သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, February 15, 2025

၁၀၉-၁၁၀


 ၁၀၉ ၊ ၁၁၀

..

ဂဏန်းတွေက ပြည့်စုံတဲ့ဝေါဟာရကို တိတိကျကျကိုယ်စားပြုနိုင်တယ်ဆိုရင်ယုံမလား

၈၈၃၄ တို့ ၉၈၄ ၁၇၂၀၄ တို့လို့ ဝိုးတဝါး သံဖမ်းရိပ်ဖမ်းမဟုတ်ဘူးနော်


ဒီဂဏန်းတွေကို အက္ခရာစုတခုလို့ ရေရွတ်လိုက်ရင်ကို

ပြောသူကော နားထောင်သူပါ အဖြေရပြီးတာမျိုး ရှုပ်ထွေးမှုမရှိနားလည်ပြီးတာမျိုး


' ၁၀၉ ၊ ၁၁၀ ' တဲ့

သဘောက အလုပ်မရှိအကိုင်မရှိ ယောင်လေဝါးလာဖြစ်နေတာကို ပြောတာပါ


ကိုယ်တွေငယ်စဥ်ကတည်းက ဒီအသုံးတွင်ကျယ်ပြီးသားမို့ အားလုံးသိပြီးဖြစ်ပေမယ့် 

ဘာကြောင့် အလုပ်အကိုင်မရှိသူတွေကို ၁၀၉ ၁၁၀ လို့ခေါ်လဲ 

နောက်ပိုင်းကလေးတွေ သိပါ့မလားမသိ


အမှန်က သူကဥပဒေရေရာစကားလုံးဗျ

ဗြိတိသျှကိုလိုနီလက်အောက်ရောက်တော့ သူတို့က 

ရာဇဝတ်ဆိုင်ရာစီမံဆုံးဖြတ်ဖို့ ခိုင်မာတဲ့ ဥပဒေစာအုပ်ပါကိုင်လာတယ်


အဲ့ဒါကိုအခြေပြုလို့ ကိုယ်တွေနိုင်ငံအပါအဝင် သူ့ကိုလိုနီနိုင်ငံအားလုံးကို အုပ်ချုပ်သွားတာ


ပုဒ်မ ၃၇၆ ဆိုရင် မဒိန်းမှုပေါ့

သူ့လက်အောက်ခံကိုလိုနီနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာလည်း ဒီဥပဒေစာအုပ်အတိုင်းအုပ်ချုပ်ခဲ့တာမို့

သူ့တို့မှာလည်း ပုဒ်မ ၃၇၆ က မဒိန်းမှုပါပဲ 


ဒါကြောင့် ၃၇၆ လို့ ဇာတ်ကားအမည်တပ်ထားရင်ကို အလိုလိုသိနေတာပါ

ဒီဂဏန်းကြီးကပဲ မဒိန်းသမားနံပါတ်လိုလို ထင်နေတဲ့အထိ


လူလိမ်တွေဆိုရင် 420 'ဖိုးတွမ်တီး'လို့ခေါ်တယ်မို့လား

ပုဒ်မ ၄၂၀ ဆိုတာ လိမ်လည်မှုမို့ပါ


ပုဒ်မ ၁၀၉ ၁၁၀ ဆိုတာ

သူခိုးဂျပိုးတွေကပတ်ဝန်းကျင်မှာ ဘာလုပ်ပါတယ်ရယ်လို့ အလုပ်အကိုင်မယ်မယ်ရရ 

အထင်မရှားမပြနိုင်ဘူး မပြရဲဘူးမဟုတ်လား 

ဒီတော့ဒီလိုလူတွေကို သံသယရှိက ဆွဲစိလို့ရတဲ့ပုဒ်မပေါ့


အဲ့ဒီစာအုပ်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အပြစ်ဒဏ်ပေးရာမှာ

ထောင်ခြောက်လသာ ချမှတ်နိုင်ဟန်ရှိရဲ့ 

အခုလို လုပ်ချင်သလိုလုပ် နှစ်ဆယ်ချီတွေသေဒါဏ်တွေပေးလို့ရဟန်မတူ

ဘာကြောင့်လဲဆိုတော့ 'သခင်ပေါက်စ ထောင်ခြောက်လ' ရယ်လို့တောင် တွင်နေတာကိုး


နောက်ပိုင်းကိုလိုနီဘဝကကျွတ်လို့ လွတ်လပ်ရေးရချိန်ကျတော့

ဒီဥပဒေတွေကိုပဲအခြေပြုလို့ ကိုယ့်နိုင်ငံနဲ့ကိုက်အောင် ထပ်ဆင့်မွန်းမံပြင်ဆင်ပြီးသုံးကြတာပါ


ပုဒ်မ ၅ အပိုဒ်ခွဲ (ည) ဆိုရင် နိုင်ငံရေးပုဒ်မပါ

ဒါကြောင့်ထောင်တွင်းမှာဆိုရင် နိုင်ငံရေးအကျဥ်းသားတွေကို ၅ည တွေလိုခေါ်တယ်

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး