"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Monday, January 21, 2019
ယုံကြည်ခြင်းများ
°°°°°°°°°°°°°°°
အရာအားလုံးမှာ အခြေခံအကျဆုံး လိုအပ်တာက ယုံကြည်မှုပါ လူတစ်ဦးတစ်ယောက်ချင်းစီသာမက မိသားစု မိတ်ဆွေအသိုင်းအဝိုင်းကစလို့ လုပ်ငန်းတွေ အဖွဲ့အစည်းတွေ နောက်ဆုံးအစိုးရအဖွဲ့အစည်းတွေမှာပါ ယုံကြည်မှုက အဓိကအကျဆုံး လိုအပ်ချက်မဟူတ်လား
ဘာသာတရားတွေမှာတော့ ယုံကြည်မှုဟာ ပိုပြီးအခြေကျပြီး ပိုပိုပြီးလိုအပ်ပါတယ်
အချို့က ယုံကြည်မှုနဲ့ ကြောက်ရွံ့မှုကိုတည်ပြီး ဘာသာတရားတွေ ကိုးကွယ်ရာတွေ ဖြစ်ပေါ်လာတယ်လို့ဆိုတယ်
တောတောင်ရေမြေ နေလနက္ခတ်တာရာ အစရှိတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေအပြင် မမြင်နိုင်တဲ့ အဝေးတစ်နေရာက ဖန်ဆင်းသူဆိုတာမျိုးတွေပေါ့
ကိုယ်တိုင်ကိုယ်ကျ သိနိုင်တာမဟုတ်ပေမယ့် ယုံကြည်မှုကိုအရင်းခံပြီး လက်ခံလိုက်တယ်
ကိုယ့်ရဲ့ဖြစ်ခြင်းပျက်ခြင်းအကြောင်းကိစ္စအားလုံးကို သူ့အပေါ်မှာပဲ လွှဲချလိုက်တယ် အလိုတော်ကျအတိုင်း ဆိုတာမျိုးပေါ့
ဒီလိုဆိုရင် ကိုယ့်ရဲ့ဖြစ်တည်မှုဟာ စက်ရုပ်ဆန်သွားလိမ့်မယ်ထင်တယ် ဖြစ်တည်သမျှဟာ ကိုယ်နဲ့မသက်ဆိုင်ပဲ ကိုယ့်ကို ပရိုဂရမ်ဆွဲပြီး ဘဝမှာ ယှဥ်သန်ခိုင်နေတာမျိုးပေါ့
ဗုဒ္ဓဘာသာမှာတော့ ယုံကြည်မှုဟာ အခြေခံလိုအပ်တဲ့ အုပ်မြစ်တစ်ခုသာပါ မြတ်ဗုဒ္ဓဟောကြာခဲ့တဲ့ တရားတွေကို လက်ခံကျင့်သုံးဖို့အတွက်သာပါ ဒီထက်မပိုပါဘူး
မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေမှန်မမှန် ဟုတ်မဟုတ် ကိုယ်တိုင်သိနိုင်တယ် မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း လာပါ လေ့လာပါ စမ်းစစ်ကြည့်ပါ ကိုယ်တိုင်သိရှိနိုင်ပါတယ်လို့ သူဟောပြောခဲ့တဲ့ ဓမ္မနဲ့ပတ်သက်ပြီး အာမခံခဲ့တယ်
ဥပမာအားဖြင့် ရောဂါတစ်ခုဖြစ်တယ်ဆိုပါတော့ ပျောက်ကင်းဖို့ ဆရာဝန်ဆီမှာ နှုတ်ကနေ ယုံကြည်ပါတယ် ခွင့်လွှတ်ပါ ပြောက်ကင်းအောင် စောင်မကြည့်ရှု့တော်မှုပါဆိုရုံနဲ့ ပျောက်ကင်းနိုင်မှာမှမဟုတ်တာ
ပျောက်ကင်းဖို့အတွက် အဲ့ဒီဆရာဝန်ပြောတဲ့ ဆေးညွှန်းအတိုင်း နေထိုင်စားသောက်မှ ရောဂါသက်သာပျောက်ကင်းမယ်မဟုတ်လား
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment