သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, May 18, 2025

Running Man ep 6


Running Man ep 6
Https://www.youtube.com/@thantunlayinde 
.
Guests- singers Se7en, Son Dam Bi, and comedian Kim Shin Young

ဆိုးလ်မြို့မျှော်စင်မှာယှဉ်ပြိုင်ဆော့ကစားခဲ့တဲ့ဒီပွဲစဉ်မှာ ပြင်းထန်တဲ့ပြစ်ဒဏ်ပေးမှာလို့ PD တို့က အစောကြီးကတည်းက သတိပေးခဲ့ပါတယ်

ဒီအပိုင်းမှာတော့ ဆုန်းဂျီဟျို'မပါဝင်ခဲ့ပါဘူး
စာချုပ်ကိစ္စညှိတုန်းမို့ထင်ပါတယ်

မိတ်ဆက်ပြီးချိန်မှာ မျှော်စင်ဆီသွားရာလမ်းမှာ ခြေကျင်တက်မလား ကားနဲ့တက်မလားရွေးရာမှာ အစိုးရိမ်လွန်ကာ ခြေကျင်ရွေးသူတို့  ကံဆိုးခဲ့ရတယ်

တောင်ပေါ်စောရောက်လို့ မစ်ရှင်ကြိုတင်စခွင့်ရခဲ့တဲ့ကလေးအသင်းက ရန်းနင်းလပ်ကီးဘောကို ရရှိသွားပါတယ်

ဒုတိယပွဲမှာဝောာ့ မှောက်ထားတဲ့စတီးပုံးတွေကို ခြေနဲ့ထပ်ကာထပ်ကာဆင့်ယူလျှောက်သွားရမှာပါ 

အင်မတန် အန္တရာယ်များတဲ့ကစားနည်းမို့ ကစားသမားတွေဟန်ချက်ပျက် ခြေကျင်းဝတ်လည်လို့ ခြေခေါက်ခေါက်ကျသည်ကခဏဏ 

ကြီးကြီးမားမားဒဏ်ရာရမသွားကျတာဘဲ 
ကံကောင်းလွန်းတယ်ဆိုရမှာပါ
ဒါကြောင့်ထင်တယ် နောက်ပိုင်း ဒီကစားနည်းမထည့်တော့ဘူး

ပြီးနောက်မှာတော့ နာမည်ကတ်ခွာခဲ့ကြပြီး
အရုဏ်တက်ခါနီးမှာတော့ တတိယမြောက်ပြိုင်ပွဲအဖြစ်
ရှေ့အပိုင်းမှာတုန်းက စိတ်ဝင်စားဖွယ်ပြသချိန်တွေဖန်တီးနိုင်ခဲ့တဲ့ လက္ဖက်ရည်ဝိုင်းကို ပြိုင်ပွဲသဏ္ဍာန်အဆင့်မြှင့်တင်လို့ ကစားခဲ့ကြပါတယ်

နောက်ဆုံးပြိုင်ပွဲအဖြစ် ပူတွဲကြက်တောင်ရိုက်ခြင်းနဲ့အဆုံးသတ်ခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ ရန်းနင်းလပ်ကီးဘောတွေကို လေအိုးမှာထည့်လို့ကံစမ်းကြရင်း ရှုံးနိမ့်သူတို့ကတော့

ကိုယ်လက်သုတ်သင်ခွင့်မပြုတဲ့အပြင်
မျက်နှာမှာပါဆေးချယ်လို့ အိမ်ကိုလိုင်းကားစီးကာ 
ပြန်ကြရပါတယ်

.
🌹အထူအချက်အနေနဲ့ 
ရန်းနင်းလပ်ကီးဘော စတင်အသုံးပြုတဲ့အပိုင်းပါ
သန်းခေါင်ကျော်လက္ဖက်ရည်ဝိုင်းပြိုင်ပွဲလည်းစတင်ခဲ့

ဆိုခဲ့သလို ဘယ်ဝော့မှပြန်မကစား‌တော့တဲ့ စတီးပုံးထပ်ကစားနည်း အပိုင်းတစ်နဲ့ဇာတ်သိမ်းခဲ့ရာပါ

အရင်လို ငွေးကြေးနဲ့ကုတ်နံပါတ်နဲ့မဟုတ်တော့ဘဲ
လပ်ကီးဘောနဲ့အနိုင်အရှုံးကိုဆုံးဖြတ်တာက 

မည်မျှပင်ရှေ့ပွဲတွေကနိုင်ခဲ့နိုင်ခဲ့ 
ဘောလုံးအ‌အရေအတွက်ဘယ်လောက်ပင်များများ 
ပြစ်ဒဏ်မခံရဖို့က ကံတရားရဲ့အဆုံးအဖြတ်ဖြစ်တာကြောင့် 
နိမ့်ပါးခဲ့တဲ့အသင်းအတွက်ပါ အနိုင်ရလဒ်ကို နောက်ဆုံးအချိန်အထိ မျှော်လင့်နိုင်ခြင်းက 

ပြိုင်ပွဲကို ရင်ခုန်မှုကို
အထွဋ်အထိတ်အထိ ဆွဲခေါ်နိုင်ခြင်းကြောင့် 
ကောင်းသောလားရာရှိခဲ့တာမို့ 
နောက်ပိုင်းတွေမှာဇက်တိုက်အသုံးပြုဟန်တူရဲ့ဗျ
.
ကြည့်ရန်
Https://t.me/rmkolayinde 
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်














#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး