ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Sunday, December 31, 2023

က



.........

​ဗမာဖတ်စာထဲက ပထမဆုံးသော ကကြီးဆိုတဲ့ ဒီအက္ခရာမှာ 

စိတ်ဝင်စားစရာ အရည်အသွေးတွေ အရည်အချင်းတွေကအများသားဗျ


ကျန်အက္ခရာတွေမှာ အကြီးရှိလို့ အငယ်ရှိပေမယ့် 

ဒီအက္ခရာ ကကြီးကတော့ အဦးအစမို့ အလေးအမြတ်သဘောမျိုးနဲ့ 

ကြီးဆိုတဲ့ ဂုဏ်ပုဒ်တပ်ပြီး ခေါ်ဝေါ်တာလို့ဆိုတယ်


က ဆိုတဲ့ စကားလုံးက တလုံးတည်းလည်း အဓိပ္ပါယ်ရှိတယ်

သူ က တာ သိပ်ကြည့်လို့ကောင်းတယ် 

ဒီနေရာမှာ က ဆိုတာ စည်းချက်တကျ 

အချိုးကျနာစွာ လှုပ်ရှားမှုတွေဟန်ပန်ကို ဆိုလိုတယ်


ပြီးတော့ သူက နေရာ ကာလ ပမာဏတွေကို ပိုပြီးလေးနက်စေတယ်



ဥပမာ....

မနေ့ က ဘယ်သွားခဲ့လဲ


နေရာ အတွက်ဆိုရင်

ဟိုပေါ် က ဖုန်းယူခဲ့ပေးပါ


ပမာဏကိုလည်းပြတတ်တယ်

အဲ့ဒါ ဒီထက်မ က ကြီးတယ် စသည်ဖြင့်ပေါ့


သန်းထွန်းလေး အင်းတဲရွာ

အောင်ညီကို ရွှေထည်စက်ဖြတ် ရွှေပန်းထိမ်နှင့် ရွှေအရောင်တင်လုပ်ငန်း 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Mohenjo Daro (2016) မြစ်ညာကတာကျိုးလို့ ရွှံ့ညွန်တွေအောက်ရောက်သွားရတဲ့ ကမ္ဘာ့ဦးကမြို့တော်ကြီး ။ 💥ခုလည်းနီပေါမှာ ကြောက်စရာ

Mohenjo Daro (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း) မြစ်ညာကတာကျိုးလို့ ရွှံ့ညွန်တွေအောက်ရောက်သွားရတဲ့ ကမ္ဘာဦးကမြို့တော်ကြီး ။ မြစ်ဆုံစီမံကိန်းကို ပ...

အထူး