
ဒီကနေ့ခေတ်ကို မော်ဒန်ခေတ်လို့ ပြောကြပါစို့
သရုပ်ခွဲရရင် ဘာဖြစ်မလဲ
သူ့ဖက်ကလူတွေကတော့ ယေဘူယျသဘောတရားတဲ့
သူငါသရုပ် ချစ်မုန်းစိတ်ခံစားချက်တွေကို တိကျကျ ဖော်ပြတာမျိုးမဟုတ်ဘဲ အရိပ်အယောင်မျှသာ ပြတယ် ယေဘူယျသဘောကိုသာပြတယ် ကျန်တာက ခံစားသူကိစ္စသာဖြစ်တယ်တဲ့
ဒါကြောင့် သူဟာ ဒါပါဒီလိုပါလို့မူမရှိဘူး ခံစားသူရဲ့ စိတ်ကူးအတွေးအခေါ်ပေါ်မှာ မူတည်တယ် ကောင်းခြင်းဆိုးခြင်း တန်ဖိုးကြီးခြင်းနိမ့်ခြင်းကပေါ့
အရင်တစ်ခေတ်က ပန်းချီဆိုရင် တောတောင်ရေမြေစသည်ဖြင့်၄င်း ပုဂ္ဂိုလ်သတ္တဝါစသည်ဖြင့်၄င်း သာမန်လူကစလို့ ဒါဘာပုံ ဒါဘယ်သူ့ပုံ စသည်ဖြင့်သိစေနိုင်ရန် ရေးဆွဲကြတယ် အပြင်ကတကယ့်သဏ္ဍာန်နဲ့တူအောင် အပ်ကျမတ်ကျဆွဲနိုင်သူတွေကိုမှ ချီးချီးကျူးကျူး ဂုဏ်ပြုကြတယ်
ကဗျာတွေ စာတွေဆိုရင်လည်း ရည်ရွယ်ရာကို တိုက်ရိုက်အားဖြင့် ထိမိတဲ့ စကားလုံးတွေ ပုံပမာတွေနဲ့ ရေးဖွဲ့ကြတယ်
မော်ဒန်မှာတော့ ဒီသဘောတွေကနဲ့ လုံးဝဆန့်ကျင်တယ်လိုထင်တယ် ပန်းချီရေးဆွဲရာမှာလည်း ရည်ရွယ်ရာကို ဗဟိုပြုလို့ အရောင်တွေ မျဥ်းမတ်တွေ လွန်ကဲတဲ့ အကွေးအညွှတ်တွေနဲ့ သရုပ်ဖော်ကြတယ် ဒါတွေကနေ ရေးဖွဲ့သူရဲ့ ရည်ရွယ်ချက် စိတ်ကူး အတွေအခေါ်ကို လှမ်းပြီး မှန်းဆရနိုင်သလို ကိုယ့်ရဲ့ ခံစားတွေးခေါ်နိုင်စွမ်းလည်း ပိုပြီးမြင့်လာနိုင်တယ်လို့ ယူဆကြတယ်
ဒီအတွေးအခေါ် အယူအဆက လက်တွေ့ဘဝမှာပါ လွှမ်းမိုးလာတယ် ဒါကြောင့် မော်ဒန်ခေတ်လို့ ဆိုချင်တာပါ
လုပ်ငန်း ယုံကြည်ချက် အတွေးအခေါ်စတာတွေအားလုံး ခိုင်မာတဲ့တည်မြဲတဲ့ ပုံစံမျိုးမဟုတ်ဘဲ ထောက်တည်ရာမဲ့နေတယ်
ကိုယ်ယုံကြည်ရာကို တရားသေဆုပ်ကိုင်ထားတာထက် သူ့ဖက်ကအတွေး သူ့စိတ်ကူးတွေကို လှမ်းပြီးတွေးခေါ်ကြံဆပြီး ပြင်ဆင်နေရတာမျိုးပေါ့
ပန်းချီဆရာကလည်း ဒါဘယ်သူ့ပုံပါဆိုတာထက် သရုပ်လောက်သာပြတယ် ကြည့်သူက တွေးခေါ်ကြံဆယူရတယ် ကဗျာ စာ စတာတွေလည်း အတူတူပါပဲ
ဒီကနေ့ သင်မှန်တယ် ကောင်းမွန်တယ်လို့ ယုံကြည်စွဲကိုင်ထားတဲ့ အရာက မနက်ဖြန်မှာ ပုံစံတစ်မျိုးပြောင်းလဲနေနိုင်ပါတယ် စိတ်ညစ်ငြူးစရာအဖြစ်ပေါ့
သင်ကော မော်ဒန်ကို ဘယ်လိုယူဆလဲဗျ
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Wednesday, January 13, 2021
မော်ဒန်
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment