တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း..
#စံ
.
သူမကခံစားချက်ကိုဖွင့်ဟပြောပြတဲ့ ဇာတ်လမ်းလေးနဲ့ဆိုရင်သိပ်လိုက်ဖက်တာ
ဂျူးရဲ့ 'သူမင်းကိုဘယ်တော့မှ' ဆိုတဲ့ ဆောင်းပါးဆန်ဆန်စာအုပ်ကို
ပြောပြဖတ်သွားတာများ ကိုယ့်အကြောင်းကိုပြန်ပြောနေသလိုလို
ပြုခဲ့မိတဲ့ အမှား
ပြောခဲ့ပြီးတဲ့ ယုံကြည်ရာအမှန်တရား
ငယ်ဘဝဖြတ်သန်းခဲ့ရာပြောပြတော့
လေးစားမှု အထင်ကြီးမှု တိတ်တခိုးအားကျ သဘောကျနေမှုတွေကို
ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရသည့်အလား ခံစားခဲ့ရသည့်အလား
ဆယ်ကျော်သက်တယောက်ရဲ့
လွတ်လပ်မှု ပေါ့ပါးမှု ဟန်ဆောင်ခြင်းကင်းမှုတို့လေသံမှာအထင်းသား
အရွယ်ရောက်လာပြန်တော့ နှလုံးသားရဲ့ စည်းချက်တိုင်းကိုဘာသာပြန်ရာ
ယုံကြည်ခြင်း ရဲရင့်ခြင်း မျှော်လင့်ခြင်းတွေအပြည့်
အေးအေးငြိမ့်ငြိမ့် ပြတ်ပြတ်သားသားနဲ့ လေယူလေသိမ်းကျနစွာ
ဖတ်ပြသွားတာ ပြောပြသွားတာ ထပ်တူပင့်သက်လှိုက်ဖိုမိသည်အထိ
ဒီလိုဆိုတော့ 'ရှမ်းကြိုက်လို့နွားချော'ရယ်လို့ ဆိုနိုင်ကောင်းရဲ့
တကယ်ပါ နားထောင်ကြည့်ပါ
အဲ့ဒီစာအုပ်လေးက ဖတ်ပြထားတာလေးက...
ဂျူး'ရဲ့ ဖွင့်ဟဝန်ခံချက်လည်းဖြစ်နိုင်တယ်
မိန်းမသားတယောက်'ရဲ့ ဖွင့်ဟဝန်ခံချက်လည်းဖြစ်နိုင်တယ်
စံ'ရဲ့ ဖွင့်ဟဝန်ခံချက်လည်းဖြစ်နိုင်တယ်
သင့်'ရဲ့ ခံစားချက်နဲ့လည်း ထပ်တူကျနိုင်တာမို့
သင့်'ရဲ့ဖွင့်ဟဝန်ခံချက်လည်းဖြစ်နိုင်ပါတယ်
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment