သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, February 15, 2025

Maharshi (2019) (ဇာတ်ကား🖊 တွေး၊ညွှန်း)

 

Maharshi (2019) (ဇာတ်ကား🖊 တွေး၊ညွှန်း)

.

ဆရာဝန်ကြီးက သူ့သားကိုဆရာဝန်ဖြစ်စေချင်သလို

အင်ဂျင်နီယာကြီးကလည်း သူ့သားကို အင်ဂျင်နီယာ ဖြစ်စေချင်မယ်


ဒါပေမဲ့

ဘယ်တောင်သူကြီးကမှ သူ့တို့သားကို သူတို့လိုမဖြစ်စေချင်ဘူး


-င်ထဲရွှံ့တပိဿာဝင်အောင် ပင်ပမ်းဆင်းရဲကြီးစွာလုပ်ရပေမယ့် 

ဝမ်းဝယုံသာရှိတဲ့ ကိုယ်ကျွမ်းကျင်ရာ 

ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းပညာကို 

မျိုးဆက်စီလက်ဆင့်မကမ်းလိုတာ ခါးသီးတဲ့အမှန်တရားပဲမဟုတ်လား 😔


ဒါက ဇာတ်ကားထဲကပြောစကားတခွန်း


အမှန်တော့ တကူးတကညွှန်းနေစရာမလိုအောင်ကို

ဒီကားကပြည့်စုံကောင်းမွန်ပါတယ်


လေးကားထက်မနဲခွဲရိုက်ပြီး ငွေသဲ့ယူလို့ရတဲ့ဇာတ်လမ်းမျိုးကို

ဇာတ်ညွှန်းကျစ်ကျစ်လစ်လစ်နဲ့ ဖြတ်တောက်ပြစ်စရာ အပိုဖြစ်နေတယ်ဆိုတဲ့အခန်းမျိုး

ပြောစကားမျိုးမပါဘဲ တကပ်ချင်း တခန်းချင်းကို ကျကျနနထုဆစ်ထားတာပါ


ခွဲကြည့်လိုက်ရင် ခေါင်းစဥ်တွေကအများသား

သူငယ်ချင်း

ချစ်သူ

ရည်မှန်းချက်ကြီးသူတယောက်

မိဘနဲ့သားသမီးကြားက ပဋိပက္ခနဲ့မေတ္တာ

နောက် ဝိသမလောဘသားတွေ

လဘ်စားလို့ ပြည်သူတွေကိုဒုက္ခပေးတဲ့ ဝန်မင်းများ

တောင်သူလယ်သမား ဆိုတာ

စသည်ဖြင့် ခေါင်းစဥ်ပေါင်းများစွာကို ခြုံငုံလို့ တကားတည်းမှာပဲ

ရသအစုံကို ပေးစွမ်းနိုင်ပါတယ်


ရှေ့မှာဝန်ကြီးချုပ်ကားနဲ့ ပေါက်ထားပြီးမို့ 

ဒီကားက သူ့အောင်မြင်မှုကို ထပ်ဆင့်အရောင်တင်ပေးခဲ့တာလို့ဆိုရင်

ဒီကားရဲ့ဂုဏ်ဒြပ် အားထုတ်ဖန်တီးကြသူတွေကို စော်ကားရာကျပါလိမ့်မယ်


ရှေ့ကားနဲ့ အလုံးရော ဒေါက်ကော ဘယ်အရာမှမလျော့ပါဘူး

ကိုယ့်အမြင်အရပိုတောင်ပြည့်စုံတယ်လို့ယူဆတာမို့

ဒီကားကသာအရင်ထွက်ခဲ့ရင် သူ့ကို CEO မင်းသားရယ်လို့ မုချသမုတ်မိကြမှာပါ


နောက်ဆုံးအနေနဲ့ သူ့အတွက် ဘဝကိုစွန့်လွှတ်ခဲ့တဲ့

အရာရာကျရှုံးလို့မကြည်ဖြစ်နေတဲ့ သူငယ်ချင်းဖြစ်သူရဲ့ယောက္ခမလောင်းကြီးကိုသွားတွေ့လို့

ပြောခဲ့တဲ့ စကားနဲ့နှုတ်ဆက်ပါရစေ


စပါးမရှိရင်ဆန်မရှိနိုင်ဘူးမဟုတ်လား


ကျွန်တော်ဆိုတဲ့ ဆန်စေ့ဖြစ်လာဖို့

သူက စပါးခွံလို သူဘဝကို အကြေမွခံပြီး ခွဲထုတ်ပေးခဲ့တာ


သူ့အမှားအတွက်ရလဒ်က ကျွန်တော်ဖြစ်လာတာပဲ


အဲ့ဒီနေ့က ကျွန်တော့်အစားခံယူခဲ့တဲ့အပြစ်ကြောင့်

သူ..အရာအားလုံး ဆုံးရှုံးသွားရတာ

အလုပ်

သူ့အဖေ

သူချစ်ရသူ

ဆရာ့ရဲ့ ယုံကြည်မှုပေါ့


ဒီကောင်ကြီးက ယုံကြည်ရတဲ့သူငယ်ချင်းအတွက်တောင် 

ဒီလိုသူ့ကိုယ်သူ အနစ်မွန်းခံဖြည့်စည်းပေးချင်သူမျိုးဗျ


တသက်တာလက်တွဲဖို့ ရည်ရွယ်ထားတဲ့ မြတ်နိုးရသူအတွက်ဆိုရင် စဥ်းစားကြည့်ပေါ့


သူလိုလူမျိုးနဲစုံစည်းဖို့ ကံကောင်းမှဖြစ်မှာ


ဆရာ့မှာ အဲ့ဒီလိုကံကောင်းမှုမျိုးရှိပါ့မလားတော့ 

ကျွန်တော်မသိဘူး


ပြီးတော့ ဆရာ့ရဲ့သမီးကိုလည်း အဲ့ဒီကံကောင်းမှုမျိုးနဲ့ မလွဲစေချင်ဘူး

.

Director: ဗန်သျှီ ပိုင်ဒပလီ (Vamshi Paidipally)


မဟေ့ရှ် ဘာဘူ (Mahesh Babu)

အာလရီ နာရေ့ရှ် (Allari Naresh)

ပူဂျာ (Pooja Hegde)

..

ဇာတ်ကားကြည့်ရန်

https://t.me/koloneypoei/235

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး