Https://www.youtube.com/@thantunlayinde
.
၂၈
Guest: Kim Byung Man
.
ပထမဆုံးအနေနဲ့ ဒီအပိုင်းကိုဘာကြောင့်ပြန်ကြည့်သင့်လဲလို့မေးရင်း ောက်ရမ်းကောင်းလို့ပေါ့ကွာလို့ တစ်တစ်ခွခွ အားပါးတရကြီး ဖြေချလိုက်ခြင်တယ်
ဘာကြောင့်ကောင်းလဲလို့ထပ်မေးရင်တော့ အလုပ်တခုလို ဝတ်ကြေတန်းကြေလုပ်နေကြတာမျိုးမဟုတ်ဘဲ အားလုံးပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနဲ့ကို စီးမျောရင်း အချိန်ကုန်လို့ကုန်မှန်းမသိဖြစ်ခဲ့ကြ
အန်ဆောင်း က G ချွေးထုတ်ခန်းမှာကစားကြမယ့်ဒီပွဲမှာ ရှေ့အပိုင်းတွေတုန်းက ရလာတဲ့အရှိန်နဲ့ ဧည့်သည်ကိုတိုက်ရိုက်မိတ်မဆက်ဘဲ ရှာဖွေစေတယ်
ဧည့်သည်အတွက် ကူညီညာလှည့်စားပေးမယ့်သူတွေရွေးချယ်ရာမှာ အလုံးတူဒေါက်တူ RM. ရဲ့ FD ဂိုဒုံဝမ်' လည်းအပါအဝင်ပေါ့
ရှေ့အပိုင်းတွေမှာတုန်းက ရံဖန်ရံခါ TV မျက်နှာပြင်မှာပါဝင်ဖူးသည့်တိုင် ဒီလောက်ကြီးသေသေချာချာမရှိခဲ့သေး
ဒါကပဲ နောက်အပိုင်းတွေမှာ ပရိတ်သတ်တွေကို တမူထူးစွာဖြေဖျော်ပေးမယ့် ထူးခြားတဲ့ဆင်ယင်မှုများစွာနဲ့ပွဲထွက်လာမယ့်သူတယောက်မွေးဖွားလာခြင်းအစပေါ့
တနည်း သူပေါ်မလာခင်အချိန်ကာလမှာ တောက်လျှောက်အသုံးပြုခဲ့တဲ့ ကင်ဂျုံကု'ရဲ့ မန်နေဂျာ ကွယ်ပြောက်လာရခြင်းလို့လည်းဆိုနိုင်ပါတယ်
ဒုတိယပွဲကတော့ ဝိတ်ချသံစဉ်'တဲ့
ဂျင်ခန်းအတွင်းက ကိရိယာတွေကိုအသုံးပြုလို့သီချင်းဆိုကာ ဝိတ်ကျအောင်လုပ်ရမှာ
ဪမေ့လိုဗျ မကစားကြသေးခင်ကာလမှာ ဆုန်းဂျီဟျို'က တကိုယ်တော် သီဆို ဖျော်ဖြေပေးခဲ့ပါတယ်
အံမယ် သူမက အမြင့်သံဆိုရာမှာ နည်းနည်းလိုသွားတယ်ဆိုပဲ
ဒါကြောင့် နောက်တပုဒ်ထပ်ဟဲမယ်အလုပ် အစ်ကိုမောင်တွေဝိုင်းတားကြမှ PD တို့ကော VJ တို့ပါ သောတရုံနှစ်ဖက်ငရဲဆင်းရဖို့အရေးက လွတ်မြောက်သွားပါတော့တယ် 😄
သူမက ဝောာ်တော့်ကိုပျော်နေပုံရပြီး တကူးတကခေါ်စရာမလိုပဲနဲ့ကို ပြေးပြေးဆိုလိုက် ထထကလိုက်နဲ့ရယ် မြင်ရခဲဘိတောင်း 😁 ရေလှိုင်းအကဆိုတာတောင်လုပ်လိုက်သေးတာ
ကင်ဂျုံကု'နဲနာမည်ကျော်သီချင်းကို နောက်တောက်တောက်နဲ့ လျှောက်ဆိုနေတဲ့ ယူဂျယ်ဆော့' နဲ့ ဟားဟား'တို့ကတော့ ကရာတေးကစ်စာမိသွားတယ်
နောက်ဆုံးပွဲကတော့ ဧည့်သည် ကင်ဗြောင်မန်'ရဲ့ နယ်ပယ်ဖြစ်တဲ့ တကိုယ်တော်စွမ်းရည်ပြခြင်း
ဂယ်ရီ'ရဲ့ ဘရုစ္စလီအလား နံချပ်ကူစကေးကအံ့ဩလောက်တယ်
။
။
။
🌹အထူးအချက်
FD ဂိုဒုံဝမ်' ပထမဆုံး အထူးပါဝင်လာခြင်း
ဂျီဟျို'ရဲ့ အဆိုစကေးနဲ့ အကစွမ်းရည်
ပြီးတော့ သူမက ဒီအပိုင်းမှာ ဆံပင်ညှပ်ထားပုံပဲ
ဂုတ်ဝဲသာသာလေးဖြစ်မယ်ထင်တယ် တပိုင်းလုံးစုစည်းထားတော့သိပ်ဝော့မသေချာ နောက်အပိုင်းမှာတော့သေချာတယ်
။
။
ကြည့်ရန်
Https://t.me/rmkolayinde
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။






































































































































No comments:
Post a Comment