ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, December 23, 2023

ကန်မြဲ ကိုအေးကျော်

 တောင်တော်ပုပ္ပါး

...

သီရိ မင်္ဂလာ အညာမြေ၏ မဏ္ဍိုင် တောင်သုံးလုံးဆိုင် 


စက္ကုန်းမို့မို့မှာ လွှာခုံးလို့ ယှဥ်ကာပြိုင် 

ဣန္ဒနီလာ ပြာပြာမှိုင်းမောက် မြခနောက်သို့ဆိုင် 

လေးထောင်ကျော် ပေမြင့်မား 

ဝင့်ကြားပေစွ မြင့်မားလေစွ မိုးကောင်းကင်တိုင် 

မြင်းခြံခရိုင် တခုတည်းသော ရွှေပုပ္ပါးတဲ့ ကဗ္ဗည်းကျောက်စာတိုင်


နဂါးလိမ် ချော်ဆစ်က စကားဝါတောင်တော်ပန်း 

လှမ်းဆွတ်ပါ့မေရယ် ပန်းခက်က ဝေတယ် 


ဘယ်သူပြိုင်လို့ လှပါတော့နိုင် 

လှမ်းဆွတ်တော့ ညိုနွဲ့ကေခိုင် 

တောင်တော်ပန်းမို့ မွှေးရနံ့ ကြူသင်းကြိုင်


မြရွှေတောင်ပုပ္ပါး မြင့်မားဝတိံတိုင် 

စုံတောမြိုင် ဂနိုင်ချောင်က ပန်းစကားမာလာကြိုင် 

ရွှေနဲ့များ ယိုးစွဲ ထင်မှားနိုင် ဟေ၀န်စုံမြိုင် 


ရင်သပ်ရှုမောလောက်ဖွယ် 

ထူးတဆန်းဆန်း စိမ့်စမ်းသွယ် ရစ်လည်ဗွေဆိုင် 

ကြည်နူးဖွယ် ကေသီခိုင် ကြွမြန်းခဲ့တော့ ပုပ္ပါးတောင်မဏ္ဍိုင်


တောင်သူယာသမား အညာသားတို့ပြဒါးမှတ်တိုင် 

ရွှေမိုးတွေ ညို့လို့ ညိုရင် ခမောက်ကိုယ်စီဆောင်းကာ 

လယ်ယာခင်း ဆင်းကြမြိုင်မြိုင် 

ချောင်းကလျှံ ကန်ရေတိုး သီးနှံတွေဖြိုးလို့ ဝေကာမြိုင်မြိုင်


စိမ်းညို့ညို့ ယိမ်းလွန့်လို့ မြသား ယာမြေ ရှုမငြီးနိုင် 

စကားစိမ်း ကြိုင်ကြိုင်  စကားဝါလှိုင်လှိုင် 

ချူလှဲ့ မေရဲ့ ပုပ္ပါးတောင်မဏ္ဍိုင်


နဂါးလိမ် ချော်ဆစ်က စကားဝါတောင်တော်ပန်း 

လှမ်းဆွတ်ပါ့မေရယ် ပန်းခက်က ဝေတယ် 


ဘယ်သူပြိုင်လို့ လှပါတော့နိုင် 

လှမ်းဆွတ်တော့ ညိုနွဲ့ကေခိုင် 

တောင်တော်ပန်းမို့ မွှေးရနံ့ ကြူသင်းကြိုင်








No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး