Https://www.youtube.com/@thantunlayinde
.
၈
guests - Victoria, Lee Joon, and Park Jun Gyu
.
ဆိုလ်းမြို့ရဲ့ Gyeonghui နန်တော်ရာနဲ့ အနုပညာပြတိုက်မှာကစားမယ့်ဒီအပိုင်းမှာ
ကလေးအသင်းရဲ့တောင်းဆိုမှုကြောင့် ပြစ်ဒဏ်အနေနဲ့ မျက်နှာကိုဆေးချယ်ရုံသာမက ဘောင်းဘီတိုပါဝတ်လို့ လိုင်းကားစီးပြန်ရမှာပါ
ဒီအပိုင်းမှာတော့ ဆောင်းဂျွန်ကီ'မပါဝင်ခဲ့ပါဘူး
ကလေးနှစ်ယောက်နဲ့အတူ ကိုယ်ပိုင်အဖွဲ့လိုဖြစ်သွားတဲ့
ကင်ဂျုံကု 'ကြောင့် အသက်အကြီးဆုံးအစ်ကိုကြီးရဲ့
PD-ချို ' ဆီစောတကတက်မှုနဲ့အတူ
ယူဂျယ်ဆော့'က ဒီအသင်းမှာခေါင်းဆောင်လုပ်ပါဆိုဝောာ့ မင်းရှိနေတာပဲဆိုပြီး ကျေနပ်စွာနောက်မှာရပ်ခဲ့မှုက သဘောကျစရာ
မိတ်ဆက်ပြီးပြီးချင်းပဲ ပြတိုက်အတွင်းကအမှတ်ရစရာတွေလွမ်းစရာ့အတိတ်တွေဆီခေါ်ဆောင်သွားတယ်
ပထမဆုံးကစားပွဲအဖြစ် လက်ညှိုးနဲ့လက်သူကြွယ်ကိုနောက်ပစ်လို့ လက်ခလယ်နဲ့ကလန့်ကာ ဝါးတူကိုရိုက်ချိုးရမှာပါ
နာကျင်မှုကိုအလေးမပြု တုန်လှုပ်ခြင်းမရှိတဲ့ ဂယ်ရီ'ရဲ့စွမ်းရည်
ဘာကျွမ်းကျင်လဲအမေး အူတူတူဖြစ်နေတဲ့ ဂျီဟျို'ကိုယ်စား
တနင်္လာကောင်လေးအလောင်းလျာဖြတ်ဖြေလိုက်တာက
ချစ်တာတဲ့ 😄
ရုတ်တရက်မင်သက်သွားပြီးနောက်
အားလုံးမပြုံးဘဲဝါးလုံးကွဲရယ်မောမိကြသည်အထိ
ပြီးနောက်မှာတော့ အဝတ်ညှပ်တွေကို မျက်နှာရဲ့အစိတ်အပိုင်းတွေမှာညှပ်လို့ တဖက်နဲ့တဖက်ဆွဲကြရင်း နာကျင်မှုဒဏ်ခံနိုင်စွမ်း ယှဉ်ပြိုင်ကြတယ်
နာမည်ကတ်ခွာမယ့်ပြိုင်ပွဲဟာ အချိန်တနာရီအတွင်းသာသတ်မှတ်ထားတာမို့ တနေရာတည်းအခြေချပုန်းအောင်းမနေနိုင်ဖို့ လက်မောင်းမှာ သတိပေးအချက်ပြမယ့်ဖုန်း PD အဖွဲ့ကတပ်ပေးလိုက်တယ်
ပြီးတော့မှတ်ထားရမှာက
နန်းတော်နဲ့ပြတိုက်အတွင်းမှာဆိုရင် ပြေးခွင့်မပြုပါဘူး
ဒီမှာ ဂျီဟျို'ရဲ့အစွမ်းနဲ့ ပုန်းသူတို့အနိုင်ရသွားခဲ့ပါတယ်
ပြီးနောက်လက္ဖက်ရည်ဝိုင်းမှာတော့ အဖွဲ့သားတို့ရဲ့ငယ်ဘဝပုံရိပ်တွေကိုပြသလို့ သူတို့ပြောခဲ့တဲ့စကားတွေကို မှန်းဆရမှာပါ
ဒီပြိင်ပွဲပြီးဆုံးချိန်မှာတော့ လပ်ကီးဘောနဲ့အနိုင်အရှုံး အဆုံးအဖြတ်ခဲ့ကြပါတယ်
.
🌹အထူးအချက်
ဆောင်းဂျွန်ကီ'ပထမဆုံးအနေနဲ့မပါဝင်ခဲ့
အဖွဲ့သားတို့ရဲ့ ငယ်ဘဝပုံရိပ်များ
ဂျီဆော့ဂျင်း နဲ့ ကင်ဂျုံကု တို့ရဲ့ နေရာစီးချင်းနဲ့ ယှဉ်ပြိုင်မှုတို့ကိုမြင်တွေ့ရမှာဖြစ်ပြီး ဒီအကြောင်းကိုတော့ သီးခြားဆောင်းပါတပုဒ်ရေးခဲ့ပြီးမို့ ထပ်မရေးတော့ပါဘူး
တူရိုက်ချိုးတာနဲ့ အဝတ်ညှပ်ဆွဲတာ
နောက်ပိုင်းမတွေ့ဘူးလားလို့ သေတော့မသေချာဘူး
ဟုတ်ရင်တော့ တပိုင်းတည်းသာကစားတဲ့ကစားပွဲတွေထဲထည့်မှတ်ထားရမယ်
.
.
ကြည့်ရန်
Https://t.me/rmkolayinde
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်































































No comments:
Post a Comment