သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, June 1, 2025

Running Man ep 27

Running Man ep 27

Https://www.youtube.com/@thantunlayinde 

.

၂၇

Guests: Max Changmin and U-Know Yunho

.

အနုပညာခန်းမမှာကစားမယ့်ဒီပွဲမှာ ရှေ့ပွဲကကံဆိုးခဲ့သူအဖွဲ့သားတို့က ပြစ်ဒဏ်ခံယူရင်း ရောက်ရှိလာကြပါတယ်


ရှေ့အပိုင်းတုန်းက ဧည့်သည်ရှာရာမှာ လျှင်မြန်စွာပဲဖမ်းမိခဲ့တာမို့ ဒီအပိုင်းမှာတော့ ဧည့်သည်တို့အတွက် ကူညီညာလှည့်စားပေးမယ့်သူတွေများစွာအသုံးပြုခဲ့တာမို့ အဖွဲ့သားတိုရှာရခက်ခဲခဲ့ပြီး ဘယ်လိုမှမရသည့်အဆုံး PD တို့က သဲလွန်စပေးခဲ့ပါတယ်


လိုက်ရှာအားလုံးများက တဖွဲ့တည်းဖြစ်ပါတယ်

နောက်ထပ်ထူးခြားတာက ပုန်းသူဧည့်သည်တို့ရဲ့မစ်ရှင်က ဘောလုံးရှာရမှာဖြစ်ပြီး ထိုအပေါ်မှာရေးထားတဲ့ အမည်အလိုက် ရှာသူတို့ကိုတန်ပြန်ထုတ်ပစ်နိုင်ခွင့်ပါ


ရှာသူတို့အတွက် ဒီအစွမ်းပေးလိုက်တာ ဒါပထမဆုံးပဲ

ကံထူးသွားတာက ဂယ်ရီ၊ ဂျွန်ကီ

ထုတ်ခံရသူတွေကို ဆောင်းဘောက်ကနေ အားလုံးသိအောင်ကြေငြာတာလည်းဒီအပိုင်းမှစတာပါ


နောက်ပွဲကတော့ ဆင့်ကဲပန်းချီပြိုင်ပွဲ

ဒီမှာပြိင်ပွဲမစခင် ဧည့်သည်ကောင်လေးနှစ်ယောက်အနီး ဂျီဟျို'ကို ဂျွန်ကီ'က ပြောင်းရွေ့နေစေတော့ 


ငါ့မုန်းတဲ့သူတွေ သိန်းချီသွားလိမ့်မယ်ဟ 

နင့်ပရိတ်သတ်တွေနဲ့တင်လုံလောက်နေပါပြီလို့ 

အပိုင်း ၁၅ ရဲ့ ပြကွက်တခုကိုရည်ညွှန်းလို့ ပြန်လည်‌ပြောဆိုခဲ့ပါသေးတယ်


ပန်းချီဆွဲရာမှာတော့ ဂျွန်ကီ'က အပိုင်း ၁၇ တုန်းက သူ့ကိုပန်းချီညံ့တယ်ပြောလို့ သင်တန်းတက်ထားကြောင်းဆိုလာတယ် 


သူတို့အနုပညာရှင်တွေက ဒါတွေကြောင့်ပဲ ထိပ်တန်းအဆင့်မှာ ကြာရှည်စွာရပ်တည်နိုင်နေတာနေမှာ


ဖန်အားကိုးနဲ့ ချစ်တဲ့စိတ်နဲ့ကြည့်ပေးပါတို့

အမှားပါရင်ခွင့်လွှတ်ပါတို့လို မျက်ရည်ခံထိုးမနေဘူး


ကိုယ့်အားနည်းချက်ကို ချစ်သောသူတို့ရဲ့ ကရုဏာကိုအသုံးချလို့ လှည့်စားဖုံးကွယ်ပစ်တာမျိုးမလုပ်ဘူး


ကိုယ့်မှာမရှိရင်ဖြည့်တင်းတယ် သင်ယူတယ် အားပေးသူပရိတ်သတ်တွေကို အရည်အသွေးပြည့်မီစွာပေးနိုင်ဖို့ကြိုးစားတယ် 


ပန်းချီဆွဲရာမှာဝောာ့ ထူးထူးခြားခြားပါပဲ

ဂယ်ရီ'ရဲဘပုံတူဆွဲခိုင်းတယ် အဟုတ်ဗျ အပိုင်း ၁၅ တုန်းက (ဘယ်သူဆွဲခဲ့လဲသေချာမသိ) ဂယ်ရီ့'ပုံတူလေးထောင့်မျက်နှာ ဦးထုတ်ဆောင်းထားတဲ့ပုံဆွဲလိုက်တာ ခန့်မှန်းရသူထိုလူကြီးအဖြေက ဒက်တိကွက်တိ


နှစ်ဖက်အမှတ်တူနေတော့ ဘောလုံးပွဲတွေမှာ အတိတ်တချိန်တုန်းကသုံးခဲ့တဲ့ ရွှေဂိုး'စည်းမျည်းနဲ့ ဆက်လက်ယှဉ်ပြိုင်စေပါတယ်


ရွှေဂိုး'ဆိုတာက မိနစ် ၉၀ အတွင်းသရေကျနေရင် အချိန်ပို ဆက်လက်ယှဉ်ပြိုင်စေရင်း တဖက်ဖက်က ဂိုးသွင်းလိုက်တာနဲ့ ထိုအသင်းကိုအနိုင်ပေးလို့ ကစားပွဲကို ချက်ခြင်းရပ်ပစ်လိုက်တာပါ


နောက်ဆုံးပွဲကတော့ ဆွီဒင်ဂီတအဖွဲ့ ABBA ရဲ့သီချင်းကို SNSD ရဲ့ကကွက်နဲ့ တွဲစပ်ဖျော်ဖြေရမှာပါ


ဒါတင်မကသေးဘဲ အဆုံးသတ်ပို့စ်ပါထပ်မံတွဲဆက်ရပြီး 

တကြိမ်တည်းသာစိန်ခေါ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ် 

ဘွာတေးလုပ်လို့မရဘူးပေါ့

အောင်မြင်သွားရင်တော့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရမှာပါ

🌹အထူးအချက်

ပထမဆုံး ပုန်းသူတို့က ရှာသူတွေကိုတန်ပြန်ထုတ်နိုင်ခွင့်ရ

ပထမဆုံး ထုတ်ခံရသူတို့ကို အားလုံးသိအောင်ကြေငြာပေး


"ငါ့မုန်းသူတွေ သိန်းချီရှိသွားလိမ့်မယ်"

လို့ ဂျီဟျို'ရဲ့ပြောစကား


ဂယ်ရီ"ရဲ့ပုံတူ


အဖွဲ့သားတို့ရဲ့အကစွမ်းရည်တို့ကိုမြင်ရမှာမို့

မဖြစ်မနေ ပြန်ကြည့်ကိုကြည့်သင့်တဲ့အပိုင်းလို့ဆိုပါရစေ

ကြည့်ရန်

Https://t.me/rmkolayinde 

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်

မုချအဆုံးသတ်တော့မည်

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်


































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး