ရာဇဝင်ထဲကစာဆိုရှင်တဦးရဲ့ မြန်မာလူမျိုးတို့အပေါ်တပ်ဆင်ပေးခဲ့တဲ့ ဂုဏ်ထူးဝိသေသန
။
သူ့အမည်ကမောင်ဖေပေါ့ဗျာ
နေထိုင်ရာက အပ်ချုပ်အထည်ချုပ်လုပ်သူများနေရာ တနည်းအချုပ်တန်းပေါ့ ဒီတော့ သူစာဆိုအဖြစ်ထင်ရှားလာချိန်မှာ အပ်ချုပ်တန်းက ဆရာဖေ (အချုပ်တန်းဆရာဖေ(၁၂ဝဝ-၁၂၅၆) လို့ ကလောင်အမည်ရခဲ့တယ်
မူကွဲအနေနဲ့ အချုပ်ကျအကျဉ်းသားတွေကို စောင့်ကြပ်ရတဲ့ ရဲမက်မို့ လို့လည်းဆိုပါတယ်
(ဆရာမရွှေဘိုမိမိကြီးရဲ့ နန်းတွင်းသူခိုးနဲ့မိန်းမစိုး စာအုပ်မှာလား ဆရာကြီးပါမောက္ခဦးချမ်းမြ (မြကေတု)ရဲ့ နန်းဓလေ့မှတ်တမ်းများ စာအုပ်မှာလား မသဲကွဲဘူးဖြစ်နေတယ်)
ထားတော့
____________________________________
ဆရာဖေက တိုင်းပြည်သူ့ကျွန်လက်အောက်ရောက်လို့ ဘုရင်မိဘုရားကို အင်္ဂလိပ်တို့က အလွယ်လေးလာဖမ်းသွားတာကို မချိတင်ကဲဖြစ်လို့ ရေးသားခဲ့တဲ့ ကဗျာတပုဒ်မှာ မြန်မာလူမျိုးတွေကို ဝေါဟာကလေးတခုနဲ့ သုံးသပ်တင်ပြသွားတာ
စကားလုံးက ထိတယ်မိတယ် ရေရေလည်လည်မိုက်တယ်ဗျ
ညစ်ပလီလူမျိုး တဲ့ 😁
____________________________________
စာဆိုရှင်တဦးရဲ့ တကူးတကသုံးနှုံးထားတဲ့ ဝေါဟာရဆိုတော့ နည်းနည်းဋီကာချဲ့ကြည့်ရအောင်ဗျာ
ပထမဆုံးအနေနဲ့ ညစ်ပလီဆိုတာကို ပုဒ်ခွဲကြည့်ရင်
ညစ် ဆိုတာနဲ့ ပလီ ဆိုတာရတယ်ဟုတ်
____________________________________
💥ညစ် ဆိုတာက
။
မိုက်တာ ရိုင်းတာ ဆိုးတာ သွမ်းတာ သတ်တာ ဖြတ်တာမဟုတ်ဘူးနော်
တဖက်ကတော်ရင် အသုံးချခွင့်မရအောင်လုပ်တာ
တတ်ရင် ပြခွင့်မရအောင် ပိတ်ပင်တာ
အဆင်ပြေနေရင် မပြေမလည်ဖြစ်အောင် သွေးထိုးတာ
ချမ်းသာနေရင် ဆင်ရဲသွားစေချင်တာ
စသည်ဖြင့်အပြင် တိတိကျကျဆိုရရင် ကိုယ်ကလွဲလို့ တပါးသူတွေ ဘာလုပ်လုပ်အဆင်မပြေစေချင်တာ မရှုစိမ့်နိုင်တာ
ကိုယ်အဆင်မပြေသလို ဘယ်သူမှအဆင်မပြေစေချင်ဘူး
အဲ .. ကိုယ်အဆင်ပြေရင်လည်း ဘယ်သူမှကိုယ့်နီးပါးလိုက်အဆင်မပြေစေချင်ဘူး
ဒီလိုဖြစ်အောင် တားတယ်စီးတယ်ပေါ့
သူအဆင်ပြေတာက ကိုယ့်အကျိုးစီးပွားကို တစုံတရာမထိခိုက်နိုင်ပေမယ့် သူအဆင်ပြေနေတာကိုမကြည့်ချင်တာ 😂
သူစီးပွားပျက်လို့လည်း ကိုယ့်မှာအကျိုးတစုံတရာမရပေမယ့် ကိုယ်ကိုယ်တိုင်ပါနစ်မွန်းရင်နစ်မွန်းပါစေ တပါးသူတက်မဖြစ်အောင် စွမ်စွမ်းတမံတားစီးဖို့အားထုတ်တာ
ဒါကို ညစ်တယ်လို့ခေါ်တာ
____________________________________
💥ပလီ ဆိုတာက
။
စောစောက တဖက်လူကိုတတ်နိုင်သမျှချေကလန့်ထိုးပြီး အခြားလူများရှေ့မှာတော့ ကိုယ်ကိုသူက ဘယ်လိုလုပ်တာ ဘယ်လိုညစ်တာ စသည်ဖြင့် ဦးအောင်ငိုပြတာ သက်သေထူတာ တိုင်တန်းတာမျိုးပေါ့
ဒါကို ပလီတယ်လို့ခေါ်တာပါ
ဒီစကားလုံနှစ်လုံးကိုတွဲလို့ ဆရာဖေက ညစ်ပလီလူမျိုးလို့ဂုဏ်ထူးဝိသေသနတပ်ပေးထားတာ
သဘောက "ကိုယ်ကအရင်ညစ်တယ် ပြီးရင်ဦးအောင်ပလီတော့တာပဲ" ဆိုတဲ့အဓိပ္ပါယ်ပေါ့
(ဒီလိုလူမျိုးတွေ ကျွန်တော်တို့တော်လှန်သူတွေထဲမှာ မပါလောက်ဘူးလို့ထင်ပါတယ် 😁)
____________________________________
အဆိုပါ ညွှန်းဆိုခဲ့တဲ့စာဆိုရှင်က ဦးပုညနဲ့ခေတ်ပြိုင်ဗျ
ဘုန်းတော်ဘွဲ့တွေထက် ပြည်သူတို့ခံစားချက်တွေကို ပိုပြီးထုတ်ဖော်ရေသားတတ်တော့ သိပ်ကဗျည်းတင်မခံရဘူး
ကျွန်တော်တို့ငယ်ငယ်ကသင်ရတဲ့ ယာယီအချမ်းသက်သာဖို့အရေး တသက်တာနေထိုင်ရာအိမ်ကိုပါ မလွှဲသာမရှောင်သာ မီးရှို့အချမ်းဖြေဖျောက်ရတဲ့ ယာတောသားတောင်သူဦးကြီးအကြောင်းရေးထားတဲ့ "ဖိုးစော်ကဲ" ကဗျာကလည်း သူရေးထားတာပါ
ဒီတော့ အုပ်စိုးသူတွေမကြိုက်တော့ အမြှောက်စားမခံဘူးပေါ့ ဒါကြောင့်ဘဝသက်တမ်းတလျှောက် ချို့တဲ့စွာပဲနေထိုင်သွားခဲ့ရတယ်
ကိုလိုနီခေတ်မှာလည်း အုပ်စိုးသူတွေကို ကလန်တန်တန်စာချိုးရုံမက လက်နက်ကိုင်တော်လှန်ဖို့ ရှမ်းပြည်တက်လူသူစုဆောင်းရာက အဖျားရောဂါနဲ့ဆုံးပါးသွားခဲ့ရတယ်
____________________________________
သူစိတ်နာနာနဲ့ရေးခဲ့တဲ့ စာကတော့
။
မြန်မာတွေ စည်းကမ်းဖောက်လို့
ထီးနန်းပျောက်ဖြစ်ပြီ
မှီးငြမ်းထောက် အသစ်မှီတယ်
ညစ်ပလီလူမျိုး
မိပစ်လို့ ဖရှောင်သွေသည်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး
မြန်မာချင်း ကြွားကြတာမှာ
ဓားပြကာ လူဆိုး
ကုလားမြင် သူ့အမေရိုးတော့မလို
ခုမြေလျှိုး ပုန်းရှောင်
မိုက်မနော် ပြုမဟေးတို့က
သူ့ပထွေးတော့ ခွေးသို့မဟောင်
ပြောရောဟဲ့ရာဇဝင်ပြောင်အောင်
စာဇင်တောင်ဦးချလို့
ပလူးကြပြေးကြို့ခါခါ
ခွေးတို့ပမ
တွေးမိတိုင်း အရိုးနာတယ်
အမျိုးပါဆဲချင်ပေါ့လေး
အချုပ်တန်း ဆရာဖေ
____________________________________
ဆရာမောင်ဝံသရဲ့ ၁၉၈၄ ခုနှစ်နောက်ပိုင်း အတွေးအမြင်စာစောင်မှာရေးသားထားတဲ့ ဆောင်းပါးတွေကိုစုပေါင်းထုတ်ဝေထားတဲ့ ဒုတိယအတွေးဆိုတဲ့စာအုပ်ပါ ညစ်ပလီလူမျိုးဆိုတဲ့ ဆောင်းပါးကိုအခြေခံလို့ ထပ်ဆင့်တွေးကြည့်တဲ့သဘောပါ
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment