သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, May 18, 2025

Running Man ep 7

 

Running Man ep 7
Https://www.youtube.com/@thantunlayinde 
.
7
Guests · Jo Kwon · Ham Eun-Jeong · Jung Yong-Hwa
.
ဆယ်ဂျွန်းအနုပညာခန်းမမှာကျင်းပမယ့် ဒီပြိုင်ပွဲမှာတော့ အဖွင့်ကိုခန်းမရှေ့မှာဘဲ ပြုလုပ်ခဲ့ပါတယ်

ဆုန်းဂျီဟျို'ပြန်လည်ပါဝင်ခဲ့ပြီး 
ဒီတခါတော့ အမြဲတမ်းအဖွဲ့ဝင်အဖြစ်နဲ့ပါ 

ရိုက်ကူးချိန်ချင်းငြိနေတာကြောင့် လီဂွမ်ဆူ'ကတော့ 
တဝက်လောက်မှ လာရောက်ပူးပေါင်းနိုင်ခဲ့ပါတယ်

မိတ်ဆက်ပြီးပြီးချင်းပဲ ပထမဆုံးပြိုင်ပွဲအဖြစ် 
လာရောက်လည်ပတ်ကြသူတွေထဲကတယောက်နဲ့ ဆယ်စက္ကန့်ကြာစုံတွဲဦးထုတ်ဆောင်းပြရမှာဖြစ်ပြီး 
ကိုနှာခေါင်းကြီးကို ဟားရိုရို'အရှုံးပေးခဲ့ရပါတယ်

ပြီးနောက်မှာတော့ ခန်းမထဲဝင်ရောက်လာပြီး 
ဓာတ်ပုံရိုက်ပြိုင်ပွဲစပါတယ်

နောက်နာမည်ကတ်ခွာရာမှာ ရှေးယခင်ကလို နှစ်ဖွဲ့ပြိုင်ခွာကြတာမျိုးမဟုတ်ဘဲ ဖမ်းသူနဲ့ပုန်းသူရယ်လို့ သီးခြားတာဝန်ပေးလိုက်ပါတယ်

နောက်ဝောာ့လက္ဖက်ရည်ဝိုင်းပေါ့ ဒီမှာနောက်ကျနေတဲ့ အာရှမင်းသားလေးအလောင်းလျာ‌ 😄 လာရောက်ပူးပေါင်းပါတယ်

နောက် အချို့သောပြိုင်ပွဲတွေကိုဖန်သားပြင်မှာ အကွက်ငယ်ဖြင့်သာပြသလို့အချိန်ကိုချုံ့ရင်း လပ်ကီးဘောနဲ့ဆုံးဖြတ်ရာမှာ ရှုံးနိမ့်တဲ့မုဆိုးများအသင်းက မျက်နှာမှာဆေးချယ်လို့ မြို့ပတ်ရထားစီးနင်းကာ ပြစ်ဒဏ်ခံကြရပါတယ်
.
.
🌹အထူးအချက်
ဆုန်းဂျီဟျို တရားဝင်အဖွဲ့သားဖြစ်ခြင်း
လီဂွမ်ဆူ' ပြိုင်ပွဲတဝက်မှလာရောက်ပူးပေါင်းနိုင်ခြင်း

နာမည်ကတ်ခွာရာမှာ 'ပုန်းသူနဲ့လိုက်သူမုဆိုးများအသင်း'
ဆိုပြီးပထမဆုံး သီးခြားတာဝန်ပေးခဲ့ခြင်းတို့ပါ
.
.
ကြည့်ရန်
Https://t.me/rmkolayinde 
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်



































































No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး