ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, February 15, 2025

တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း.. #နွေလင်းဟန်


 တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း..

#နွေလင်းဟန်

.

နွေဦးတဲ့အပြိုင် တော်လှန်ရေးနဲ့အပြိုင် ယှဥ်တွဲမှတ်မိနေမှာက ဒီလူကြီးဗျ

သူ့အသံကိုက နွေသံလည်းပါသလို တော်လှန်သံလည်းပါတယ်


အသံကပါဝါကပြည့်ပြည့် လေသံကတည်တည်ငြိမ်ငြိမ်မို့

အကြားနဲ့တင် ကြည်ညိုချင်စရာဘဲကြီး

ကိုယ်တွေဆိုရင် အစောပိုင်းကာလတလျှောက်လုံး သူနဲ့တင်ငြိမ့်နေတာ


တလောကတွေ့လိုက်တဲ့ သူ့အမေအမည်အရ သွေနှောသူကပြားတယောက်ဖြစ်ဟန်တူရဲ့


နိုင်ငံကြောင့်လူမျိုးကို လူမျိုးကြောင့်နိုင်ငံကို 

ဘာသာကြောင့်နိုင်ငံကို နိုင်ငံကြောင့်ဘာသာကို 

မုန်းတီးရမလို ရှုံ့ချနေကြတဲ့ အထင်သေးတတ်ကြတဲ့လောကကြီးမှာ


သူ့ကြောင့် သူ့လိုလူတွေကြောင့် ကောင်းခြင်းဆိုးခြင်းက လူသာပဋာန

တဦးတယောက်ကြောင့် တစုတဖွဲ့ကြောင့် 

လူမှုအဖွဲ့အစည်းတခုလုံးကို တံဆိပ်ကပ်လိုက်ဖို့မသင့်တာကို အစဥ်သတိချပ်နေမိသည်အထိ 

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး