Https://www.youtube.com/@thantunlayinde
.
၂၄
Guests: Song Eun Ee and Lee Kyung Shil
.
ရှေးတခေတ်က နတ်သမီးတပါးလာရောက်ပျော်ပါးခဲ့ရာလို့ ကိုးရီးယားတို့ယုံကြည်ကျတဲ့ နာမည်ကျော် 'ဂန်ကန်းဆမ်ကျောက်တောင်ကြီး' ကို နောက်ခံထားလို့ဖွင့်လှစ်ခဲ့တဲ့ဒီအပိုင်းမှာတော့
နတ်သမီးလေးက အခုထိသက်ရှိထင်ရှားရှိသေးကြောင်း
တနင်္လာကောင်လေးရဲ့အမွှန်းစကားကြောင့် အဖွဲ့သားတုံပွဲကျခဲ့ရ
ပြီးတော့နတ်သမီးလိုလှပတဲ့ဧည့်သည်ကိုဖိတ်ထားပါကြောင်းလို့ PDကြီးတွေကဆိုတော့ ဝမ်းသာပီတိဂွမ်းဆီထိသွားကြတဲ့ ဘီးကြဲတွေ
ဘဲလ်တီးလို့ ဖိတ်မန္တကပြုတဲ့အသံကြားတော့မှ
'အဒေါ်ကြီးလေသံဟ😄' တဲ့
မှန်တာပေါ့ နာမည်ကျော်ဇာတ်ပို့အမျိုးသမီးတွေဖြစ်တဲ့
လီဂျောင်ရှီ နဲ့ ဆောင်အွန်အီ
ပထမဆုံးပွဲမှာတော့ ငါးမိနစ်အတွင်း ပြန်လည်အသုံးပြုလို့ရတဲ့ညစွန့်ပစ်ပစ္စည်းတွေ စုဆောင်းလာရမှာပါ
နောက်တပွဲကတော့ ရင်ခုန်သံကိုစမ်းသပ်မယ်
ဆုန်ဂျီဟျို'ကို ရင်ခုန်သံအထွဋ်အထိပ်ရောက်အောင် ပြုစားသွားသူက ဘယ်သူများဖြစ်လေမလဲ ....?
သူ့မယ်လည်းဘယ်လိုဖြစ်ချေသည်မသိ အဲ့တယောက်နဲ့ပတ်သက်ရင် ဂလိုချည်းပဲရယ် ဒီတပိုင်းတင်မဟုတ်ဘူးနော် (၁၅ / ၂၀) မှာကောပဲ
နောက်ဆုံးပွဲအမည်က 'အမေနှင့်သားများ'တဲ့
အမေ့အိပ်ယာအောက်က ငွေမသွားတဲ့ သားလိမ္မာလေးတွေကို လိုက်ဖမ်းရမှာပါ
လေးယောက်တည်းဖြစ်နေတဲ့ အမေအသင်းအတွက် အမျိုးသားတယောက်ရွေးချယ်ခွင့်ပေးခဲ့တယ်
ဘယ်သူ့ကိုရွေးမယ်ထင်လဲ...?
ထင်တဲ့အတိုင်းပါပဲ
နောက်ဆုံးကျန်ရှိခဲ့တဲ့ ဟားဟား'ကတော့
မင်းသားကြီး နီကိုလက်ကေ့ရှ်' ရဲ့ ဇာတ်ဝင်ခန်းနဲ့
ဒီအပိုင်းရဲ့အဆုံးသတ်ကို အက်ရှင်တွေရောယှက်လို့ ဘာမှန်းမသိ သူ့ရဲ့ရှုပ်ယှက်ခပ်နေတဲ့ သရုပ်ဆောင်ချက်တွေနဲ့ 😁
ခမ်းခမ်းနားနား ပိတ်သိမ်းပေးခဲ့ပါတယ်
.
.
🌹အထူးအချက်
ပထမဆုံးအနေနဲ့
ဧည့်သည်ကိုတိုက်ရိုက်မိတ်မဆက်ဘဲ သွားရောက်တွေ့ဆုံစေတာဆိုတော့ ထူးခြားမှုပါပဲ ဒီကနေမှ ဆင့်ပွားတဲ့အတွေးနဲ့ ဧည့်သည်ကိုရှာစေတာတွေဖြစ်လာတာနေမှာရယ်
ဟားဟား'နဲ့ပတ်သက်ရင် အမြဲရင်ခုန်သံဗလောင်ဆူသွားတတ်တဲ့ ကောင်မလေး ဒါကသုံးပိုင်းမြောက်ပေါ့ ၁၅၊၂၀၊၂၄
.
ကြည့်ရန်
https://t.me/rmkolayinde/46
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်


























































No comments:
Post a Comment