သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, February 15, 2025

တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း #သောင်းရီ


 တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း

#သောင်းရီ

.

Https://www.youtube.com/@thantunlayinde 

.

အဖွင့်မိတ်ဆက်လိုက်ကတည်းက ပြုံးစိစိဖြစ်သွားသည်အထိ ကိုသောင်း'ရဲ့အသံက

အပြုံးဓါတ် အပျော်ဓါတ်တို့စီးဝင်နေတဲ့ လျှပ်စီးကြိုးလို

သင့်ဆီကိုကူးဆက်လို့ ရောက်ရှိလာစေမှာပါ


ခုတလော သူအစောပိုင်းဖတ်ပြထားတဲ့ အသံဖိုင်တွေပြန်တင်ပေးနေတယ်ဗျ

ခုလောက်ကြီး ပေါ့ပေါ့ပါးပါးနဲ့ အေးအေးလူလူ စိမ်ပြေနပြေ ပြောပြနေသလိုမျိုးမဖြစ်သည့်တိုင်

အဲ့သည်ကတည်းက စာဖတ်ရာမှာ ကိုယ်ပိုင်အစွမ်းအစရှိမှန်း ပေါ်လွင်ပါတယ်


ခုချိန်တော့ သူလိုင်းမှာဘုရင်လို့ ဆိုနိုင်တယ်


ရိတိတိ သရော်တော်တော် လှောင်တောင်တောင် အသံအမူအရာက

လတ်တလော ဒုက္ခအတိရောက်ရှိနေသူတောင် 

ဪ.. ကိုယ်ခံစားနေရတဲ့ ဒုက္ခက ထင်သလောက်ကြီးလည်း မဟုတ်ပါလားလို့တွေးမိစေသလို


အဆင်မပြေတာတွေချည်း ထပ်ဖန်တလဲလဲကြုံဆုံနေရရင်တောင် 

ဒီကြားထဲက အိုအေစစ်လို တဒင်္ဂစိတ်လက်ပေါ့ပါးစေရာ ထွက်ပေါက်တွေမြင်တွေ့လို့


နင်လားဟဲ့ဒုက္ခ နင်လားဟဲ့အဆင်မပြေနိုင်တဲ့လောက ငဲ့င့် ငဲ့င့် ငဲင့် (ကိုသောင်းအသံဖြင့်) 

သရော်တော်တော် စိန်ခေါ်ရယ်မောမိသည်အထိ

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး