ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Sunday, January 17, 2021

ခွေးနဲ့​ခေး

တစ်ခါက အင်မတန်ဂုဏ်သတင်းကျော်စောပြီး
တပည့်တပန်းများစွာကို သင်ကြားပေးနေတဲ့ ဆရာကြီးတစ်ယောက်ရှိတယ်

တစ်နေ့ သူ့ခြံဝင်းထဲ ခွေးဝင်လာတော့ မောင်းထုတ်တာ
ဟဲ့ ခေး ဟဲ့ ခေး တဲ့

ဒါကို သူ့မိန်းမကကြားတော့ တော့်နှယ်တော်
ဆရာကြီးလုပ်နေပြီး ခွေးတောင် အသံထွက်မမှန်ဘူး
ဘေးအိမ်​တွေကြားရင် ရှက်စရာဆို​တော့

ဟ မိန်းမရ ဝင်လာတဲ့ခွေးကို သေချာကြည့်စမ်း အထီးလားအမလား

ခွေးမ​လေဆို​တော့

အဲ့ဒါကြောင့်ငါက ဝဆွဲ မထည့်တာ
ဘာမှလည်းမသိပဲနဲ့ဆိုပြီး ပြန်​တောင်​ဟောက်လိုက်​သေးတယ်

ဒီလိုပါပဲ အမှားကိုဝန်မခံပဲ မှန်သ​ယောင် ဆင်​ခြေအချို့နဲ့
ဝေ့လည်ကြောင်ပတ် ရှက်ရမ်းရမ်းတတ်တာ  လူ့သဘာဝမဟုတ်လား

••••••••••••••••••••••••••••••••••••••••••••••

 သန်းထွန်း​လေး (အင်းတဲရွာ) အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း 


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး