သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, February 16, 2026

Kacher Manush Dure Thuiya (2024) ဝေးသွားတဲ့အခါ ..(ဇာတ်ကား🖊 တွေး၊ညွှန်း)

 




Kacher Manush Dure Thuiya (2024)

(ဇာတ်ကား🖊 တွေး၊ညွှန်း)


 ..


ဝေးသွားတဲ့အခါ..


ဇာတ်ကားနာမည်လေး ရေရွတ်ရင်း ကိုငှက်ကြီးသီချင်းက

အလိုလိုစိတ်ထဲရောက်လာတယ်


🎵🎵🎵


ဝေးသွားတဲ့အခါ...

နှလုံးသားမှာ အမြဲတမ်းသတိရနော်


ကြင်နာခဲ့ဖူးတဲ့ အချိန်အခါများ 


ပြန်လည်ကာရယူဖို့ရာမဖြစ်နိုင်တော့တဲ့အခါ


ရင်ထဲမှာ ပြန်တမ်းတ 

မြင်ယောင်လိုက်ပါ  


ရင်ခုန်သံ နွေးထွေးစွာ 


မှေးအိပ်မပျော်တဲ့ 

မေ့စက်ရာထက်မှာ 


ဝေးသွားတဲ့အခါ...


🎵🎵🎵


Https://www.youtube.com/@thantunlayinde 


ဒီနေ့ခေတ် ချစ်သူရည်းစားတွေ ကြင်စဦးမောင်နှံတွေ

အတော်များများကြုံတွေရတဲ့ ပြဿနာပေါ့


တူနှစ်ကိုယ်ဘဝအတွက်ရှေ့ဆက်ဖို့ ပြည့်စုံစေဖို့

တဒင်္ဂလောက်ခွဲလို့ ရည်ရွယ်အရာအတွက်ကျိုးစားဖြည့်စည်းကြရင်း


ဝေးသွားတော့မှုံပြသွားလို့လားမဆိုနိုင်

ပန်းတိုင်ကိုရောက်ဖို့ ကိုယ်စီလှော်ခတ်နေရင်းက

သံသယနဲ့ရိုက်ချိုးလို့ တက်ကျိုးပဲ့သွားသလိုမျိုး


သူကောကိုယ်ပါ ပန်းတိုင်ပြောက်လို့ 

ရောက်ချင်ရာရောက် အလိုက်သင့်မျောမိသွားကြသည်အထိ


ကိုယ်စီဘဝမှာမပျော်ရွှင်တော့ဘဲ ပတ်ဝန်းကျင်နဲ့

အသိုင်းအဝိုင်းရဲ့ဆွဲခေါ်မှုနောက် ဦးတည်ရာမဲ့ လျှောက်လှမ်းမိကြရင်


ဒီပြဿနာတွေအတွက် ဒီကားလေးကအဖြေချပြထားတယ်


သူတို့အရင်လိုနွေးထွေးမှုနဲ့ မှုံးဝါးနေတဲ့ရည်ရွယ်ရာလေး ပြန်တောက်ပလာစေဖို့

တခုပဲလုပ်ဖို့လိုတာပါတဲ့


"မျက်နှာခြင်းဆိုင် ဆုံတွေ့ကြဖို့ပေါ့"


ဒါရိုက်တာကတော့ ရှီဟဖ် ရှာဟီ (Shihab Shaheen) ဖြစ်ပါတယ်


ဇာတ်ကားကြည့်ရန်

https://t.me/kolayinde1/1280?single


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်


သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး