ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, February 15, 2025

တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း.. #အမောင်နွားကျောင်းသား


 တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း..

#အမောင်နွားကျောင်းသား

.

ရပ်ဓလေ့ရွာဓလေ့ပြောရာမှာ အသံကောင်းနေ ပြောတတ်ဆိုတတ်နေရုံနဲ့

အငွေ့အသက်ကိုမခံစားမိစေပါဘူး

ဓလေ့တွေကိုနားလည်လို့ ကိုယ်တိုင်ကြင်လည်ဖူးမှသာ ပြောပြချိန်မှာပိုပြီးအသက်ပါစေတာ


ပြောသူကိုယ်တိုင်ကလည်း မနောအသိမှာပုံဖော်ရင်းမြင်ယောင်ရင်း

ကိုယ်တိုင်ရောက်ရှိလို့ ရှင်သန်လှုပ်ရှားနေစီးဝင်နေမှသာ

စာဖတ်ပြနေတာ ပြန်ပြောပြနေတာနဲ့မတူဘဲ နားစဥ်သူကိုပါတပါတည်း

ထိုအရပ်ထိုနေရာကို ဆွဲခေါ်သွားနိုင်တာပါ


ဒီလိုမှမဟုတ်ရင် အလှမ်းကွာတဲ့လောကလို မရှိနိုင်တဲ့နေရာလို ပကတိလောကနဲ့ကင်းကွာလို့ 

ဗဟုသုတအရာ အပြင်းဖြေစရာလောက်သာ ကြားခါမတ္တ နားထောင်ရုံသာ


သူ့ကိုသိတာက တွတ်ပီကာတွန်းဇာတ်လမ်းမှာ

ဪ..အညာသားပေမို့ တောဘွဲ့တောင်ဘွဲ့တွေကရင်းနှီးနေတော့ 

လိုက်ဖက်နေတာ ထူးဆိုစရာမရှိဘူးပေါ့လေ ဒီလိုပဲ ခတ်ပေါ့ပေါ့တွေးမိတာ


ဆရာမင်းလူရဲ့ ဍ" ဆိုတဲ့ မြို့ပြရပ်ကွက်အတွင်းက ရှင်သန်လှုပ်ရရှာနေကြတဲ့

လူတွေရဲ့စရိုက်သဘာဝကိုပြောပြဖတ်ပြပြန်တော့လည်း ပိုင်ပိုင်နိုင်နိုင်

တကယ်တော်တဲ့လူပေဘဲလို့ နှစ်နှစ်ကာကာရေရွတ်မိသည်အထိ

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး