တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း
#သီးသီး
.
တော်လှန်လမ်းမှာတော့ ဘဝကိုပစ်ချလို့ ရဲရဲပွင့်ခဲ့တဲ့ပန်းမို့
မှတ်ကျောက်တင်နေစရာကိုမလို
ခုမှတ်တမ်းပြုတာလေးက စာဖတ်သူအတွက် ခံစားသူတယောက်ရဲ့
ပုဂ္ဂလအမြင်သက်သက်မို့ ဝိဝါဒကွဲစရာလေးတွေပါနိုင်ကောင်းရဲ့
သူမအတွက်ရေးဖို့ကျ နည်းနည်းကသီတယ်ဗျ
အများအမြင်နဲ့လည်းထပ်တူကျကောင်းမှကျနိုင်ပါလိမ့်မယ်
မတော်တဆ ရည်ရွယ်ရွယ်သူကိုယ်တိုင်ဖတ်မိရင် ရင်းနှီးသူတို့တွေ့မိရင်
အားနာစရာတော့အကောင်းသားရယ်
စရအောင်
အောင်မြင်နေသူတွေအတွက်ကျ လျှောက်ခဲ့တဲ့က အတိတ်မို့ ခြေရာတွေကအထင်းသား
ဘာကြောင့်ဘယ်လိုသုံးသပ်ရလွယ်ပေမယ့်
ကျိုးစားနေသူအတွက်ကျ ပန်းတိုင်ကအတိတ်မို့ ထောက်စ စရာမရှိ
ဒါပေမယ့်မြင်သာတာကတော့ သူမကအလွယ်လမ်းလိုက်ပုံတူကူးချလိုသူမဟုတ်တာရယ်
အနီးအပါးမှာလည်း မျှဝေတွဲကူမယ့် ပုံရိပ်ကြီးသူတွေအပြည့်ရှိတာတောင်
သူမအရည်အသွေးနဲ့ကိုက်ညီမယ့်လမ်း သူမပညာနဲ့ကိုက်ညီမယ့်အရာကို
စိုက်လိုက်မတ္တရှာဖွေနေတာ
ကိုယ်ပိုင်ပုံရိပ်တခုတည်ဆောက်နိုင်ဖို့
လမ်းသစ်ကိုရဲရဲရင့်ရင့်ဖောက်လုပ်နေတာတော့အသေအချာ
ဒီသဘောကို ဒေါ်ဦးစွန်း'အကြောင်းဖတ်ပြရာမှာအထင်အရှားတွေ့ရတယ်
အသံနေအသံထားအဖြတ်အရပ်ကအစ ကိုယ်ပိုင်ပုံစံတခုဖန်တီးနေသလို
ခြားနားတဲ့ပုံစံနဲ့ နားစဥ်သူတို့ကိုတင်ဆက်နိုင်ဖို့ကြိုးစားနေတာ
လူတယောက်က ကြိုးစားစဥ်ကာလမှာ မည်မျှနည်းပါးနေပစေ ယုံကြည်သူတွေလိုအပ်တယ်ဗျ
ဒါက အားလည်းဖြစ်သလို ယုံကြည်ရာက အချည်းနှီးမဟုတ်ကြောင်းသက်သေမျိုးပေါ့
သူမက ဒုတိယ မော်ရင်ဟိုလည်း မဟုတ်သလို
ဒုတိယ ရွန်းနီ' လည်းမဟုတ်ဘူး
ဒုတိယ သောင်းရီ' လည်းမဟုတ်သလို
ဒုတိယ ဟေဈရ်' လည်းမဟုတ်ဘူး
ကိုယ်ပိုင်အတွေးအမြင် ကိုယ်ပိုင်ပုံစံနဲ့ ထိုးဖောက်နေသူတယောက်ဖြစ်ပါတယ်
ဘောလုံးပွဲတွေလိုပေါ့ စနစ်တခုယူဆောင်လာသူအတွက် လိုအပ်တာကအချိန်နဲ့ ယုံကြည်မှု
ကိုယ်တွေရဲ့ဂိတ်ကြီး (မန်ယူ) လိုပေါ့ စမ်းသပ်စဲကာလမှာ
အလွဲအမှားတွေလည်းဖြစ်နိုင်တယ်
ရယ်စရာအဖြစ်တွေလည်းကြုံနိုင်တယ်
မဖြစ်နိုင်တော့ပါဘူးရယ်လို့ယုံကြည်လောက်စရာ အားမရမှုတွေလည်းတွေ့နိုင်တယ်
ဒီလိုကျိုးစားနေသူတွေအဖို့ အချိန်လိုတယ် သူ့ကိုယ်သူ ရှာနေဆဲကာလမှာပေါ့
တွေ့သွားတဲ့တချိန်မှာတော့ ကိုယ်ပိုင်အဆင်းနဲ့အချင်းနဲ့ပွင့်လာတဲ့ပန်းတပွင့်
ကိုယ်ပိုင်အလင်းနဲ့ထွန်လင်းမယ့် ကြယ်တစင်းအဖြစ်
အခြားကြယ်များနည်းတူ ကောင်းကင်ကိုအလှဆင်နေပါလိမ့်မယ်
သူမကိုယ်တိုင်တော့ ဘဝင်တကျရှိသွားပြီလား
ဟန်တခုကိုအခိုင်အမာဆုပ်ကိုင်နိုင်ပြီလို့ ယုံကြည်နေပြီလားမသိပေမယ့်
ကိုယ်တော့ သူမ မတွေ့သေးဘူးလို့ ခံစားရတယ်ဗျ
နောက်ပိုင်းထွက်တာတွေမှာလည်း နည်းနည်း နည်းနည်းချင်းစီ အသံဟန်လေးတွေချိန်းနေသေးတယ်
ရှာနေသေးတယ်လို့ ခံစားရတယ်
ပြန်မှတ်ထားပေးပါ သူမအမည်က သီးသီး '
တော်လှန်လမ်းအတွက် ကိုယ်ပိုင်အသံ ကိုယ်ပိုင်ဟန်နဲ့ပျံ့လွင့်နေတဲ့သူပေါ့
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment