"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Monday, January 21, 2019
ပြောင်းလဲခြင်းများ
..........
လွန်ခဲ့တဲ့ရာစုနှစ်အစောပိုင်းကာလက တစ်ဦးတစ်ယောက် ဒေသတစ်ခုကို ဆက်သွယ်ဖို့ အင်မတန်ခက်ခဲခဲ့တယ်
သုံးလေးမိုင်ခရီးကို တစ်နာရီဝန်းကျင် မောင်းနှင်ရတဲ့ နွားလှည်းတွေအသုံးပြုကြတယ်
တစ်ရပ်တစ်ပါးကိုရောက်ဖူးသူဟာ သူ့ရပ်သူ့ရွာမှာ အတော်လူရေလည်သူဖြစ်တယ်
ဒေသအခြားက မိတ်ဆွေတစ်ယောက်ရဲ့ သာကြောင်းမာကြောင်း သတင်းသိရဖို့ နှစ်ပေါက်မှ တစ်ယောက်လောက်သာရှိတဲ့ လူကျုံကို မျှော်ရတယ်
ကာလသားလေးက မိန်းမပျိုလေးတစ်ယောက်ကို ပိုးပန်းဖို့အတွက် သုံးနှစ်သုံးမိုးမက ကြာတယ် နာမည်လေးသိရဖို့ လပေါင်းများစွာကြာတယ်
သံစဥ်နုတ်တွေဟာလည်း ခပ်ကြကြဲနဲ့ လေးလေးလံလံ ဆွဲဆွဲငင်ငင် သီဆိုရတာမျိုးပေါ့ တိုင်ပင်ကြဲတယ် ခေါ်မလားပဲ
လေးလံထိုင်းမှိုင်းတဲ့ကာလ တွေးရင်းဆွေးရင်းငေးရင်းနဲ့ ပျော်ရွှင်စွာနေထိုင်ကြတဲ့ကာလလို့ သတ်မှတ်ရမယ်ထင်တယ်
ပြောင်းလည်းလာတဲ့ ဒီနေ့ခေတ်အချိန်အခါမှာတော့ အရာအားလုံးခြားနားသွားတယ်
သုံးလေးမိုင်ခရီးကို ဆယ်မိနစ်ဆယ့်ငါးမိနစ်လောက်သာ အချိန်ယူရတဲ့ ယာဥ်တွေပေါ်လာတယ်
တစ်ရပ်တစ်ပါးသာမက နိုင်ငံရပ်ခြားအထိပါ ဝမ်းရေးအတွက် သွားလာလုပ်ကိုင်လာရတယ်
သူတို့အကြောင်းသိရဖို့လည်း သိပ်မခက်ပြန်ပါဘူး လက်ဖဝါးပေါ်က စက်ကရိယာလေးကို တစ်ချက်တောက်ကြည့်ရုံနဲ့ သာကြောင်းမာကြောင်းသာမက ဘယ်သွားတယ်ဘာလုပ်တယ် ဘယ်အချိန်-ျီးပါတယ်ကအစ သိနိုင်သွားပြီ
သုံးစက္ကန့်အတွင်းမှာပဲ ကိုယ်စိတ်ဝင်စားသူရဲ့ အချက်အလက်တစ်ချို့ကို ရယူနိုင်လာတယ်
လျှင်မြန်လာတဲ့ ခေတ်ရေစီးနဲ့အတူ သံစဥ်နုတ်တွေဟာလည်း နောက်ကျမကျန်ခဲ့ပါဘူး ခပ်မြန်မြန် ခပ်သွက်သွက် ဘိအစိတ်တွေနဲ့ မြန်လာတယ်
နည်းပညာတွေရဲ့ အကျိုးကျေးဇူးလို့ပဲ ပြောရမလား အရာအားလုံးရဲ့ လျှင်မြန်မှုဟာ မထင်မှတ်အောင်ပါပဲ ဒီကြောင့်ပဲ ဆိုးကျိုးတစ်ချို့ကလည်း ရှိနေပြန်ရော
အလွန်အလျှင်မြန်တဲ့ အရှိန်အဟုန်နဲ့ လိုက်ပါစီးဆင်းနေတော့ အချိုးအကွေ့တွေ ခလုပ်ကန်သင်းတွေ အပြောင်းအလဲတွေကို အရင်လို ကြိုမမြင်ကြရတော့ဘူး ကြိုသိရဖို့လည်း အချိန်မပေးနိုင်ကြဘူး မိုးလင်းမိုးချုပ် တကုပ်ကုပ်နဲ့ လှုပ်ရှားရုံးကန်မှ ပြေလည်ကြတာမျိုးပေါ့
ရောက်လာမှဘွားခနဲ့ ရင်ဆိုင်ကြရတယ် ဖြေရှင်းကြရတယ် ဒီတော့ လဲသူလဲကွဲသူကွဲ
လျှင်မြန်မှုကို ကျွန်တော်လည်း ကြိုက်ပါတယ်
ဥပမာ ဆိုင်ကယ်စီးတယ်ဆိုပါတော့ လိုရာခရီးကို မပင်မပန်း အချိန်မကြာပဲ ရောက်နိုင်တာမဟုတ်လား ဒါပေမယ့် မလိုရာရာခရီးကိုလည်း သာသာယာယာ အချိန်မကြာပဲ ဆွဲခေါ်သွားတတ်တယ်ဆိုတာ သတိချပ်စေဖို့ပါ
လွန်သွားမှ ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပဲ လဲလဲကွဲကွဲဖြစ်နေနိုင်တာမို့...
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment