Puthiya Niyamam (2016)
Https://www.youtube.com/@thantunlayinde
.
တလောက ဘဏ်ကငွေတွေဘုံးတဲ့ဇာတ်ကားထဲကမင်းသား
ဒူလာကာ့က် ဆယ်မန် ကို သိတယ်မို့လား ဒါက သူအဖေ မာမွတ်တီ' ရဲ့ ကားဗျ
မင်းသမီးကလည်းရှယ်ဗျ နယန္သရာ' ရယ်
လောကမှာရှင်သန်နေဖို့တောင်မထိုက်တန်တဲ့ ကာမစိတ်ငယ်ထိပ်ရောက်နေကြတဲ့
အဓမ္မအုပ်စုဖွဲ့အနိုင်ကျင့်သွားသူတဖွဲ့ကို သာမန်အိမ်ရှင်မတယောက်က
တုံ့ပြန်သုတ်သင်တဲ့ကား
ဇာတ်လမ်းလေးက
ရုပ်ရှင်တွေကိုဝေဖန်သုံးသပ်ရင်း ရုပ်သံလိုင်းတခုမှာအစီအစဥ်တင်ဆက်သူအဖြစ်
အသက်မွေးနေသူတယောက်
ဘာသာကွဲလို့မိဖတို့သဘောမတူသည့်ကြားက ဇနီးအလှကိုတရွာအမှတ်နဲ့
တူနှစ်ကိုယ်ရှေ့ဆက်ကြရင်း သမီးလေးရလို့ ချမ်းမြေ့စရာ့အိမ်ထောင်
မြေးမျက်နှာမြင်လို့ အရင်လောက်မတင်းမာတော့သည့်တိုင်
ရှေးအကြောင်းကြောင်းကြောင့် ခပ်တန်းတန်းဖြစ်နေဆဲ ချွေးမနဲ့ယောက္ခမ
ဒီလိုနဲ့ တနေ့သောပိတ်ရက်မှာ သမီးလေးကိုခေါ်လို့ အမေ့အိမ်အလည်သွားရင်း
ခပ်စိမ်းစိမ်းဖြစ်နေမှာမို့မလိုက်လိုတဲ့ဇနီးအလှကို ဇွတ်ခေါ်ဆိုမနေတော့ဘဲထွက်လာချိန်
ထိုစဲခဏ တဒင်္ဂအတွင်းအမှာ ရာဂနတ်ဖမ်းလူ့သွေးသွမ်းတို့ရဲ့စက်ကွင်းရောက်လို့
လူ့ယုတ်မာတို့ခြေတော်တင်ခဲ့ရာဒီခန္ဓာမို့မသတီ
အဆုံးသတ်ပစ်ဖို့ကလည်း ကျန်နေခဲ့မယ့် လင်သားနဲ့သမီးမျက်နှာထောက်ဆ
ဖြူစင်သူကနစ်နာ လူယုတ်မာတို့ကသာယာ မမျှတတာမို့ ဒီနည်းကိုစွန့်
လင်သားကိုပြောပြဖို့ကျ တုတ်တပျက်ဓါးတပျက်ဖြစ်သွားရင်
အပြစ်ဲမဲ့သူလင်သား ထောင်သားအဖြစ်လက်ကျန်ဘဝဖြတ်သန်းရလေမလားပူပန်
တရားသောဥပဒေအရ တိုင်ဖို့တန်းဖို့ကလည်း ကိုယ့်နဲ့အသိုင်းအဝိုင်းကအရင်နစ်နာ
မတရားပြုမှုသူတွေကျ အပြစ်ဒါဏ်ခံရဖို့ကမသေချာ
ဘယ်လိုလောကကြီးပါလိမ့်
ဒီပြစ်မှုမျိုးဖြစ်ရင် ပြုသူ ယုတ်မာသူထက် နစ်နာသူကို အရင်ကွက်ကြည့်ကွက်ကြည့်
ဖေးမဖို့ဝေးလို့ စကားတင်းဆို အပြစ်သားတယောက်လို
ဒါ့ကြောင့် လူသိရှင်ကြားမပြု လင်သားကိုတောင်အသိပေးမနေတော့ဘဲ
ယုံကြည်ရတဲ့အသိရဲမေတယောက်ရဲ့အကူအညီနဲ့ လူယုတ်မာတွေကို ဇီဝိန်ချွေဖို့ကြံစီရင်း
အိမ်ရှင်မတယောက်ရဲ့ မတရားမှုကို ငုံ့မခံဘဲတုံ့ပြန်ခဲ့တဲ့ရဲရင့်မှုကို ကြည့်ကြရအောင်ဗျ
.
Director: အေကေ ဆာဂျန် ( AK Sajan)
.Starring: မာမွတ်တီ (Mammootty) နယန္သရာ (Nayanthara)
.
ဇာတ်ကားကြည့်ရန်
https://t.me/koloneypoei/93
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment