယ်
နောက်ဆုံးပွဲကတော့ PD တို့အလဲလဲအကွဲကွဲကြိုတင်စမ်းသပ်ပြီးမှ 😃 ဖြစ်နိုင်မယ့်အချိန်ကိုမှန်းစလို့ ထိုအချိန်အတွင်း အားလုံးစုပေါင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်
။
။
။
🌹အထူးအချက်
အသံဖမ်းဒါရိုက်တာရဲ့ ငိုက်မြည်းမှေးဆက်နေတဲ့ဓါတ်ပုံကြောင့် အားလုံးပတ်တုတ်မနိုင်ဖြစ်ကြသည်အထိ
သူတို့မှန်းဆထားတာထက် လွယ်လွယ်ကူကူအောင်နိုင်သွားတာကြောင့် နောက်တပတ်ပိုခက်ခဲလိမ့်မယ်လို့ ကြိုတင်အသိပေးသွားတဲ့ PD များ
။
။
ကြည့်ရန်
Https://t.me/rmkolayinde
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်





























































































No comments:
Post a Comment