သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, May 19, 2025

Running Man ep 9


Running Man ep 9

Https://www.youtube.com/@thantunlayinde 

.

Guests. Kim Su-ro · Shin Bong-sun · Lee Hong-gi

.

အုပ်စုလိုက်အဖွင့်မိတ်ဆက်ခဲ့တာ ဒါပထမဆုံးအပိုင်းပါပဲ

ရှေ့အပိုင်းတွေမှာတုန်းက တယောက်ခြင်းစီဝင်လာကြတာပါ


ဒီအပိုင်းကိုကလေးကစားကွင်းမှာကျင်းပခဲ့ပြီး

အဖွင့်ကဧည့်သည် ဘုံဆွန်'ရဲ့ ကင်ဂျုံကုအပေါ် love line ချိတ်ဆက်မှုကြောင့်နည်းနည်းပြသချိန်ကြာခဲ့တယ်


မိတ်ဆက်အပြီးမှာတော့ ထိတ်လန့်စရာကောင်းကင်ရထား (rollercoaster) စီးလို့ သီချင်းဆိုပြိုင်ခဲ့ကြပါတယ်


နောက်နာမည်ကတ်ခွာခဲ့ကြပြီး ရှေ့နည်းတူ တနာရီအတွင်းရှာရမှာပါ တနေရာတည်းမှာကျောက်ချပုန်း‌မနေနိုင်ဖို့ ပုန်းသူကိုလည်း တာဝန်ပေးထားပါတယ်


ရှေ့နဲ့မတူတော့တာက ဒီတခါပုန်းသူတွေက ကလေးများအဖွဲ့ပါ ရှာသူမုဆိုးများအဖွဲ့က တံမြက်စည်းစာမိသွားတဲ့ အစ်ကိုကြီးနှစ်ယောက်


နောက်ပိုင်းမှာဒေါက်လျှောက်အသုံးပြုလာတဲ့ 

လက္ဖက်ရည်ဝိုင်းနဲ့ပြိုင်ပွဲကိုအဆုံးသတ်ရင်း 

ရှုံးတဲ့အသင်းက ရှေ့အပိုင်းက ဘောင်ဘီတိုအပြင် 

မိုးပျံဗူပေါင်းကိုပါ ကိုင်ဆွဲထားရမှာဖြစ်ပါတယ်


ဪမေ့လို့ဗျ ကော်ဖီမသောက်ခင်လေးမှာ အပေါ့စားဂိမ်းအဖြစ် စာအုပ်ပေါ်အကြွေစေ့တင်လို့ လန်အောင်ရိုက်ကြရသေးတယ်

.

.

🌹အထူးအချက်

ပြသချိန်အတွက် ဇွတ် love line ချိတ်ဆက်ခဲ့တာကြောင့် 

မလုပ်ချင်တာကြီးကို အခြေအနေအချိန်အခါငဲ့လို့လုပ်နေရတဲ့အတွက် အတော်မွန်းကြပ်နေတဲ့ ကျားကြီးကို မြင်တွေ့ရမှာပါ


ကျားမမဟူ ကျွန်တော်တို့လည်းစာနာနားလည်နိုင်ပါတယ်

တချို့အတွက်မဖြစ်လောက်တဲ့ 

မပြောပလောက်တဲ့စဉ်းငယ်သောကိစ္စလေးတွေက 


အချို့အတွက်ကျ ကြီးမားသောတောင်တန်း

လုံးဝမပြုသင့်လို့ယုံကြည်စွာစောင့်ထိမ်းခဲ့ရာ အလေးအနက်ထားရာ ကိုယ်ကျင့်တရားမျိုး ဖြစ်နေနိုင်တယ်မဟုတ်လား

.

.

ကြည့်ရန်

Https://t.me/rmkolayinde 

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

.

#

နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်














































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး