သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, May 21, 2025

Running Man ep 13

Running Man ep 13

Https://www.youtube.com/@thantunlayinde 

.

၁၃

Guests. Lizzy · Jang Dong-min

.

ရှေ့အပိုင်းမှာ အပြစ်ဒဏ်ခံရသူတို့ဘောင်းဘီတိုဝတ်ကာရောက်ရှိလာတဲ့ဒီအပိုင်းကို SBS ရဲ့ ရုပ်သံထုတ်လွှင့်ရာရုံးမှာ ရိုက်ကူးခဲ့ပါတယ်


၁၂-၁၃ က အချိန်တိုအတွင်းနှစ်ပိုင်းဆက်ရိုက်ကူးခဲ့တာဖြစ်ဖွယ်ရာရှိတယ် (ကိုယ့်အထင်ပါ) 


ဒါကြောင့် ပင်ပမ်းနွမ်းနယ်နိုင်မှုကိုလျော့ပါးစေဖို့ရာ ကစားပွဲတွေကိုချုံ့လိုက်ပြီး ကစားသည့်ပွဲ အနည်းငယ်ကိုပဲ သေသေချာချာအားစိုက်ပုံဖော်ခဲ့တဲ့သဘောရှိတယ်


ရှေ့မှာလည်း ၂-၃ လို ၄-၅ လို နှစ်ပိုင်းဆက်ရိုက်ကူးတာရှိပေမယ့် အဲ့ဒီအပိုင်းတွေက အချိန်နာရီပိုယူခဲ့တဲ့သဘောရှိတယ်


မိတ်ဆက်အပြီးမှာ ဘူကတ်လက်ဆင့်ကမ်းပွဲစပါတယ်

ဒီမှာတော့ ကင်ဂျုံကု'ရေးဆွဲပေးတဲ့ ကယ်ရီးကေးချားကို ဆက်လက်အသုံးပြုခဲ့ပြီး 


အသေးစားပြိုင်ပွဲဖြစ်တဲ့ စကားလုံးဆက်ရာမှာ ကိုယ်တိုင်ဖြေတုန်းက အူတူတူလေးဖြစ်နေပေမယ့် ကောင်လေးအတွက် အားတက်သရော ထောက်ပေးခဲ့သူကလေးတယောက် 


ရုတ်တရက်အဖြေစဉ်းစားမရဖြစ်နေချိန် တင်္ခနုပ္ပတ္တိဉာဏ်သုံးလို့ ချောင်းဆိုဟန်ပြု ကျော်လွှားခဲ့တဲ့ဂွမ်ဆူ နဲ့


နောက်ဆုံးနာမည်ကတ်ခွာရာမှာ အဖွဲ့ဝင်ဖြစ်ချင်လို့ လပ်ကီးဘောမရသေးတဲ့ ကျားကြီးကိုဖားနေကြတဲ့ အစ်ကိုကြီးနှစ်ယောက်ရဲ့ ဟန်ပန်အမူအရာတွေကချစ်စရာ


ဒုတိယပွဲလည်းဖြစ် နောက်ဆုံးကစားပွဲလည်းဖြစ်တဲ့ နာမည်ကတ်ခွာရာမှာ အန္တရာယ်ကြောင့် သေပြေးရှင်ပြေးထွက်ပြေးလာရာက သေမင်းခံတွင်းဝစိုက်ရောက်ရတဲ့ ဂျီဟျို


နောက်ဆုံး မစ္စတာယူ'ရဲ့ကြိုးစားမှုနဲ့ ‌သားကောင်များအဖွဲ့က

အနိုင်ရရှိသွားကြောင့်


ကံစမ်းစရာ လက်ကီးဘောမရခဲ့တဲ့ ကင်ဂျုံကု ကတော့ ပြစ်ဒဏ်ခံဖို့ရာသေချာခဲ့ပြီး နောက်ထပ်ကံဆိုးသူတွေနဲ့အတူ 

SBS ရဲ့ နံနက်ခင်းတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ကူညီတင်ဆက်လို့ အပြစ်ဒဏ်ခံယူခဲ့ကြရပါတယ်


အပိုင်း ၂၅ (ကာတွန်းဇာတ်ကောင်များအပိုင်း)မှာ ကပြခဲ့ကြတဲ့ ကာတွန်းဇာတ်ဝင်သီချင်းကို ဒီမှာအပြစ်ဒဏ်ခံယူကြသူတွေက သဘောလောက်ကပြခဲ့ကြပါတယ်

.

.

.

🎬 တည်းဖြတ်ပညာ

.

ဂျီဆော့ဂျင်း'က ကံထူးသွားချိန်မှာ ပျော်ရွှင်စွာအောင်ပွဲခံတာမမှားပေမယ့် မျက်နှာအနားထိဝဲလို့ လှောင်ပြောင်သလိုပြုမှုလိုက်တာလေးတခုတော့ နည်းနည်းစိတ်မသက်မသာဖြစ်သွားမယ်ထင်တယ်


ဒါပေမယ့် ဒါကတည်းဖြတ်မှုစွမ်းရည်လို့ပြောရမယ်ထင်တယ် ဘာကြောင့်လည်းဆိုတော့ နောက်အပိုင်းကြည့်ရင်ရှင်းသွားပါလိမ့်မယ် တမင်တင်သွားတယ်ဆိုတာ


တည်းဖြတ်မှုသဘောကို ဒီအပိုင်းအနှစ်ချုပ်ကြော်ငြာပြကွက်လေးမှာလည်းတွေ့ရတယ် ဘယ်လိုလည်းဆိုတော့ 


ပထမပြတာ ချစ်စရာခရာတာတာဟန်ပန်နဲ့ 

လစ်ဇီက အိုးပါးလို့ခေါ်တယ်


ပြီးနောက်ဇက်တိုက်ပြတာက ဂျီဟျို'က လက်ချောင်းတွေကိုစုချည်ဖြဲချည်လုပ်လို့ သိပ်ပွားတာပဲ တိတ်တိတ်နေပါဆိုတဲ့ဟန်ပန် ရုတ်တရက်ကြည့်လိုက်ရင် လစ်ဇီ'ကိုလုပ်ပြသလိုလို


ဒါပေမယ့်တကယ်ဖြစ်သွားတာက လစ်ဇီ'ပြီး ယူဂျယ်ဆော့က ဂျီဟျို'ကို အဲ့အမူအရာမျိုးလုပ်ပြစမ်းပါပြော‌တယ် ဒီမှာစောစောကပြကွက်ဖြစ်ပေါ်သွားတာ


ဒါကို တယောက်တည်းစခရင်ပြည့်ပြကွက်တွေချည်းဇာက်တိုက်ပြလိုက်ရင် တကယ်ကြီးကို လစ်ဇီ'ကို လုက်ပြလိုက်သလိုလို


တော်သေးတယ်ကြားထဲမှာ တည်းဖြတ်သူတွေက အားလုံးပါတဲ့ မြင်ကွင်းပြည့်ပြကွက်ကိုညှပ်ပြလိုက်မှ သူမအမူအရာက ယူဂျယ်ဆော့'ကို ရည်ရွယ်တာထင်ရှားသွားတယ်


ဒါ့မဆိုရင်မလွယ်ကြောရယ် 

မိန်းကလေးအချင်းချင်း တိုက်ခိုက်တယ်ဖြစ်သွားနိုင်တာကိုး

.

.

🌹 ထူးခြားချက်

လစ်ဇီ' ပထမဆုံးလာ

ဂွမ်ဆူ'ရဲ့ တင်္ခနုပ္ပတ္တိဉာဏ်

လပ်ကီးဘောလုံးဝမရလိုက်တဲ့ ကင်ဂျုံကု

ပွဲကြီးနှစ်ပွဲသာကစားလိုက်တဲ့အပိုင်း

.

.

ကြည့်ရန်

Https://t.me/rmkolayinde 

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

.

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်


























































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး