Https://www.youtube.com/@thantunlayinde
.
၂၅
Guest - Park Bo Young
.
RM ရဲ့ လားရာကိုစမ်းစစ်ကြည့်ရင် အပိုင်း ၁ ကနေ ၉ အထိက အရည်အသွေးတူတူမို့ သိပ်မကွဲပြားဘဲရှိနေပါလိမ့်မယ်
၁၀ ကနေ ခုအပိုင်း ၂၄ ထိကကျတော့ဒီလိုမဟုတ်
တပိုင်းခြင်းစီက ကိုယ်ပိုင်စရိုက်လက္ခဏာတွေရှိပြီး တပိုင်းထက်တပိုင်း ပိုပိုကောင်းလာတယ် ပိုပိုပြည့်စုံလာတယ် ပီပြင်လာတယ်လို့ဆိုနိုင်မယ်ထင်တယ်
ဒီလိုမှန်မှန်တက်နေရင်းက ဒီအပိုင်းက ခုန်ကျော်သွားတယ်လို့ဆိုရအောင် အပိုင်း ၁၀ လိုပဲ RM ကို နောက်ထပ်အဆင့်တခုကို ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ပြောချင်တယ်ဗျ
ဒီလိုတခုတ်တရညွှန်းဆိုရလောက်တဲ့အထိ အမှတ်တမဲ့ပြောလိုက်ရင်ကို ပြကွက်တွေကအတွေးစိတ်ကူးမှာစီရီပေါ်လာတဲ့အထိ မှတ်မှတ်ထင်ထင်ရှိနေပါလိမ့်မယ်
ဘာကြောင့်လဲဆိုတော့ ထူးခြားတဲ့အဖွင့်ကြောင့်လည်းပါသလို ကစားနေကြစဉ်အတွင်းက ခြားနားတဲ့အားထုတ်မှုတွေကြောင့်လည်းပါပါလိမ့်မယ်
ဒီအချိတ်အဆက်တွေက အတော့်ကိုအံကျခွင်ကျရှိခဲ့ပြီး ကာလရှည်ကြာတွဲဖက်တင်ဆက်လာတဲ့ ပညာရှင်ကြီးတွေအလား
ခွင်ရယ်လို့တကူတကတည်နေစရာမလိုဘဲ ကြုံရာကျရာလှုပ်ရှားပြောဆိုနေရင်းကို သဘောကျစရာပြကွက်များစွာဖန်တီးနိုင်ခဲ့ကြတာ
တယောက်တည်းချွန်နေတာမျိုးမဟုတ်ဘူးနော် မျှမျှတတကို လှလှပပရှိခဲ့တာ
ကိုယ်တောင်ကြည့်စက အပိုင်း ၂၅ ရယ်လို့မထင်မိဘူး
ဒီလိုအချိတ်အဆက်တွေ တယောက်ရဲ့လှုပ်ရှားမှုကိုတည်လို့ နောက်တယောက်က အဆင်ပြေပြေ အလိုက်သင့်ပံ့တာပိုးတာမျိုးတွေက
ကာလရှည်လက်တွဲလို့ အကြောင်းသိဓာတ်သိလာကြတဲ့ အပိုင်း ၁၂၀ ဝန်းကျင်လောက်ကအပိုင်းတွေလိုမျိုး
ဒီအပိုင်းတွေနဲ့အရည်အသွေးတူမျိုးမို့ပါ
။
။
🌹ထူးထွေအညွှန်းမရေးဝောာ့ပါဘူး ဒါလေးပဲမှတ်ထားပေး
ပတ်ဘိုယောင်း'လာတယ်
ကာတွန်းပြတိုက်မှာကစားတဲ့ပွဲမို့
ကာတွန်းဇာတ်ကောင်တွေအတိုင်းပြင်ဆင်လို့ဖွင့်တယ်
ကာတွန်းကားဇာတ်ဝင်သီချင်းတွေနားစဉ်ရမယ်
ဂယ်ရီ'ပြောက်ကိုရှာရမယ်
ကင်ဂျုံကု'ရဲ့ဆိုးဆိုးရွားရွားခြူကြီး
တယောက်နဲ့အများလှည့်စားကြရာမှာ ဒုတိယအကြိမ်မြောက် မအောင်မြင်ခဲ့တဲ့အပိုင်းပေါ့ .(ပထမက ၂၁)
ပြီးတော့ လဇ္ဇီ'အဖွဲ့သားအဖြစ်ပါဝင်ခဲ့တဲ့နောက်ဆုံးအပိုင်းပေါ့
၁၃ ဧည့်သည်
၁၄ အစမ်းသုံး
၁၈ ဧည့်သည်
၁၉ အစမ်းသုံး
၂၀၊၂၁၊၂၂၊၂၃၊၂၄၊၂၅
ဒီအပိုင်းတွေမှာတော့ တရားဝင်အဖွဲ့သားတယောက်အဖြစ်ရှိနေခဲ့တာပါ
ဧည့်သည်ဆိုဝာာကတော့ အဖွင့်မိတ်ဆက်စဉ်ကိုကြည့်ပြီးဆုံးဖြတ်တာပါ အဖွဲ့သားတို့နဲ့အတူတူမရှိဘဲ တကူးတကဝင်လာတာ မိတ်ဆက်ပေးရတာမျိုးပေါ့
ဒီဆယ်ပိုင်းအပြီးမှာ လဇ္ဇီ'က အဖွဲ့သားတယောက်အဖြစ်မပါဝင်တော့ဘဲ ကံဆိုးသူတို့ရဲ့ဘုရင် အပိုင်းမှာတော့ ဧည့်သည်အဖြစ်ပြန်လည်အားဖြည့်ခဲ့ပါတယ်
ပြီးတော့ ပတ်ဘိုယောင်း'က
တနင်္လာစုံတွဲကို တခုတ်တရပြောဆိုအသိအမှတ်ပြုခဲ့တဲ့ အားပေးထောက်ခံခဲ့တဲ့ ပထမဆုံး ဆယ်လီဖြစ်တယ်
ခမ်းနားတဲ့ပြိုင်ပွဲကြီးတွေနဲ့ ပရိတ်သတ်ကိုစွဲဆောင်နိုင်ခဲ့တဲ့ စက္ကူဒိုးရိုက်ပြိုင်ပွဲ စတင်ကစားခဲ့ရာအပိုင်းလည်းဖြစ်တယ်
ထိုကစားနည်းအဖွင့်ကိုလည်း သူမရဲ့ အရည်အသွေးနဲ့
ဒေါက်လျှောက်အနိုင်ယူခဲ့ပါတယ်
အချစ်တော်ကြီး ဂျီဟျို'ကတာ့
ထိုင်ရိုက်တာတောင်လွဲသဗျာ 😄
။
။
။
ကြည့်ရန်
Https://t.me/rmkolayinde
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
































































































No comments:
Post a Comment