သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, May 21, 2025

Running Man ep 11


Running Man ep 11

Https://www.youtube.com/@thantunlayinde 

.

၁၁

Guest : Jung Yong Hwa [CN Blue], Kim Cha Dong

.

ဆိုးလ်ဗဟိုစာတိုက်မှာကစားမယ့်ဒီပွဲမှာ ရှေ့အပိုင်းတုန်းက အညွှန်းဆိုခဲ့သလို ဂျီဆော့ဂျင်း'ရဲ့အကြံပြုချက်နဲ့ ရသစုံရှိုးအတွေ့အကြုံနုသေးတဲ့ လူရိုးကြီး ဂယ်ရီ'ကို ဝိုင်းဝန်းလှည့်စားကြမှာပါ 


ဧည့်သည်အဖြစ်လာရောက်အားဖြည့်ခဲ့တဲ့ ယောင်းဟွာကတော့ အပိုင်း ၇ မှာကစားခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက်ရောက်လာခဲ့တာဖြစ်ပြီး RM သမိုင်းမှာ ပထမဆုံး နှစ်ကြိမ်ပြန်ဖိတ်ခံရသူလို့ဆိုရမှာပါ


ဂယ်ရီ'ကိုလှည့်စားဖို့ တံဆိပ်ခေါင်းရိုက်ပြိုင်ပွဲအတုဖန်တီးခဲ့ပြီး ပြိုင်နေစဉ်ကာလအတွင်းမှာ ဂယ်ရီ'ရဲ့မျက်နှာကို ကျန်သူများက သူမရိပ်မိအောင် မင်တို့ရမှာပါ


အရင်လိုအဖွဲ့လိုက်မဟုတ်ဝောာ့ဘဲ တယောက်ချင်းစီက ရန်းနင်းလပ်ကီးဘောရရှိခဲ့ပါတယ်


နောက်ထပ်ပြိုင်ပွဲကတော့ သူခိုးကတ်ကစားနည်းပါ

နောက်ဆုံးမှာ လက်ခံထားရှိသူရှုံးနိမ့်မှာပါ


ဒီမှာလွတ်မြောက်ခွင့်အတွက် ဂိမ်းအသေးလေးတွေညှပ်ထားပြီး ပထမဆုံးအနေနဲ့ ဂျန်ဂါကကစားနည်းလို့ခေါ်တဲ့ စက္ကူပုံး‌တွေကိုမျှော်စင်သဏ္ဍာန်ထပ်ထားရာကနေ ယိုင်လဲမသွားစေပဲနှုတ်ယူရမှာပါ


ဒီမှာနေရာစဉ်ဖို့ ဗြောင်နောင်နောင် ကစားကြရာမှာ အမှတ်မှားလို့ သူနိုင်တယ်ထင်နေတဲ့ ကိုနှာခေါင်းကြီး


ပြီးတော့ စာလုံးဆက်ကစားနည်းပါ

ရှေ့တယောက်ပြောသွားတာရဲ့အဆုံးသတ်စကားလုံးကနေ အစပြုလို့ အဓိပ္ပာယ်ရှိတဲ့‌ဝေါဟာရကို ပြောရမှာပါ


နောက်ဆုံး မျက်စိမှိတ်လက်ရိုက်ဂိမ်းမှာနိုင်သွားတဲ့ ဂယ်ရီ'က ကတ်ကိုင်ဆောင်ထားသူတွေကို နေရာရွှေ့ပြောင်းနိုင်တဲ့အစွမ်းရရှိသွားပြီး ကြိုက်နေတဲ့ကောင်မလေးကိုမှ သူခိုးကတ်ရှိရာ ထိုင်ခိုင်းစေခဲ့လို့ နိုင်ပေသည့်နာကျင်သွားရတယ် 🥲


နောက်ဆုံးနာမည်ကတ်ခွာရာမှာ ယောင်းဟွာ'ရဲ့အားထုတ်မှုနဲ့ သားကောင်အဖွဲ့ကအနိုင်ရသွားလို့ တာဝန်ပေါ့လျော့တဲ့ ကလေးနှစ်ယောက်ကိုဆူနေတဲ့ ကျားကြီး


နောက်ဆုံးလပ်ကီးဘောနဲ့ကံစမ်းကြရာမှာ အရင်အပိုင်းတွေနဲ့မတူဘဲ တဦးချင်းပြိုင်ပွဲပါတာမို့ ရရှိထားတဲ့ ဘော‌လုံးမှာကိုယ့်အမည်ရေးထိုးလို့ ထွက်ကျလာတဲ့ဘောလုံးပိုင်ရှင်က လွတ်ငြိမ်းချမ်းသာခွင့်ရမှာဖြစ်ပြီး 


ငါးဦးအထိရွေးချယ်ကံစမ်းစေခဲ့ပေမယ့်

ပထမဆုံးအကြိမ်အဖြစ်ပြိုင်ဖက်အသင်းခေါင်းဆောင်နှစ်ယောက် တူတူအပြစ်ဒဏ်ခံခဲ့ရပါတယ်

.

.

🌹ထူးခြားချက်

ဂျီဆောဂျင်း'ရဲ့ အကြံပြုချက်နဲ့ ပထမဆုံးလှည့်စားတဲ့အပိုင်း

ပထမဆုံးတဦးခြင်းပြိုင်ပွဲဖြစ်

ဂျန်ဂါကစားနည်းနဲ့ စကားလုံးဆက်ကစားနည်းတို့မိတ်ဆက်ခဲ့


အပိုင်း ၁၀ တုန်းကဆိုခဲ့သလို ခြားနားတဲ့တင်ဆက်မှုနဲ့ ရသပိုစုံလာဖို့ ကျိုးကျိုးစားစား အုပ်မြစ်ချကြခြင်းအပိုင်းတွေမို့ ကြည့်စဉ်ကာလအတွင်း သင့်ရဲ့ အ‌ပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းတို့ တွေ့ဆုံချိန်နည်းလွန်းလို့ လွမ်းနေကြမလောက်ပါပဲ 😄


.

.

ကြည့်ရန်

Https://t.me/rmkolayinde 

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်


.

.

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်















































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး