ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, February 15, 2025

တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း #ဂျေး


 တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း

#ဂျေး

Https://www.youtube.com/@thantunlayinde 

.

အသံလေးကတည်ငြိမ်လိုက်တာဗျာ

ဆရာမကြီးလူထုဒေါ်အမာရဲ့ ခရီးသွားဆောင်းပါရှည်ကိုဖတ်ပြသွားတာများ

ဆရာမကိုယ်တိုင်ပြန်ပြောနေသည့်အလား


တည်တည်ငြိမ်ငြိမ်အေးအေးငြိမ့်ငြိမ့်နဲ့ ဖတ်ပြသွားတာများ ကိုယ်တိုင်ရောက်နေသလိုလို

အမှတ်တမဲ့ ဘေးဘီဝဲယာကြည့်လို့ ဆွေးမိတွေးမိငေးမိသည်အထိ


ပကတိဆောင်းပါးရှင်ဆရာမကြီးလို လေယူလေသိမ်းအဖြတ်အရပ်

သံနေသံထားကလေးတွဲ့တွဲ့ ယဥ်တင်တင် တည်တည်ငြိမ်ငြိမ်


ဒါပေမယ့် အတွေးထဲမှာသာရှင်သန်နေတာမျိုးမဟုတ်ဘဲ လက်တွေ့လောက 

အရှိဘဝကို စူးစိုက်လို့လေ့လာလို့မှတ်သားလို့ ခွဲခြမ်းစိတ်ဖြာလို့ 


မလော်မလီ တည်ငြိမ်သောကာယနဲ့ သိလိုသည်အတွက်

ဉာဏ်ပညာကို ထက်ထက်သန်သန်လှုပ်ရှားစေလို့ တရစပ်ကျိုးစားအဖြေရှာနေပြီး 

ဝီရိယကြပ်လို့ အစဥ်စေစားခိုင်းနေတတ်တဲ့ ပီဘိဝါရင့်ဆရာမကြီးလို 

သူမအသံက ဒက်တိကွက်တိ


သူမအသံနဲ့ လူထုဒေါ်အမာရဲ့ဆောင်းပါးက

ရေနဲ့ကြာလို

မအလနဲ့ကြိုးစင်လို

နေနဲ့လလို

ရွှေနဲ့မြလို

ကိုယ်နဲ့ထားထက်ထက်လို 😁 လိုက်ဖက်နေမှုကဆိုဖွယ်မရှိ

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး