သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, May 21, 2025

Running Man ep 10


Running Man ep 10

Https://www.youtube.com/@thantunlayinde 

.

၁၀

Guests - Cha Tae Hyun and Yoon Se Ah

.

အမျိုးသားပြတိုက်မှာကစားမယ့်ဒီအပိုင်းမှာတော့

ပရိတ်သတ်များအပြင် အဖွဲ့သားတို့ရဲ့ ဝေဖန်အကြံပြုစာလွှာများကိုတောင်းခံလို့ အလေးထားသုံးသပ်ရင်း ပိုကောင်းလာအောင်ကြိုးစားခဲ့တဲ့ PD တို့ရဲ့ နာခံလွယ်တဲ့စိတ်ထားလေးက လေးစားစရာ သဘောကျစရာ

 

ဒီအပိုင်းအစမှာတော့ လက်ခံရရှိထားတဲ့စာလွှာတချို့ကိုဖတ်ပြခဲ့ပြီး နောက်အပိုင်း ၁၁ မှာတော့ ဂျီဆော့ဂျင်း'အကြံပြုခဲ့တဲ့ကစားပွဲကို လက်တွေ့အကောင်အထည်ဖော်ခဲ့ရာက ‌အစောပိုင်းတွေမှာဒေါက်လျှောက်ဆိုသလို ထိုအတွေးစိတ်ကူးက‌နေဆင့်ပွားမြှင့်တင်လို့ အသုံးပြုခဲ့သည်အထိ ရှိုးအတွက် အတော်အကျိုးရှိသွားတဲ့ ဆန်းသစ်တဲ့စိတ်ကူးကြံဆမှုလို့ဆိုရမှာပါ


ပြန်ဆက်ကြပါစို့ ရှေ့အပိုင်းပြီးစဉ်က အသေးစားခွဲစိတ်မှုလုပ်ခဲ့ရတာကြောင့် နားရလိမ့်မယ်ထင်မှတ်ထားတဲ့ ကင်ဂျုံကု'ကို

ဝိုင်းဝန်းကျီစယ်ခဲ့ကြပါတယ်


နှစ်‌ပိုင်းဆက်ပြောက်နေခဲ့တဲ့ ဆောင်းဂျွန်ကီ'လည်း 

ပြန်လည်ပါဝင်ခဲ့ပါတယ်


ကျားကြီး'ကို တမင်အကန်တွေပြောလို့ ပြသချိန်တွေရယူခဲ့တဲ့ ကိုနှာခေါင်းကြီး'က ဒီပွဲမှာတော့ သိသိသာသာလျှော့ချပစ်ခဲ့တယ်


ပြတိုက်အတွင်းမို့ဒီအပိုင်းကလည်းမပြေးရပါဘူး


အရှိန်ရလာတာနဲ့အမျှ ပြိုင်ပွဲသစ်တခုထပ်မံမိတ်ဆက်ခဲ့ပြီး

ပါဝင်သူတို့ရဲ့အားထုတ်မှုကြောင့် မဆိုးလှတဲ့ စိတ်ဝင်စားဖွယ်ပြသချိန်တွေရရှိခဲ့ပါတယ်


လေလံပြိုင်ပွဲပါ လေလံပစ္စည်းတွေကတော့ 

ကင်ဂျုံကု'ကို အသုံးချနိုင်ခွင့်

ရန်းနင်းလပ်ကီးဘောနဲ့

ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ဖြစ်ပါတယ်


ဆောင်ဂျွန်ကီ'က ဧည့်သည်အမျိုးသမီး ယူဆီဟာ' ကိုယ်စား သူရဲကောင်းလုပ်ကာ နှာဖူးအရိုက်ခံခဲ့ချိန် နောက်ထပ်ဧည့်သည် ချာတေးဟွမ်'ကိုကော သူရဲကောင်းလုပ်လိုပါသလားလို့ကမ်းလှမ်းရာမှာ 


ကျွန်တော်မြင်းပဲလုပ်တော့မယ်ဗျတဲ့ 😄

တကယ့်လူ ကိုယ်စားတော့အနာမခံနိုင်ဘူး သူရဲကောင်းရဲ့စီးတော်မြင်းဖြစ်ခါမှဖြစ်ရော့ပေါ့လေ


လေလံနောက်ဆုံးပွဲမှာ ကိုယ်စားအရိုက်ခံဖို့ကမ်းလှမ်းတဲ့ကောင်လေးကို တည်ငြိမ်စွာဘဲပယ်ချခဲ့တဲ့ ဆုန်းဂျီဟျို'ကြောင့် တစုံတဂယ်မှာအသည်းကွဲရှ


နောက်နာမည်ကတ်ခွာခြင်းမှာ ပုန်းရမယ့်အဖွဲ့အတွက်တာဝန်က ကမ္ဘာကျော်ပန်းချီကားများကို ရှာဖွေရမှာပါ ထူးခြားတာက ပန်းချီကားကိုဖြုတ်ယူချိန်မှာ သတိပေးသံတပ်ဆင်ထားတာမို့ ဖြုတ်ပြီးနှပ်နေလို့မရဘဲ ကမန်းကတမ်း ရှောင်ဖို့ပုန်းဖို့လုပ်ရတာပါပဲ


ပုံးအတွင်းဝင်ပုန်းနေတဲ့ ချာတေးဟွမ်'ကို တမင်စိတ်ဒုက္ခပေး

ပုန်းအောင်းရာကထွက်မလာရဲအောင် စိုးတထိတ်ထိတ်ဖြစ်အောင် ကျီစားသွားတဲ့ ဆောင်းဂျွန်ကီ


ရှေ့မကြည့်ဘဲ‌ရှောင်ထွက်လာတဲ့ပုန်းကွယ်သူက

ကျားကြီးရင်ခွင်ထဲမှစိုက်စိုက်မြိုက်မြိုက် 😄


ဒီတခေါက်လက္ဖက်ရည်သောက်ချိန်မတိုင်မီမှာ အပေါ့စားပြိုင်ပွဲလေးတခုကပ်ထားပါတယ်


အဖွဲ့သားတယောက်စီချန်ခဲ့လို့ ကျန်သူများကနှစ်သက်ရာပန်းချီကားကိုသွားရောက်ရွေးချယ်မှတ်သားစေပြီး 

ပြန်လည်ပန်းချီဆွဲပြကာ ချန်ထားခဲ့သူတို့က မှန်ကန်စွာရှာဖွေလို့ ဓာတ်ပုံရိုက်ယူခဲ့ရမှာပါ


ဒီအပိုင်းအခြားလေးက တနင်္လာစုံတွဲရယ်လို့ဖြစ်လာစေမယ့် 

တင်ဆက်သူကော ကြည့်ရှုသူကိုပါ ရင်ခုန်သံစည်းချက်မကျ ဗြောင်းဆန်‌စေမယ့်ကာလလေးပေါ့


သူတို့ပန်ချီကားသွားရှာကြချိန်မှာ ထူးခြားမှုတခုဖြစ်သွားတယ်

ကင်ဂျုံကု'ရဲ့ ယူဂျယ်ဆော့' ကယ်ရီကေးချားပုံကြောင့်ပဲ 

တကယ့်ကိုမိုက်တယ် လက်တန်းဆွဲတာဖြစ်ပေမယ့် စရိုက်သဘာဝကိုထိထိမိမိလွှမ်းခြုံနိုင်တဲ့ အနုပညာဖန်တီးမှုပါ


PD တို့ဆိုရင် ဘယ်လောက်တောင်သဘောကျသွားလဲဆို နောက်ပိုင်းကတ်ဖွက်ရာတွေမှာ အဖုံးပုံအဖြစ်အသုံးပြုသည်အထိ


လက္ဖက်ရည်ဝိုင်းမှာတော့ ရှေ့လေလံမှာအောင်နိုင်ခဲ့တဲ့ ဂယ်ရီ'က ကင်ဂျုံကု'ကတ်ကို ထုတ်သုံးခဲ့တာကြောင့် များပြားလွန်းတဲ့ကော်ဖီမှုန့်‌တွေနဲ့ဒုက္ခတွေ့သွားတဲ့ ကျားကြီး


နောက် ဖန်ပန်းကန်အတွင်းအကြွေစေ့ပစ်ထည့်လို့ကစားပြီး

ကော်ဖီသောက်အပြီးမှာပြိုင်ပွဲကို အဆုံးသတ်ခဲ့ပါတယ်


ဒိနောက်တော့ လပ်ကီးဘောနဲ့ဆုံးဖြတ်ကြရင်း

အနီရောင်ကလေးအသင်းက အနိုင်ရရှိသွားပါတယ်


လူကြီးအသင်းက ဆုန်းဂျီဟျို'ကတော့ ရှေ့မှာ ပြစ်ဒါဏ်ကင်းလွတ်ခွင့်လေလံအောင်ထားတာကြောင့် 

ဝင်းဦးအထာနဲ့ 😄 နိုင်ပွဲရသူတွေဖက်သွားရောက်လို့ 

ပူးပေါင်းအောင်ပွဲခံခဲ့ပါတယ် 


အနိုင်ရပြီးမပြန်သေးဘဲ 

လိုက်လံကြပ်ပေးခဲ့တဲ့ ဟားဟား'ကြောင့်


ပြစ်ဒါဏ်ခံကြရသူတွေကတော့ အမျိုးသမီးသဏ္ဍာန်ရုပ်ပြောင်ချယ်သလို့ လှုစည်ကားရာနေရာက စတိုးဆိုင်တခုရှေ့မှာ အသင့်ဖျော်ခေါက်ဆွဲဗူးဝယ်ယူကာ စားသောက်ပြီးချိန်မှ

ပြစ်ဒါဏ်အဆုံးသတ်ခဲ့ပါတယ်


ဒီတခါပြိုင်ပွဲပြီးဆုံးချိန်က အရင်အပိုင်းတွေလို မနက်လင်းအားကြီးအချိန်မဟုတ်ဘဲ မှောင်စလေးရှိနေသေးတာထူးခြားချက်ပဲ သန်းခေါင်းယံလောက်များဖြစ်နေမလားမသိ

.

.

🌹အထူးအချက်

ခွဲစိတ်ခဲ့ရပေမယ့်အနားမယူခဲ့တဲ့ကျားကြီး

ရရှိရာနေရာကို ကျေနပ်စွာဘဝင်တကျလက္ခံခဲ့တဲ့ ကိုနှာခေါင်းကြီး


ဒီအပိုင်းအပါအဝင် ရှေ့ပိုင်းကာလတွေမှာ ကင်ဂျုံကု'ရဲ့ မန်နေဂျာက မကြာခဏ အားဖြည့်ကူညီပေးခဲ့ပါတယ်

FD ဂိုဒုံဝမ်' ပွဲထွက်မလာသေးခင်ကာလတွေပေါ့


တနင်္လာစုံတွဲရဲ့ ရင်ခုန်ခြင်းအစနဲ့ 

စိတ်ဝင်စားဖွယ်ပြသချိန်တွေအတော်များများချပြနိုင်ခဲ့ပြီး 


PD တို့လိုချင်တဲ့ ဇွတ်လုပ်ယူရတာမျိုးမဟုတ်ဘဲ သက်သောင့်သက်သာနဲ့ အံကျခွင်ကျဖြေဖျော်နိုင်ခဲ့ပြီး


ရှိုးက သာမာန်ပြေးရင်းလွှားရင်း ကာယအားပြုကစားနေတာသက်သက်ထက် ရသအစုံနဲ့တဆင့်ထပ်မြင့်သွားပြီလိုဆိုနိုင်တဲ့အပိုင်းမို့


အားလုံးသေသေချာချာကို 

ပြန်လည်ခံစားကြည့်ရှုကြစေလိုပါကြောင်း

.

.

ကြည့်ရန်

Https://t.me/rmkolayinde 

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

.

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်






























































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး