သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, February 15, 2025

တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း #မောင်ဝင်းဦး


 တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း

#မောင်ဝင်းဦး

.

Https://www.youtube.com/@thantunlayinde 

.

တကယ့်တကယ်တော့ ကျွန်တော်နဲ့ အတိတ်တွေက အလှမ်းဝေးလွန်းလှပါတယ်

ကိုယ်တိုင်က နီးစပ်အောင်မလုပ်ဆောင်ခဲ့တာလည်းတပြစ်ပေါ့


ဒါပေမယ့် ကိုယ့်ပျင်းရိမှုတွေတံတိုင်းကိုဖြိုချလို့

အတိတ်ဆီတံတားထိုးပေးခဲ့သူက 


#မောင်ဝင်းဦး


အသံကိုက သမိုင်းသံပါပါ သြဇာအပြည့်

သံလိုက်ဓါတ်ပါလို့ နားစဥ်လိုက်ကတည်းက မခွာနိုင်ဘဲ စိတ်ဝင်တစားနားစိုက်မိရင်း

ဖြူမဲရုပ်ရှင်တကား မနောအသိမှာ ချက်ခြင်းပေါ်လွင်သာသလိုလို


ကိုယ့်လိုငပျင်းတယောက်ကိုတောင် 

မလှမ်းမကမ်းက ၈၈ ကာလအတိတ်ကိုကျော်လွန်လို့

၇၄/၇၆ ကာလတွေဆီ အချိန်ခရီးသွားရောက်ရှိစေသလို


အဲ့ဒီကာလလူမှုဘဝ 

လက်နက်ကိုင်ထားတဲ့ အကြမ်းဖက်သူတို့ရဲ့ မတရားချုပ်နှောင်နှိုပ်စက်မှုကိုခံခဲ့ရတဲ့

အများအတွက်ကိုယ်စားအသံထွက် ပေးခဲ့ကြသူတွေအကြောင်းပြောပြသွားတာများ


သံတိုင်နောက်က ယုံကြည်ချက်အတွက်မြဲမြဲရပ်လို့ 

တွဲဆက်ခဲ့တဲ့လက်တွေအကြောင်းပြောပြသွားတာများ


လေးစားလို့ 

အားကျလို့ 

ကိုယ်တိုင်ထပ်တူနာကျင်လို့


တစုံတရာကို 

လုပ်ရက်လေခြင်း လုပ်ရဲလေခြင်းလို့

စက်ဆုပ်ရွံ့မုန်းစွာနားကြည်းမိရင်းပေါ့

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး