သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, May 21, 2025

Running Man ep 12


Running ep ၁၂

/Https://www.youtube.com/@thantunlayinde 

.

၁၂

No guests (ဧည့်သည်မပါ)

.

ရှေ့အပိုင်းမှာ ဂယ်ရီ'ကိုလှည့်စားလို့ စိတ်လှုပ်ရှားစရာတွေဖန်တီးနိုင်ခဲ့တာမို့ ထိုစဉ်ကမပါဝင်နိုင်ခဲ့တဲ့ ဆောင်းဂျွန်ကီ'က ယနေ့ပြစ်မှတ်ဖြစ်သွားပါတယ်


အမေးအဖြေပြိုင်ပွဲမှာ ဒုတိယအထိရခဲ့တဲ့ ဉာဏ်ကောင်းသူ

၂၆'နှစ်ပြည့်မွေးနေ့ရှင်ကို တသက်တာမမေ့နိုင်စရာ မွေးနေ့လက်ဆောင်အဖြစ် 😄 မရိပ်မိအောင်လှည့်စားအနိုင်ယူနိုင်ကြပါ့မလား


ဒီဇိုင်းနာပြိုင်ပွဲကျင်းပမယ့် ဂျန်ဆယ်အိုလံပစ်အားကစားကွင်းမှာယှဉ်ပြိုင်ခဲ့တာမို့ ဒီဇိုင်းနဲ့ပတ်သက်တဲ့မေးခွန်းတွေဖြစ်ပါတယ်


မရင်းနှီးတဲ့လိုင်းဆိုတော့ အဖြေပေးထားတာတောင်မှတ်သားရခက်ခဲ့တာမို့ အပြန်အလှန်အဖြေခိုးကြရသည်အထိ ကိုးရိုးကားယားနိုင်ခဲ့ကြတဲ့ လှည့်စားသူတွေ


ဒီမှာအဖြေမှန်ပြီး ဆောင်းဂျွန်ကီ'ကို ညစ်ပြီးအနိုင်ယူသွားတာကြောင့် အွန်လိုင်းက‌နေအမုန်းစကားတချို့ပေးပို့ခဲ့ကြတယ်လို့ လီဂွမ်ဆူ'ကနောက်အပိုင်းတခုမှာ ဆိုခဲ့သေးတယ်


ဒုတိယပွဲကတော့ ဘူကတ်ကစားပွဲပါ

ဒီကစားနည်းမစတင်မီမှာပဲ အချစ်မှော်ရုံတော့မှာမျောနေတဲ့ကောင်လေးကို Mc ယူရဲ့ဆုံးမစကားက


ချစ်တတ်တာကောင်းတယ်

မချစ်မိအောင်ကျိုးစားတာက မင်းအတွက်ပိုကောင်းတယ်


ပြီးတော့ ကိုနှံကောင်ပြောတာမှန်တယ်ဗျ 

ဂွမ်ဆူ'က ဟာသပြောရာမှာ ခပ်တည်တည်နဲ့ကို ရယ်အောင်လုပ်နိုင်တာတဲ့ 


ဟုတ်တယ်ကြည့်ကြည့် သူအဆင်အဆက်ပြောလာခဲ့တာတွေမှာ မျက်နှာကြီးမဲ့ကာရွဲ့ကာနဲ့ ဇွတ်ကလိထိုးရယ်ခိုင်းတာမျိုးမဟုတ်ဘဲ ခပ်တည်တည်နဲ့ကို ဦးတည်ရာကိုထိထိမိမိကလိတတ်တာ ခွီးစရာဖြစ်အောင် ပြောတတ်တာရယ်


ကတ်ဖြန့်ဝေရာမှာတော့ အပိုင်း ၁၀ တုန်းက ယူဂျယ်ဆော့အတွက် ကင်ဂျုံကု'ဆွဲပေးတဲ့ ကယ်ရီကေးချားပုံကို အဖုံးပုံအဖြစ်အသုံးပြုခဲ့တယ်


အပေါ့စားဂိမ်းတွေကတော့ မျဉ်းအတိုင်းစုန်ဆင်းတာ

နံပါတ်စဥ်အလိုက်ရွတ်ဆိုပြီးထရတာတွေပါ 

ပြိုင်တူနှစ်ယောက်ထရင်ရှုံးတယ်ပေါ့


နောက်ဆုံးပြိုငါပွဲမှာတော့ နာမည်ကတ်ခွါကြမှာ 

ဖမ်သူမုဆိုးအဖွဲမှာတော့ ကင်ဂျုံကု'နဲ့ ကလေးနှစ်ယောက်ဖြစ်ပြီး ကျန်သူငါးယောက်က သားကောင်တွေပေါ့


သူတို့အတွက်မစ်ရှင်က ဒီဇိုင်းပြိုင်ပွဲကိုနှောက်ယှက်ဖျက်စီးဖို့ထောင်ထားတဲ့ ချိန်ကိုက်ဗုံးရဲ့ဝါယာတွေကိုမှန်ကန်စွာဖြတ်ပစ်လို့ မပေါက်ကွဲနိုင်အောင်လုပ်ရမှာပါ


တဖက်အသင်းမှာအမြဲလိုလိုနေဖူးတဲ့ ဂျွန်ကီ'ရဲ့ သူတို့အသုံးပြုလာမယ့် နည်းဗျူဟာအကြောင်းဖောက်သည်ချခဲ့ပေမယ့် ဖြေရှင်းစရာနည်းလမ်းမရှိတဲ့ သားကောင်များ 😄


မိုးသည်းထဲမှာကစားခဲ့တဲ့ဒီပွဲမှာ ချိန်ကိုက်ဗုံးရဲ့ ဝါယာလေးးချောင်းကို အသက်ရှင်ကျန်ခဲ့သူ ဂျီဟျို နဲ့ ဂျီဆော့ဂျင်း တို့ မှန်ကန်စွာအစဥ်လိုက် ဖြတ်တောက်နိုင်ပါ့မလား...?


နောက်ဆုံး လပ်ကီးဘောနဲ့ကံစမ်းကြရာမှာ နှစ်ခါထွက်လာတဲ့ဘောလုံးပိုင်ရှင် ဟားဟား'ကို အပြိုင်ဖားခဲ့ကြရင်း


ကံဆိုးသူလေးယောက်မှာတော့ မွေးနေ့ရှင်ကရိုက်ကူးရေးသို့သွားရောက်ခဲ့တာမို့ ထိုနေရာမှာခံယူခဲ့ပြီး ကျန်သုံးယောက်ကတော့ ဘောင်းဘီတိုဝတ်ကာ အမေရိကာနိုကော်ဖီအေး

ထွက်ဝယ်လို့ 


လစ်ဇီ'ဧည့်သည်အဖြစ်စတင်ပါဝင်ခဲ့တဲ့ နောက်တပိုင်းရိုက်ကူးမယ့်နေရာ SBS ရဲ့ ရုပ်သံထုတ်လွှင့်ရာရုံးသို့ ပြန်လည်လာရောက်ကာ အဆုံးသတ်ခဲ့ပါတယ်

.

.

🌹ထူခြားချက်

ပထမဆုံးဧည့်သည်မပါသည့်အပိုင်း

ညစ်ခဲ့တဲ့ ဂွမ်ဆူ

ကင်ဂျုံကုရဲ့ ကယ်‌ရီကေးချားပုံ

ဒီမှာ လက္ဖက်ရည်ဝိုင်းမပါခဲ့ပါ

.

.

ကြည့်ရန်

Https://t.me/rmkolayinde 

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံ

းသတ်တော့မည်

.

.

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်












































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး