သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, February 15, 2025

ဝီရိယသမားစစ်စစ်ကြီးတွေ...


 ဝီရိယသမားစစ်စစ်ကြီးတွေ...

.

.

.

.

လမ်း

.

ဖောက်တော့တယောက် 

သက်ရောက်တော့အများ


ကောင်းကျိုးသာထွက်လာစရာ ရှင်းလင်းတဲ့ဒီပုစ္ဆာအတွက်

ဘယ်လိုရွှေဉာဏ်တော်နဲ့များ ကန့်လန့်တိုက်ခဲ့ကြပါလိမ့် 🤔

.

.

-------------------------------------------


ပန္နက်

.

တို့တွေက..

မသွားမီကရောက်နှင့်သလို ပုစ္ဆာမြင်တာနဲ့ဖြေရှင်းပြီးကြတဲ့

ဉာဏ်တော်အလျင်ရှေ့သွားရှိသူတွေမဟုတ်


ပါရမီ 

ရှေးဘဝ 

အတိတ်ကာလကောင်းခြင်းတို့အကြောင်းပြု

ဥုံဖွမန်းလို့တောင့်တ 

အပ်ချလောင်းဆိုသလို ဆန္ဒရှိရာအလွယ်တကူရလာစရာရှိတဲ့

ကံတော်အလျင်ရှေ့သွားရှိသူလည်းမဟုတ်ပြန်


ပစ္စက္ခမှာရင်ဆိုင်ရင်းဖြေရှင်းရင်းမှ 

အမှားတွေ့လာရင်သင်ယူ

မှန်တယ်ယူဆရင် ပိုကောင်းနိုင်တဲ့လမ်းရှိလေအုံးမလားကြံဆ

သဏ္ဍာန်တူပုစ္ဆာကို ထပ်တူမှားခွင့်မပြုနိုင်တဲ့ဘဝတွေ


ပြဿနာကို မသိကျိုးကျွံ မျက်ကွယ်ပြုလို့ 

အေးအေးလူလူ ခပ်ခွာခွာနေခွင့်မရခြင်းတွေ


ကွေ့လို့လည်းမရှောင် 

ကြောက်လို့လည်းမပုန်း

ထွက်လို့လည်းမပြေး ဦးလှည့်ရင်ဆိုင်ရင်းမှ 


မှားရင်း..

သင်ယူရင်း..

ဖြည့်စည်းရင်းနဲ့မှ Pro ဘဝလှမ်းတက်ခဲ့ကြ


ထိပ်တိုက်ရင်ဆိုင်ရင်းအဖြေရှာ 

တခါမှားရင် အမှန်သွားဖို့ မှားစရာတလမ်းလျှော့သွားပြီရယ်လို့ကျေနပ်

ဝီရိယအရင်ဆိုက် ဉာဏ်ကပ်လိုက်ကြသူတွေ


မနက်ကထက် ပိုကောင်းနည်းစမ်းသပ်

မနေ့ကထက် သိစရာတခုမှတ်သား

မနှစ်ကထက် ပိုမိုနှစ်လိုစရာဘဝတည်ဆောက်ဖို့ကြိုးစား


တစက်ခြင်းစုခဲ့ရတဲ့ပညာတွေအတွက် ဒါဏ်ရာတွေရင်းခဲ့ကြရတဲ့

ဝီရိယသမားစစ်စစ်ကြီးတွေ

.

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.


သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး